ကာတွန်းကားကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ကာတွန်းကား(၅)ကား

မိသားစုအတူတူ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးရခြင်းဟာ အလွန်အဖိုးတန်လှတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ ကိုယ်စီ ကိုယ်ငှ အလုပ်တွေရှုပ်ကြရတဲ့ ယနေ့ခေတ် နေထိုင်မှုစနစ်အရ မိသားစုတူတူဆုံတဲ့ အချိန်လေးတွေဟာ ရွှေထက်အဖိုး တန်ပါတယ်။ ဒီလို ဆုံတောင့်ဆုံခဲတဲ့ အချိန်လေးတွေမှာ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်မှုလေး ရရှိအောင် ပြုလုပ်နိုင်မယ့်နည်းလေးကို အကြံပေးချင်ပါတယ်။

အခုလိုအေးစိမ့်တဲ့ ရာသီလေးနဲ့ဆိုရင်တော့ ကိုယ့်ရဲ့သားသားမီးမီးလေးတွေ၊ မောင်လေးညီမလေးတွေနဲ့အတူတူ အိမ်မှာ ကွေးရင်းနဲ့ TV ကြည့်တာက ပိုသင့်တော်ပါလိမ့်မယ်။ ကိုယ့်မိသားစုနဲ့အတူ အဓိပ္ပာယ်ရှိတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို ကြည့်ရှုရခြင်းကလည်း ပျော်မွေ့ဖွယ်အချိန်တစ်ခု၊ အမှတ်ရစရာတစ်ခုအဖြစ် ဖန်တီးပေးနိုင်ပါတယ်။ ဒီအခါမှာ ဘယ်လိုဇာတ်ကားလေးတွေ ကြည့်ရှုဖို့ အဆင်ပြေမလည်းဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ မိသားစုလိုက် ကြည့်ရှုဖို့ သင့်တော်တဲ့ ဇာတ်ကားလေးတွေကို ရွေးချယ်မယ်ဆိုရင်တော့ ဒစ်စနေ (Disney)ကာတွန်းဇာတ်ကားလေးများကိုပဲ ညွှန်းရပါလိမ့်မယ်။

မိသားစုလိုက် ကြည့်ရှုဖို့ ဒစ်စနေကာတွန်းကားလေးတွေကို ရွေးချယ်သင့်တဲ့အကြောင်းကတော့ ထိုဒစ်စနေကာတွန်း ကားလေးများဟာ ကာတွန်းဆိုတာထက်ပိုတဲ့ အဓိပ္ပာယ်နဲ့ ရသတွေကို အစဉ်အမြဲ ပေးစွမ်းနိုင်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ နူးညံ့တဲ့ချစ်ခြင်းမေတ္တာ၊ ကိုယ်ကျင့်တရားနဲ့ အားမလျှော့တဲ့ မျှော်လင့်ချက်စတဲ့ အဓိပ္ပာယ်တွေ ဒစ်စနေကာတွန်းကားတွေ ထဲမှာ ရောပြွန်းပါဝင်နေပါတယ်။ ရုပ်ရှင်ဇာတ်ကောင်များဟာ ကြည့်ရှုသူ ပရိသတ်များအပေါ် လွှမ်းမိုးမှု အလွန်တရာမှ ကြီးမားပါတယ်။ ဒါကြောင့် မိသားစုဆုံချိန်လေးတွေမှာ ဒစ်စနေကာတွန်းလေးတွေကို အတူတကွ ကြည့်ရှုခြင်းအားဖြင့် ကလေးငယ်များနဲ့ ဆယ်ကျော်သက်ရွယ်များအတွက် ကောင်းမွန်တဲ့ အတုယူစရာများ၊ စိတ်ဓာတ်များ ကူးစက်ဝင်ရောက်နိုင် လို့ သားသားမီးမီးလေးတွေနဲ့ မောင်ညီမလေးတွေအတွက် တစ်ဖက်တစ်လမ်းက သင်ကြားမှုပုံစံတစ်ခုအသွင် ဆောင်စေပါတယ်။ ဒါဟာ လူငယ်လေးတွေအတွက် တစ်ရက်စာ သင်ကြားမှုတင် မဟုတ်ဘဲ တစ်ဘ၀စာ သင်ခန်းစာ ရရှိစေမယ့် အကျိုးကျေးဇူး ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေတင်မက လူကြီးတွေအတွက်ပါ အသိတရားတစ်ခုခု ရသွားစေနိုင်ပြီး မိသားစုတူတူ ကြည့်ရှုနိုင်မယ့် ဒစ်စနေဇာတ်ကားကောင်းလေး ငါးကားကို ဖော်ပြပေးလိုက်ပါတယ်။

READ
ပျော်စရာပွဲတိုင်းမှာ "သူ"မပါရင်မဖြစ်တဲ့ Coca-Cola ရဲ့ပျော်စရာအခိုက်အတန့်များ

