Yoo In-na အကြောင်း သိထားသင့်တဲ့ အချက် (၆) ချက်

ပုရိသတွေ ကြားမှာ မိန်းကလေးပရိသတ်တွေကြားမှာ ပါ အရမ်းကို နာမည်ကြီးနေတဲ့ ဆယ်လီ မမ တစ်ယောက်  အကြောင်းကို ဖော်ပြပေးချင်ပါတယ်။လှပပြီး စွဲဆောင်မှုအပြည့်ရှိတဲ့ မမ Yoo In-na ရဲ့ အကြောင်းပါ။Yoo In-na  ကတော့ ကိုရီးယားမင်းသမီး DJ တစ်ယောက်ပါ။ဇာတ်ပို့ သရုပ်ဆောင်ဘ၀ကနေ အောင်မြင်တဲ့ မင်းသမီး တစ်ယောက် ဖြစ်လာခဲ့သူပါ။

Image – pinterest

(၁)သူမရဲ့ မွေးနေ့နဲ့ ဘ၀ အကြောင်း

Image – pinterest

Yoo In-na ကိုတော့ (၁၉၈၂)ခုနှစ် ဇွန်လ (၅)ရက်နေ့မှာ မေဖွးဖွားခဲ့တာပါ။ တောင်ကိုရီးယားနို်င်ငံ Seongnam မြို့မှာ မွေးဖွားခဲ့တာပါ။အသက်ကတော့ (၃၇)နှစ်ပါ။ရာသီခွင် ကတော့ Gemini   ပါ။အရပ်အမြင့်ကတော့ (၅) ပေ (၅) လက်မပါ။

(၂)ငယ်ငယ်တည်းက အောင်မြင်ဖို့ ကြိုးစားခဲ့

Image – pinterest

သူမရဲ့ အသက် (၁၆)နှစ်သမီးအရွယ်တည်းက အောင်မြင်မှု လမ်းကြောင်းကို ရှာဖို့ ကြိုးစားခဲ့တာပါ။Yoo In-na  က အေဂျင်စီတစ်ခု နဲ့ လက်တွဲပြီး အဆိုတော် တစ်ယောက် ဖြစ်ဖို့ လေ့ကျင့်ခဲ့ပါတယ်။ဒီလိုနဲ့ပဲ မိန်းကလေး အဖွဲ့ တစ်ဖွဲ့ရဲ့ အဖွဲ့ ၀င်ဖြစ်လုနီးပါး အဆင့်ထိ ရောက်ခဲ့ပါတယ်။(၁၁)နှစ်အကြာမှာတော့ သူမမှာ လက်တွဲ ခဲံတဲ့ အေဂျင်စီက (၅) ခု လောက်ရှိခဲ့ပါတယ်။သူမလည်း နာမည်ကြီးမလာခဲ့ပါဘူး။Idol တစ်ယောက် ဖြစ်ဖို့ ကြိုးစားပေမယ့် ဒီခရီးက ထင် သလောက်မလွယ်ခဲ့ပါဘူး။တစ်နေ့ကို (၈)နာရီ တစ်ပတ်ကို (၆)ရက် လေ့ကျင့်ခဲ့ပေမယ့်လည်း ကြိုးစားမှုက အရာမ ထင် ခဲ့တာမို့ နောက်ဆုံးမှာ Idol ဖြစ်ချင်တဲ့ အိမ်မက်ကို စွန့်လွတ်ခဲ့ပါတယ်။

