အသားအရည်ကို ပိုပြီး အိုမင်းရင့်ရော်မြန်စေတဲ့ အစားအသောက်(၈) မျိုး

နေရောင်ခြည်နဲ့ ထိတွေ့ခြင်း၊ စိတ်ဖိစီးမှုနဲ့ ဆေးလိပ်သောက်ခြင်းတို့ဟာ အသားအရည်ကို လျင်မြန်စွာ ပျက်စီးလွယ်စေပါတယ်။ ထို့အတူ အစားအသောက် ရွေးချယ်စားသောက်ပုံကလည်း အသားအရည်အတွက် အများကြီး စကားပြောပါတယ်။ အာဟာရပညာရှင်တစ်ဦးဖြစ်တဲ့ ပက်ထရိုနယ်လာ ရာဗန်ရှီးယားကတော့ အရေပြားရဲ့ နုနယ်ပျိုမြစ်တဲ့ အစွမ်းသတ္တိတွေကို ဆုတ်ယုတ်သွားနိုင်တဲ့ အစားအသောက်(၈) မျိုးကို ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် မူလရှိရင်းစွဲအသက်ထက် နုနယ်ပျိုမြစ်တဲ့ အဆင်းနဲ့ ပြည့်စုံချင်တယ်ဆိုရင်တော့ ဖော်ပြထားတဲ့ အစားအသောက်တွေကို ရှောင်ရှားသင့်ပါတယ်။

သကြား

အိုမင်းရင့်ရော်တဲ့ဖြစ်စဉ်ကို နှေးကွေးစေဖို့ အဓိကရှောင်ရမယ့် အစားအသောက်ကတော့ သကြားပဲ ဖြစ်ပါတယ်။ သကြားဟာ လူကို ပါးရည်တွန့်လွယ်စေပြီး ကော်လာဂျင်နဲ့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုရှိပါတယ်။ အရေပြားရဲ့ ချုံ့ချဲ့နိုင်စွမ်းကို လျော့ကျစေတဲ့အပြင် လူကိုလည်း ရေငတ်စေပါတယ်။

အာလူးနဲ့ ဂျုံများ

အာလူးနဲ့ ဂျုံမုန့်တွေဟာ စားသုံးလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်တွေအဖြစ် ပြိုကွဲပါတယ်။ သူတို့ ပြိုကွဲတဲ့အခါမှာလည်း ခန္ဓာကိုယ်ထဲက အဖိုးတန်သတ္တုဓာတ်အများအပြားကို ယူသုံးပြီးမှ ပြိုကွဲတာ ဖြစ်ပါတယ်။ ဥပမာ အသားအရည်ကျန်းမာရေးအတွက် အဓိကအရေးပါတဲ့ ဇင့်ဓာတ်လို သတ္တုမျိုးကို သူတို့က ယူသုံးလိုက်ပြီး ခန္ဓာကိုယ်ကိုတော့ အဖိုးမတန်တဲ့ ကယ်လိုရီတွေကိုသာ ပြန်ပေးပါတယ်။

READ
အရက်သောက်ခြင်းက စိတ်ညစ်စရာတွေကို မေ့မသွားစေတဲ့အပြင် ပိုအမှတ်ရစေ

အယ်လ်ကိုဟော

အယ်လ်ကိုဟောက ရေဓာတ်ကို ခန်းခြောက်စေပါတယ်။ ဗီတာမင် အေ၊ဘီ၊ စီ အပါအ၀င် ကျန်းမာရေးနဲ့ အရေပြားအတွက် အရေးပါတဲ့ အာဟာရဓာတ်အကုန်လုံးကို သူက တိုက်ယူပါတယ်။ အယ်လ်ကိုဟော အလွန်အကျွံသောက်သုံးတဲ့အခါ မဂ္ဂနီဆီယမ်၊ဇင့် နဲ့ ဖက်တီအက်ဆစ်လို သတ္တုဓာတ်တွေ ခြောက်ခမ်းကုန်ပါတယ်။

ဟင်းရွက်ဆီပါဝင်တဲ့ အစားအသောက်များ

စင်ပေါ်မှာ တာရှည်ခံပြီး ထားနိုင်တဲ့ အစားအသောက်တွေမှာ မကောင်းတဲ့ အဆီပိုတွေ ရှိတတ်ပါတယ်။ ဥပမာ ဘီစကစ်၊ ဆီကြော်တွေနဲ့ အမြန်စာတွေမှာ ဟင်းရွက်ဆီတွေ ပါဝင်တတ်ပါတယ်။ ၄င်းအဆီတွေဟာ ဆဲလ်တွေရဲ့ လည်ပတ်မှုကို နှေးကွေးစေပြီး အသည်းကို ၀န်ပိစေပါတယ်။

pexels

တာရှည်ခံအောင် စီမံထားတဲ့ အသားများ

ဆီသွတ်ဘူးတွေနဲ့ တာရှည်ခံအောင် စီမံထားတဲ့ အသားတွေ ဥပမာ အကင်တွေမှာ ဆားဓာတ်များစွာ ပါဝင်ပါတယ်။ ဆီသွတ်ဘူးတွေကို တာရှည်ခံဖို့အတွက် အသုံးပြုတဲ့ ထည့်ဝင်ပစ္စည်းတွေဟာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို ဖြစ်ပေါ်စေဖို့ တွန်းအားပေးပါတယ်။

READ
တစ်နေ့ဆေးလိပ်(၄၀)သောက်တယ်ဆိုတဲ့ ကလေးငယ် ဆေးလိပ်ပြတ်

အချိုတုများ

အချိုဓာတ်ရဖို့ သကြားအစားထိုးသုံးရတဲ့ အချိုတုတွေဟာလည်း အသည်းကို အဆိပ်အတောက်ဖြစ်စေပါတယ်။ အသက်အရွယ်အိုမင်းမြန်တာကို လျော့ချဖို့အတွက် အသည်းဟာ အများကြီးအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်တာကြောင့် အချိုတုတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

pexels

ကဖင်းဓာတ်

လူအများစုဟာ ကော်ဖီကြိုက်ကြပါတယ်။ ကော်ဖီကို သင့်တော်ရုံလောက် သောက်သုံးတာက ပြဿနာမရှိပေမယ့် ကော်ဖီဟာ ခန္ဓာကိုယ်ထဲက ရေဓာတ်တွေကို ခန်းခြောက်စေနိုင်တယ်ဆိုတာတော့ သတိချပ်သင့်ပါတယ်။ ဒါကြောင့် ကော်ဖီတစ်ခွက်သောက်ပြီးတိုင်း ရေတဖန်ခွက်သောက်ပြီး ရေဓာတ်ကို ပြန်လည် ထိန်းသိမ်းပေးသင့်ပါတယ်။

နို့နဲ့ ချိစ်

နို့နဲ့ ချိစ်တွေထဲမှာပါဝင်တဲ့ နို့ပရိုတိန်းတွေဟာ ၀မ်းချုပ်စေတဲ့အပြင် ၀က်ခြံနဲ့ နှင်းခူတွေကို ဖြစ်လွယ်စေပါတယ်။ ဒါ့အပြင် ၄င်းပရိုတိန်းဟာ ခန္ဓာကိုယ်ကိုလည်း ရောင်ရမ်းလွယ်စေတာဖြစ်လို့ ပမာဏအများကြီး စားသုံးဖို့ မသင့်တော်တဲ့ အစားအသောက်ထဲမှာ ပါဝင်ပါတယ်။

လင်းလင်း (ShweMom)

Ref: getthegloss

SHARE