ထိပ်တန်းဆံပင်ဒီဇိုင်နာတို့ရဲ့ ထူးဆန်းထွေလာပြိုင်ပွဲဝင်ဆံပင်ဒီဇိုင်းများ

နိုင်ငံအချို့မှ ထိပ်တန်းဆံပင်ဒီဇိုင်နာများက ပြိုင်ပွဲတစ်ခုမှာ အနိုင်ရဖို့ ထူးဆန်းထွေလာဆံပင်ပုံစံမျိုးစုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြတော့မှာဖြစ်ပါတယ်။

ယူကေနိုင်ငံ 5 star ရုပ်သံလိုင်းမှာ ထုတ်လွှင့်မယ့် Extreme Hair Wars အမည်ရှိ ဆံပင်ဒီဇိုင်းပြိုင်ပွဲမှာ ဆုများစွာရရှိထားတဲ့ ဆံပင်ဒီဇိုင်နာ Robert Masciave နဲ့ သက်တမ်းရင့်ဆံပင်ဒီဇိုင်နာ Martin Holmes တို့က ဒိုင်အဖြစ်  ဆောင်ရွက်ကြမှာဖြစ်ပြီး ထိပ်တန်းဆံပင်ဒီဇိုင်နာများက ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

တွေ့ရမယ့် အထူးအဆန်းဆံပင်စတိုင်ထဲမှာ ဆံပင်ကို လှောင်အိမ်လို အကွက်တွေ ဖော်ထားကာ မျက်နှာကို ကာထားတဲ့ ပုံစံပင် ပါပါသေးတယ်။ ဆံပင်ကို အောက်မကျအောင် ထိန်းထားဖို့ ဒီဇိုင်နာ တော်တော်များများက ကြက်လှောင်အိမ်ဇကာနဲ့ အခြားပစ္စည်းများစွာကို အသုံးပြုခဲ့ကြပါတယ်။

ပွဲစဉ်အချီတိုင်းမှာ မတူညီတဲ့ ခေါင်းစဉ်တွေနဲ့ ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး လိပ်ပြာတွေ၊ သကြားလုံးတွေ၊ အပ်တွေကဲ့သို့ အခြားအရာများစွာအပါအဝင် တောက်ပနေစေဖို့ အပြာရောင် ကြိုးအရှည်တွေကိုပါ သုံးပြီး ပြိုင်ပွဲဝင်တွေက ယှဉ်ပြိုင်ထားကြတာကို တွေ့ရမှာပါ။

ဆံပင်ကိုသာ တန်ဆာဆင်ကြမှာ မဟုတ်ဘဲ မိတ်ကပ်ရော အဝတ်အစားပါ ထူးခြားစွာ ဝတ်ဆင်ကြပြီး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ၄င်းပြိုင်ပွဲကို လာမယ့် ဇန်နဝါရီလ (၂၅)ရက်နေ့မှစတင်ပြီး ယူကေရုပ်သံလိုင်း 5 star မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

READ
လှေပေါ်မှာ Selfie ဆွဲဖို့ကြိုးစားရင်း လှေမှောက်ခဲ့တဲ့ သူငယ်ချင်း(7)ယောက်ရဲ့ အဖြစ်

White (Shwemom)

Ref: The Sun

SHARE