ကမ္ဘာအချောဆုံးအမျိုးသမီးဟက်ကာ (၅) ယောက်

၁။ အဲဒီနာ ကွတ် (Adeanna Cook)

အဲဒီနာ ကွတ်ဟာ ပထမ က Play boy Model တစ်ယောက်ဖြစ်ပြီး သူမဟက်ကာတစ်ယောက်ဖြစ်လာရတာလည်း Playboy Model တစ်ယောက်ဖြစ်နေတဲ့ အတွက်ဖြစ်ပါတယ်။Playboy model ဖြစ်နေပေမဲ့ သူမရဲ့  ဣနြေ္ဒသိက္ခာရှိသေးတဲ့ အဲဒီနာဟာ သူမရဲ့ အ၀တ်အစားမဲ့ ဓာတ်ပုံတွေ ကို တခြား Websites တွေဆီမှာ ရောက်သွားတဲ့ အခါလိုက်လံ Hack ပြီး ပြန်ယူရင်း ဟက်ကာတစ်ယောက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

၂။ အန်နာ ချက်မန် (Anna Vasilyevna Chapman)

အန်နာ ချက်မန်ဟာ ရုရှားထောက်လှမ်းရေးအဖွဲ့ ရဲ့ လက်အောက်ကနေပြီး အမေရိကန်နိုင်ငံကို စပိုင်လုပ်ုဖိ့ ရောက်လာတဲ့ အမှုနဲ့ နယူးယောက်မှာ အဖမ်းခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။သူမဟာ FBI ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရကတည်းက နာမည်ကြီးသူတစ်ယောက်ဖြစ်လာခဲ့ပြီး သူမရဲ့ ခပ်လန်းလန်းနဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေက အွန်လိုင်းပေါ်မှာ ပျံနှံလာခဲ့ပါတယ်။ဒါအပြင် ၂၀၁၃ ခုနှစ်ဇူလိုင်လမှာလည်း အန်နာဟာ အပ်ဒ်ဝက် စနိုးဒင်ကို လက်ထပ်ဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။

READ
လူစိတ်ကိုဖတ်စေနိုင်မယ့် ဦးနှောက်Scan နည်းပညာကို သိပ္ပံပညာရှင်တွေတီထွင်နေ

၃။ ရင် ခရက်ကာ (Ying Cracker)

ရင်ခရက်ဟာ ရှန်ဟိုင်းမှာနေထိုင်သူတစ်ယောက်ဖြစ်ပြီး လူများကို အခြေခံ ကွန်ပျုတာ ဟက်နည်းအခြေခံများကို သင်ကြားပေးသူတစ်ယောက်လည်းဖြစ်ပါတယ်။ရင်ဟာ အမျိုးသမီးဟက်ကာလောကမှာလည်း လူသိများတဲ့ လူတစ်ယောက်ဖြစ်ပြီး ဟက်ကင်း လုပ်ငန်းနဲ့ တစ်လ၀င်ငွေ တရုတ်ယွမ် ၂ သောင်း (မြန်မာငွေ သိန်း ၄၀ ခန့်)၀င်ငွေ ရှိနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

၎။ ခရစ္စတီနာ စဗက်ချင်ကာယာ (Kristina Svechinskaya)

အမျိုးသမီး ရုရှားဟက်ကာတွေထဲမှာ အချောအလှတွေ များပုံရပြီး အခုလည်း ရုရှား အလန်းစား ဟက်ကာတစ်ယောက်ဖြစ်တဲ့ ခရစ္စတီနာက စာရင်းထဲပါဝင်လာခဲ့ပါတယ်။၂၀၁၀ ခုနှစ်က ခရစ္စတီနာ နဲ့ အပေါင်းအဖော် ဟက်ကာတစ်စုဟာ အမေရိကန် ဘဏ်ကြီး ၂ ခုဖြစ်တဲ့ Bank of America နဲ့  Bank of Wachovia ကိုဖောက်ထွင်းပြီး ဒေါ်လာ ၃ သန်းလောက်ကို ခိုးသွားနိုင်ခဲ့ပါတယ်။ဒီ အမှုတွေရဲ့အကျိုးဆက်ကြောင့် ခရစ္စတီနာဟာ ၂၀၁၃ ခုနှစ်မှာ အဖမ်းခံခဲ့ရပြီး နယူးယောက် တရားရုံးမှ အာမခံဖြင့်လွှတ်ပေးခဲ့ပါတယ်။

READ
လာမည့် ဆယ်စုနှစ်အတွင်း စက်ရုပ်ကျောင်းဆရာတွေ ပေါ်လာနိုင်ဟုဆို

၅။ ရှောင် ရှန် (Xiao Tian)

ကျွန်တော်တို့စာရင်းထဲပါဝင်လာတဲ့ နောက်ထပ်တရုတ်မလေးတစ်ယောက်ကတော့ (China) Girl Security Team” ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ရှန်ဟာ အသက် ၁၈ နှစ်အရွယ်ကတည်းက Hacker အသင်းအဖွဲ့တွေစတင်ဖွဲ့ခဲ့ပါတယ်။သူမဟာ တော်တော်လန်းတဲ့ ဟက်ကာမလေးတစ်ယောက်ဖြစ်ရုံသာမကဘဲ ထူးချွန်ထက်မြက်တဲ့ ဟက်ကာမလေးတစ်ယောက်လည်းဖြစ်ပါတယ်။

Arkar Hein (Shwemom)

Ref : Tech Noti

SHARE