ပရိသတ်တွေ ရွေးချယ်ထားတဲ့ Akshay Kumar ရဲ့ အကောင်းဆုံးရုပ်ရှင်ကား(၄)ကား

Imdb/Padman

Akshay Kumar ဟာ ဘောလိဝုဒ်မှာ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်ယောက်ဖြစ်သလို မြန်မာနိုင်ငံမှာလည်း သူ့ပရိသတ်တွေရှိနေကြမှာပါ။ တစ်ကမ္ဘာလုံးမှာလည်း သူ့ပရိသတ်တွေများစွာနဲ့ပါ။ သဘာဝကျကျ သရုပ်ဆောင်နိုင်တဲ့ ဘောလိဝုဒ်က မင်းသားတွေထဲမှာ Akshay Kumar လည်း တစ်ယောက်အပါအဝင်ပါ။ Rotten Tomatoes လို့ ခေါ်တဲ့ ရုပ်ရှင်အကဲဖြတ်ဝက်ဘ်ဆိုက်မှာ ပရိသတ်တွေ ၀င်ရောက်ရွေးချယ်ထားတဲ့ Akshay Kumar ရဲ့ အကောင်းဆုံး ရုပ်ရှင်ကားတွေပါ။

၁- Special 26  (Rating: 86%)

Special 26 ရုပ်ရှင်ကတော့ အိန္ဒိယနိုင်ငံရဲ့ လာဘ်စားမှုကို ဝေဖန်ထောက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။Neeraj Pandeyဆိုတဲ့ ဒါရိုက်တာတစ်ယောက်ရိုက်ကူးထားတားပါ။ ဒါရိုက်တာ Neeraj Pandey ဟာ Baby နဲ့A Wednesdayဆိုတဲ့ ရုပ်ရှင်ကားတွေကိုလည်း ရိုက်ခဲ့ပါသေးတယ်။ ၁၉၇၀ဝန်းကျင်ကို ဇာတ်အိမ်တည်ထားပြီး ရုပ်ရှင်ကို ရိုက်ကူးထားတာပါ။ ဒီ ရုပ်ရှင်ထဲမှာတော့ ကူမားကို အစိုးရဝန်ထမ်းတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတာကို မြင်တွေ့ရဦးမှာပါ။ ဝင်ခွင့်စာမေးပွဲနဲ့ ပတ်သက်ပြီး လာဘ်စားမှုတွေရှိနေတာကို မီးမောင်းထိုးပြခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ လာဘ်စားထားတဲ့ လူတွေနဲ့ ကူးမားနဲ့ရင်ဆိုင်တွေ့ရတာကို မြင်ရမယ့် ရုပ်ရှင်ဖြစ်ပါတယ်။

 

READ
နေမကောင်းဖြစ်နေတဲ့ ကစ်ကစ်ကို ငွေ (၁၀) သိန်း ပေးလှူခဲ့တဲ့ စမိုင်း

၂- Pad Man (Rating: 76%)

Pad Man ရုပ်ရှင်ကိုတော့ မြန်မာပရိသတ်တွေ အများစု ကြည့်ဖူးကြမှာပါ။ တကယ့်ဖြစ်ရပ်မှန်လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ အိန္ဒိယနိုင်ငံက ရွာတစ်ရွာမှာရှိတဲ့ လူတစ်ယောက်ဟာ အမျိုးသမီးများ ဓမ္မတာလာစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ကြိုးစားထားတဲ့ ရုပ်ရှင်ကားတစ်ကားပါ။ လစဉ်သုံးပစ္စည်းတွေကို ဈေးချိုချိုနဲ့ အရည်အသွေးကောင်းကောင်းထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ရဲ့ ဖြစ်စဉ်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလူရဲ့ ကြိုးစားအားထုတ်မှုဟာ အိန္ဒိယနိုင်ငံက အမျိုးသမီးတော်တော်များများအတွက် ကျန်းမာရေးကို အထောက်အကူဖြစ်စေခဲ့ပါတယ်။

Pad Man ရုပ်ရှင်ဟာ Akshay Kumar ကို လူပိုသိစေလာတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

၃- Jolly LLB 2 (Rating: 64%)

Jolly LLB ရဲ့ အဆက်ရုပ်ရှင်ကားဖြစ်တဲ့ Jolly LLB 2 ရုပ်ရှင်ကားပါ။ ဒီရုပ်ရှင်ထဲမှာAkshay Kumarဟာ Jolly Mishra ဆိုတဲ့  ရှေ့နေတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။

တစ်နေ့မှာတော့ သူ့ရဲ့ လိမ်လည်ခြင်းကို ခံထားရတဲ့ အမှုသည်တစ်ယောက်ဟာ ကိုယ်ကိုယ်ကိုအဆုံးစီရင်မှုဖြစ်ခဲ့ပါတယ်။ အဲဒီ အဆုံးစီရင်မှုဟာ Akshay Kumar အတွက် ရှော့ခ်အကြီးကြီးဖြစ်စေခဲ့တာပါ။ အဲဒီနောက်မှာတော့ ရှေ့နေကြီး Akshay Kumarဟာ အဲဒီအမှုကို အမှန်အတိုင်းပေါ် ပေါက်လာစေဖို့ ကိုင်တွယ်ပါတော့တယ်။ အိန္ဒိယနိုင်ငံရဲ့ အကျင့်ပျက်ရဲဝန်ထမ်းတွေရဲ့ အကြောင်းကို ခပ်ပါးပါးလေး တို့ထိထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

၎- Mission Mangal (Rating: 62%)

READ
Khan (၃)ယောက်ဇာတ်ကား ဖြစ်နိုင်ချေနဲ့ ပတ်သတ်ပြီး Salman Khan ရဲ့ ပြောပြချက်

Mission Mangal ရုပ်ရှင်က အိန္ဒိယနိုင်ငံရဲ့ အာကာသပညာရှင်တွေရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ၂၀၁၉ သြဂုတ်လမှာ ထွက်ထားတာဆိုတော့ ရုပ်ရှင်ဇာတ်ကားအသစ်လို့တောင် ပြောလို့ရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ပထမဆုံး မားဂြိုလ်ပေါ်ကို အာကာသယာဉ် လွှတ်တင်နိုင်မှုကို အကြောင်းကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ။ 

Ye Yint Kyaw

SHARE