ဦးနှောက်ဥာဏ်ရည် တိုးတက်စေမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်း( ၇) ခု

Image:freepik.com

စာလေ့လာတဲ့ အခါမှာ ဦးနှောက် မှတ်ဥာဏ် စွမ်းအားတွေ က အရင် လောက် မကောင်း တော့ တာ မျိုး၊ မကြာခဏေ မ့တတ်လာတာ၊တစ်ခုခုကို သိတော့ သိတယ် ရုတ်တရက်ဆို နာမည် မေ့ သွားတာ မျိုးတွေ ကြုံ နေရပြီဆိုရင်တော့ ဒီလို လေ့ကျင့်ခန်းလေးတွေကို လုပ်ဖို့ အကြံ ပေးချင်ပါတယ်။ဦး နှောက်ဥာဏ်ရည် ကို တိုးတက် လာအောင် လေ့ကျင့် ခန်းလေးတွေ လုပ်ပေးတာမျိုးကလည်း အသက်ကြီးလာရင် အယ်လ်ဇိုင်းမား ဖြစ်တာ မျိုးတွေကိုလည်း ကာကွယ် ပေးရာ ရောက် ပါတယ်။ဒီလေ့ကျင့်ခန်းတွေ အ ကြောင်းကိုတော့ Brightside မှာေ ဖ်ာပြထားတာပါ။

စာကို အသံထွက်ဖတ်ပါ

Image:freepik.com

စိတ်ထဲက နေ ဖတ်တာမျိုး မလုပ်ပဲ နဲ့ တစ်ခါ တ လေကျရင် စာအုပ် ဖတ်တဲ့ အခါမှာ အသံ ထွက် ဖတ် ပေးပါ။ စာကိုအ သံ ထွက်ဖတ်တာ က ဦးနှောက်ထဲမှာ ပိုမှတ်မိ စေပါတယ်။ဒီလေ့ကျင့်ခန်းကို တော့ ငယ်ငယ်က လုပ်ဖူးမှာပါ။စာကျက်ရင် အသံ ထွက်ကျက်တာ၊ အော်ကျက်တာ မျိုးက ဦးနှောက် အတွက် လေ့ကျင့်ခန်းတစ်ခုပါ။

ဥာဏ်စမ်းလေးတွေဖြေ

ဒါကလည်း မှတ်ဥာဏ်အားကောင်းစေတဲ့ အ ထိ ရောက် ဆုံးအရာပါ။ဥာဏ် စမ်းလေးတွေ ဖြေတာ ၊စာလုံးဆက်တာ၊တခြား ဦးနှောက်သုံး ဖြေရှင်းရတဲ့ အရာ လေးတွေ ကို လုပ်ပေးတာမျိုးက ဥာဏ် ကောင်းစေတဲ့ ဦး နှောက် လေ့ကျင့်ခန်းတစ်မျိုးပါ။

READ
သင်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ရင် ဒီအချက်တွေကိုလိုက်နာဖို့လိုတယ်

သန်တဲ့ လက်နဲ့ မဟုတ်ပဲ မသန်တဲ့ လက်ကို လည်း သုံးပေးပါ

Image:freepik.com/yanalya

ဘယ်သန်ပဲ ဖြစ်ဖြစ်၊ညာသန်ပဲ ဖြစ်ဖြစ် တစ်ခုခုလုပ်တဲ့ အခါမှာ ကိုယ်သန်တဲ့ လက်ကိုပဲ အသုံးပြု လေ့ရှိကြပါတယ်။ ဒါပေမယ့် ဦးနှောက် စွမ်းရည် အတွက် လေ့ကျင့်ခန်း တစ်ခု အ နေနဲ့ ဆိုရင်တော့ တစ်ခါ တလေ ကျရင် ကိုယ်မ သန်တဲ့ လက်ကို အသုံးပြု ပေးပါ။ဥပမာ- သွားတိုက်တဲ့ အခါ မျိုးတွေမှာ ညာသန် ဆိုရင် ဘယ်လက်နဲ့ ပြောင်းတိုက် တာ၊ဘယ်သန်ဆိုရင် ညာလက်နဲ့ ပြောင်းတိုက်တာ မျိုးတွေလုပ် ပေးပါ။ လုပ် ခါ စ ဆိုရင် ခက်ပါလိမ့်မယ်။ဒါကလည်း ဦး နှောက် အတွက် လေ့ကျင့်ခန်းတစ်မျိုးပါ။