READ
အမိုက်စား ဆံပင်စတိုင်နဲ့ အပြတ်လန်းနေတဲ့ မိစန္ဒီ

(၃)ဇာတ်ပို့ မင်းသမီးဘ၀နဲ့ အချိန်ကြာကြီး ဖြတ်သန်းခဲ့ရ

Image – pinterest

တစ်ချို့ လူတွေဆီကိုတော့ အောင်မြင်မှုနဲ့ ကျော်ကြားမှုက အလွယ်တကူရောက်လာတတ်ပေမယ့် တစ်ချို့ အဖို့ တော့ အရမ်းကို ခက်ခဲလွန်းပါတယ်။Idol ဖြစ်ချင်တဲ့ အိမ်မက်ကို စွန့်ပြီးနောက် မင်းသမီး ဖြစ်ချင်တဲ့ အိမ်မက်ကို တကယ် ဖြစ်လာအောင် ကြိုးစားခဲ့ပါတယ်။(၂၀၀၆)မှာ YG နဲ့ လက်တွဲခဲ့ပါတယ်။လက်သာတွဲခဲ့ရပေမယ့် ရှေ့မှာ အရှုံးနဲ့ ရင်ဆိုင်ထားရသူမို့ သူမကိုယ်သူမ ယုံကြည်မှု ကတော့ ပျောက်ဆုံးနေခဲ့ပါတယ်။ဒါပေမယ့် ကံကြမ္မာက သူမကို မျက်နှာ သာ ပေးလာခဲ့ပါတယ်။(၂၀၀၉)ခုနှစ်မှာတော့ High Kick Through the Roof  မှာ ပါဝင် ခွင့်ရခဲ့ပါတယ်။ဒါပေ မယ့် ဇာတ်ပို့ သရုပ်ဆောင်ဘ၀နဲ့ အချိန်ကြာကြီးဖြတ်သန်းခဲ့ရပါတယ်။

(၄)သူမရဲ့ နာမည်ကြီးဇာတ်ပို့ ဇာတ်ကားများ

Image – pinterest

ဇာတ်ပို့ ဘ၀မှာ အကြာကြီးကျင်လည်ခဲ့ရပေမယ့် သူမကျရာဇာတ်ရုပ်ကိုတော့ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ ပါတယ်။ဒါတွေကြောင့်လည်း 2010 drama Secret Garden မှာ ဆုရခဲ့ပါတယ်။Baeksang Arts Awards မှာ  Best New Actress ဆုရခဲ့တာပါ။Hong sisters’ ၊ The Greatest Love ဇာတ်ကားတို့နဲ့ ပရိသတ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။

READ
မသေချာပဲ ဘယ်သူ့ ဘယ်သူ့မှ မနစ်နာစေချင်လို့ပါ လို့ ဆိုလာတဲ့ မျိုးကိုကိုစန်း

(၅)ခေါင်းဆောင်မင်းသမီးဖြစ်ခွင့်ရခဲ့တဲ့ ပထမဆုံး ဇာတ်ကား

Image – pinterest

(၂၀၁၂)မှာတော့ Yoo တစ်ယောက် ခေါင်းဆောင်မင်းသမီးနေရာကို ရခဲ့ပါတယ်။tvN ရဲ့ Queen and I ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ခွင့်ရခဲ့တာပါ။အဲ့ဒီနောက်မှာ You’re the Best, Lee Soon-shin နဲ့ My Love from the Star တို့ မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။(၂၀၁၄)မှာတော့ တရုတ်ရိုမန်တစ်ဇာတ်ကား Wedding Bible မှာ ခေါင်းဆောင်နေရာက ပါဝင်နိုင်ခဲ့ပါတယ်။My Secret Hotel ၊One More Happy Ending ၊Guardian: The Lonely and Great God တို့ မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။Touch Your Heart  ကတော့ သူမကို ပရိသတ် အားပေးမှု အများဆုံး ရ စေခဲ့တဲ့ ဇာတ်ကားဖြစ်ခဲ့ပါတယ်။ဒီကားမှာတော့ Lee Dong-wook နဲ့ အတူတွဲ သရုပ်ဆောင် ခဲ့တာပါ။

(၆)သူမရဲ့ အချစ်ရေး

Image – pinterest

Yoo In-na  ကတော့ ‘Queen In-hyun’s Man’ ဇာတ်ကားထဲက သူမရဲ့တွဲဖက် သရုပ်ဆောင် Ji Hyun-woo နဲ့ တွဲခဲ့ဖူးပါတယ်။(၂၀၁၂)လောက်တုန်းက တွဲခဲ့တာပါ။ဒါပေမယ့် ချစ်သူသက်တမ်း နှစ်နှစ်လောက်ပဲ ကြာမြင့် ခဲ့ပြီး (၂၀၁၄)မှာတော့ နှစ်ယောက်သားလမ်းခွဲ ပြတ်စဲ ခဲ့ပါတယ်။

Image – pinterest

ref ; wiki

SHARE