Frozen

ဒီဇာတ်ကားလေးကတော့ မီးမီးလေးတွေရှိတဲ့ မိသားစုတွေ တူတူကြည့်ရှုနိုင်မယ့် ကာတွန်းဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ အယ်လ်ဆာနဲ့ အန်နာတို့ ညီအစ်မနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို တွေ့ရမှာဖြစ်ပြီး ဘယ်လောက်ပဲ အမှားတွေလုပ်မိပါစေ၊ သွေးသားအချင်းချင်း ဖေးမကူညီပြီး ကောင်းမွန်တဲ့အနေအထား ရောက်ရှိလာအောင် လက်တွဲခေါ်ရမယ်ဆိုတဲ့ အသိအမြင်လေး ရရှိစေနိုင်ပါတယ်။

UP (2009)

ငယ်စဉ်တည်းက ထားရှိခဲ့တဲ့ ရည်မှန်းချက်တစ်ခုကို ဘယ်အသက်အရွယ်ပဲ ရောက်နေပါစေ၊ လက်မလွှတ်ဘဲ ကြိုးစားသင့် တဲ့အကြောင်းနဲ့ ချစ်ခြင်းမေတ္တာ၊ သစ္စာတရားတွေကို တန်ဖိုးထားပြီး ရည်ရွယ်ချက် အောင်မြင်ဖို့ မဆုတ်မနစ်ဘဲ စွန့်စား လုပ်ဆောင်သင့်ကြောင်း ပြသပေးတဲ့ ကာတွန်းဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ တီထွင်စိတ်ကူးနိုင်တဲ့ ဥာဏ်ရည်နဲ့ စွန့်စားခြင်းတွေကို ကလေးတွေအတွက် အဓိက လှုံ့ဆော်ပေးနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်။

Big Hero 6

စက်ရုပ်တွေ၊ တီထွင်ဆန်းသစ်မှုတွေနဲ့ သိပ္ပံဇာတ်ကားတွေကို နှစ်ခြိုက်တဲ့ သားသား၊မီးမီးလေးတွေအတွက် ရွေးချယ်သင့် တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ၀၀ဖောင်းဖောင်း ချစ်စရာစက်ရုပ်ကလေး Baymaxနဲ့ ဇာတ်လိုက်ကျော်လေး ဟီရိုတို့ကြားက သံယောဇဉ်ကို နက်နက်ရှိုင်းရှိုင်း ခံစားရမယ့် ဇာတ်လမ်းလေးဖြစ်ပြီး အသင်းအဖွဲ့စိတ်ဓာတ်နဲ့ လုပ်ဆောင် ခြင်းဟာ အောင်နိုင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို သင်ကြားပေးမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။

READ
အမေ့လက်ရာက အကောင်းဆုံးဖြစ်နေရတဲ့ လျှို့ဝှက်ချက်

Wall-E

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နည်းပညာရဲ့သားကောင်တွေ ဖြစ်သွားနိုင်မယ့် အန္တရာယ်ကို မီးမောင်းထိုးပြထား တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာမြေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ သစ်ပင်ပန်းမာန်တွေကို တန်ဖိုး ထား ချစ်ခင်တတ်ဖို့ ကလေးငယ်တွေနဲ့ လူငယ်တွေမှာ အသိစိတ်ဝင်သွားစေမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။

Toy Story

Andy လို့ခေါ်တဲ့ ကောင်ကလေးရဲ့ ကစားစရာအရုပ်ကလေးတွေက အသက်ဝင်လာပြီး သခင်ရဲ့အချစ်ကို လုပြီး တိုက်ပွဲဝင်ကြတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ကောင်ကလေးရဲ့ အကြိုက်ဆုံးအရုပ်ဖြစ်တဲ့ Woodyဟာ အရုပ်အသစ် Buzz light year ရောက်လာတဲ့အခါမှာတော့ ချောင်ထိုးခံလိုက်ရပါတယ်။ အဲ့ဒီ့အချိန်မှာပဲ Andyတို့မိသားစုဟာ နေရာ အသစ်ကို ပြောင်းရွှေ့တော့မယ်လို့ ကြုံလာရတဲ့အခါ ထိုအရုပ်ကလေးတွေ ပျောက်ဆုံးသွားပါတော့တယ်။ ကလေးတွေရဲ့ စိတ်ကူးတစ်ခုဖြစ်တဲ့ လူတွေမရှိချိန်မှာ အရုပ်တွေဟာ အသက်ဝင်လာနိုင်မလားဆိုတဲ့ အတွေးလေးကို အခြေခံပြီး ချစ်စဖွယ် ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။

ဒီလိုဇာတ်ကားလေးတွေကို မိသားစုနဲ့ တူတူကြည့်ရှုချင်တယ်ဆိုရင်တော့ iflix မှာ ကြည့်ရှုလို့ ရပါတယ်နော်။ အခုမှစသုံး မယ့် user တွေအတွက်ကတော့ ဒီနေရာကို နှိပ်ပြီး sign up ပြုလုပ်ကာ ကြည့်ရှုနိုင်ပါတယ်။ လက်ရှိ user တွေ အတွက်ကတော့ ဒီလိုဒစ်စနေဇာတ်ကားလေးတွေကို အကန့်အသတ်မရှိ ကြည့်ရှုနိုင်ဖို့ ဒီနေရာကို နှိပ်လိုက်ပါ။ မိသားစုအားလုံးပဲ မိမိတို့ရဲ့ သားသား၊မီးမီးလေးတွေနဲ့ ပျော်ရွှင်စရာ အချိန်ကာလလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

Sponsored by iflix

SHARE