တူနဲ့စားပါ

Image:freepik.com/vershinin89

တူနဲ့ စားတာ က လက်ချောင်းက အာရုံ ကြောဆဲလ် နေရာတွေ ကို အာရုံစိုက် ပေးရ ပြီး ဦး နှောက်ကို လှုံ့ ဆော်သလို ဖြစ်သွားစေပါတယ်။ဒါကြောင့်တူနဲ့စားခြင်းက ဦးနှောက် အတွက် တင်မဟုတ်ပဲ အစာချေ စနစ် အတွက် ပါ ကောင်းစေပါတယ်။ဝိတ်ကျချင်သူ တွေ ဆိုရင် တူနဲ့ စားသင့်ပါတယ်။

မနက်ခင်းမှာ ထူခြားတဲ့ အနံ့ တွေနဲ့ နိုးထပါ

ပုံမှန်ဆိုရင် မနက်ကို ကော်ဖီတစ်ခွက်ရဲ့ အနံ့ နဲ့ နိုးထ တာ မျိုး တွေ က များပါတယ်။ပုံ မှန် မဟုတ်တဲ့ ထူးခြားတဲ့ အနံ့ တွေကို ရှုပြီး နိုးထခြင်းကလည်း ဦးနှောက်လေ့ကျင့်ခန်း တစ်မျိုးပါ။ Keep Your Brain Alive: 83 Neurobic Exercises ဆိုတဲ့ စာအုပ် ထဲမှာ ဒီအ ကြောင်းကို ဖော်ပြထားတာပါ။ပန်းအနံ့ပဲ ဖြစ်ဖြစ် တခြား ထူးခြားတဲ့ အနံ့ မျိုးပဲ ဖြစ်ဖြစ် ရှုပြီး မနက်ခင်းကို နိုးထ ကြည့်ပါ။

READ
ခြံရှိတဲ့သူတွေအတွက် အပန်းဖြေဖို့အရမ်းကောင်းတဲ့အိုင်ဒီယာ

လက်မကို အပြင်ထုတ်ပြီး လက်သီးဆုပ်ပါ

Image:freepik.com

ဒီလေ့ကျင့်ခန်းက တော့ အချိန် မရွေး နေရာ မ ရွေးလုပ်လို့ရတဲ့အ လွယ် ဆုံး နည်း လမ်းပါ။မေ့တတ်လာတဲ့ လူကြီးမိဘ တွေရှိရင်လည်း ဒီလေ့ကျင့်ခန်း လေးကို လုပ်ခိုင်း ကြည့်ပါ။ ညာဖက်လက် ကို လက်မ ထုပ်ပြီး လက်သီးဆုပ် ကြည့်ခြင်းက မှတ်ဥာဏ် ဖွဲ့ စည်း မှုတွေ အ တွက် ကောင်းစေတယ်လို့ အ မေရိကန် စိတ်ပညာရှင်ေ တွ က ပြောဖူးပါတယ်။ညာဖက်လက်ကို လက်မ ထုတ်ပြီး စက္ကန့်(၉၀)လောက် လက်သီးဆုပ်ထားလိုက်ရုံပါပဲ။

လူ တွေကို ကြည့်ရင်း ဦးနှောက် လေ့ကျင့်ခန်းလုပ်

Image:freepik.com

ဒါကလည်း အလွယ်ဆုံး ဦးနှောက် လေ့ကျင့်ခန်းတစ်မျိုးပါ။လူတစ်ယောက်ကို ကြည့်ရင် အရင်ကလို အမှုမဲ့ အမှတ်မဲ့ မဟုတ်ပဲ အဲ့ဒီလူမှာရှိတဲ့ အ သေးစိတ် အရာလေးခုကို သတိထား ကြည့် ပါ။ဥပမာ- ဆံပင် အရောင်၊ဖိနပ်၊အိတ်၊ အပြုံး..အစရှိတဲ့ အရာ လေးခုကို မှတ်မိ အောင် သတိထားပြီး ကြည့် ပေးပါ။

#SHWEMOM

SHARE