အသက်မပြည့်သူတွေကိုပြည့်တန်ဆာလုပ်ခိုင်းတဲ့ကလပ်တွေနဲ့ထိပ်တန်းအိုင်ဒေါတွေပတ်သတ်နေ

စာရေးဆရာ Joo Won Kyuကတော့ Gangnam ကလပ်တွေမှာ အလုပ်လုပ်ခဲ့တဲ့ ၆လအတွင်း သူ့ရဲ့ အတွေ့အကြုံတွေကို “Made in Gangnam” ဆိုတဲ့ ဝတ္ထုရေးသားပြီး ဖော်ထုတ်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။  Joo Won Kyuကတော့ အကြိုအပို့သမား ၊ call girl တွေကို သွားလိုတဲ့နေရာ လိုက်ပို့ပေးတဲ့ သူတစ်ယောက်အဖြစ် ၆လကြာ အလုပ်လုပ်ပြီး သူ့ရဲ့ စာအုပ်ရေးသားဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့တာဖြစ်ပါတယ်။

Joo Won Kyu ကတော့ Seungri ရဲ့ Burning Sun ကိစ္စက အသေးအမွှားလေးပဲ ရှိသေးတာဖြစ်ပြီး ဒီထက်ပိုဆိုးတာတွေရှိကျန်နေသေးတဲ့ အကြောင်းကိုပြောခဲ့ပါတယ်။ ဒါ့အပြငါအသက်မပြည့်တဲ့သူတွေကို ပြည့်တန်ဆာလုပ်ခိုင်းတဲ့ ကလပ်တွေလည်း အများကြီးရှိတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ call girl တွေထဲမှာတော့ ၇တန်းအရွယ်ကောင်မလေးတွေတောင်ပါတယ်လို့ ပြောခဲ့ပါတယ်။

READ
အားလုံးသိချင်နေတဲ့ အဝိုင်းနှစ်လုံးကိစ္စကို ရှင်းပြလိုက်တဲ့ မိုးယမုံ

ဒါ့အပြင် အဓ္ဓမကျင့်ဖို့အတွက် သုံးတဲ့မူးယစ်ဆေးဝါးတွေကိုလည်း အသုံးပြုပြီး ဆေးသုံးထားတယ်ဆိုတာကို မမိအောင်လုပ်တဲ့ ပရော်ဖက်ရှင်နယ်နည်းလမ်းတွေကိုလည်း အသုံးပြုကြတဲ့အကြောင်းကို ပြောထားပါသေးတယ်။ အချို့သောကလပ်တွေမှာတော့ မဖွယ်မရာတွေပြုလုပ်ပြီး ဗီဒီယိုရိုက်တဲ့ ပွဲတွေတောင်ရှိပြီး အဲလိုပွဲတွေမှာ ပါဝင်တဲ့ မိန်းကလေးတွေကတော့ ဝမ် သန်း ၁၀၀ လောက်ရလေ့ရှိပါတယ်။

Joo Won Kyu ရဲ့ ပြောပုံအရတော့ Seungriလို ထိပ်တန်း အနုပညာရှင်တွေက အဲလို ကလပ်တွေရဲ့ ရှယ်ယာပိုင်ရှင်တွေဖြစ်နေတတ်တယ်လို့လည်း သိရပါတယ်။Joo Won Kyu ကတော့ ဆယ်ကျော်သက် အိမ်ပြေးလေးတွေနဲ့ တွေ့ပြီးနောက်မှာ Gangnam ကလပ်တွေအကြောင်းကို စတင်ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီ ဆယ်ကျော်သက်လေးတွေက Gangnamက ကလပ်တွေမှာ အလုပ်လုပ်ချင်တဲ့အကြောင်းကို ပြောခဲ့တာကြောင့် Joo Won Kyu က ဘာကြောင့်လဲဆိုတဲ့အဖြေကို ရှာဖွေခဲ့တာဖြစ်ပါတယ်။ ကောင်မလေးတွေက တစ်လမှာ ဝမ် ၅သန်းကနေ ၁၀ သန်းလောက်အထိ ရှာချင်ကြပြီး ကောင်လေးတွေကတော့ ပြည့်တန်ဆာရှာပေးတဲ့သူဖြစ်ချင်ကြတယ်လို့ Joo Won Kyu က ပြောပြခဲ့ပါတယ်။

READ
မိန်းမလိုချင်​ပါတယ်​လို့ ဆိုလာတဲ့ ဂျက်​စတင်​ဘီဘာ

“Gangnam ရဲ့ ညဘက်ကတော့ လူတွေ တွေးထားတာထက်တောင်မှ ပိုဆိုးပါတယ်။ Burning Sun ကနေတစ်ဆင့် လူမှုပတ်ဝန်းကျင်က တရားမမျှတမှုတွေကို ဖော်ထုတ်နိုင်ဖို့မျှော်လင့်တယ်” လို့ Joo Won Kyu က ပြောပြခဲ့ပါတယ်။

Sourcce:Koreaboo

SHARE