မနက်တိုင်း လီမွန်သီးရေနွေးစိမ်ရည်သောက်ခြင်းက သွားကို ပျက်စီးစေကြောင်း သိရ

pexels/Olenka Sergienko

လန်ဒန်က ထိပ်တန်းသွားဆရာဝန်တစ်ယောက်ဟာ ရေရှည်မှာ သွားကို ပျက်စီးစေတဲ့ အပြုအမူတွေအကြောင်း ဖော်ပြခဲ့ပါတယ်။ တစ်ခါတစ်လေမှာ လူတွေဟာ မထင်မှတ်ပဲ မိမိသွားကို ပျက်စီးစေတဲ့ အလေ့အကျင့်တွေကို လုပ်တတ်ပါတယ်။ ဥပမာဆိုရင် ကျန်းမာရေးနဲ့ပတ်သက်လို့ အထူးအလေးထားတဲ့ ဆယ်လီတွေဖြစ်တဲ့ ဗစ်တိုးရီယားဘက်ခမ်းနဲ့ ဂွင်းနစ်သ်ပက်ထရိုးတို့ကို အားကျပြီး သူတို့ကို အတုယူကာ လိုက်လုပ်တာမျိုးပါ။

အဆီကျချင်လို့ဆိုပြီး မနက်တိုင်း ရေနွေးပူပူထဲကို လီမွန်သီးညှစ်ထည့်သောက်တာဟာ သွားတွေအတွက် ရေရှည်မှာ အဆင်မပြေပါဘူး။ ဒီလိုအပြုအမူဟာ သက်လတ်ပိုင်းအမျိုးသမီးအရွယ်တွေ ကြုံတွေ့ရတတ်တဲ့ သွားရောဂါနဲ့ သွားကြွေလွှာပျက်စီးမှုတွေထဲ အတွေ့ရအများဆုံး အပြုအမူလို့ လန်ဒန် Advanced Dental Practice က ဆရာဝန်တစ်ဦးက ဆိုပါတယ်။

pexels/Julia Zolotova

“ကျွန်တော်တို့ အခု အများဆုံးကုနေရတာက စစ်ထရစ်အက်ဆစ်ကြောင့် သွားပျက်စီးလို့လာကုတဲ့ အသက် (၅၀) နဲ့ (၆၀) ၀န်းကျင် အမျိုးသမီးတွေပါ။ လူတွေထင်ကြတာက ရေနွေးပူနဲ့ လီမွန်သီးဖျော်ထားတဲ့ အရည်ကို မနက်စောစော လက်ဖက်ရည်၊ ကော်ဖီနေရာမှာ အစားထိုးသောက်ရင် လူကို ပိုပြီးကျန်းမာစေတယ်။ သန့်ရှင်း လန်းဆန်းစေတယ်လို့ ယူဆကြတယ်။ ဒါပေမယ့် သွားနေရာကနေ ကြည့်မယ်ဆိုရင်တော့ မနက်တိုင်း လီမွန်သီးရေနွေးရည်သောက်တဲ့အခါ လက်ဖက်ရည်၊ကော်ဖီတွေသောက်တာထက် သွားကို ပိုဒုက္ခဖြစ်စေပါတယ်…”

READ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းကို ဘယ်လိုရယူမလဲ

ဒါ့အပြင် မနက်မိုးလင်းလင်းချင်းမှာ ချိုတဲ့ အသီးတွေကိုလည်း မစားသင်ဘူးလို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ သစ်သီးတွေမှာ သကြားဓာတ်ပါဝင်နှုန်းများတဲ့အတွက် သွားကို ပျက်စီးစေတာကြောင့် ဖြစ်ပါတယ်။ ဒါတက်မကသေးပါဘူး။ မိုးလင်းပြီဆိုတာနဲ့ Vape သောက်တာ၊ အချိုရည်သောက်တာတွေကလည်း သွားကို မြန်မြန်ဆန်ဆန် ပျက်စီးစေတယ်လို့ သိရပါတယ်။

pexels/Trang Doan

နောက်ပြီးတော့ သတိထားရမှာက ဘောပင်ကို သွားနဲ့ ကိုက်တာမျိုး မလုပ်သင့်တဲ့အပြင် သွားကို ခပ်ကြမ်းကြမ်းဖိတိုက်တာမျိုးတွေဆိုရင်တောင် သွားနဲ့သွားဖုံးတွေဟာ ပျက်စီးနိုင်ပါတယ်။ ဆရာဝန်တွေကတော့ တကယ်လို့ သင်ဟာ ဆေးလိပ်သောက်တတ်သူတစ်ဦးမဟုတ်တဲ့အပြင် သွားလည်း နှစ်ကြိမ်တိုက်တယ်ဆိုရင်တောင်မှ လီမွန်တီးကို မနက်တိုင်းသောက်သူဖြစ်ရင် သွားတွေ ပျက်စီးနိုင်ခြေများကြောင်းလည်း ဆရာဝန်တွေက ပြောပြခဲ့တာကိုလည်း ladbible သတင်းမှာ တွေ့မြင်ရပါတယ်။

လင်းလင်း (ShweMom)

SHARE