ကမ္ဘာ့တိုက်ခိုက်ရေးစင်မြင့်ထက်မှာ နာမည်ကျော်နေတဲ့ အာရှသူအမျိုးသမီးတွေ

Twitter

ဒီနေ့ခေတ်မှာတော့ တိုက်ခိုက်ရေးစင်မြင့်တွေမှာ အမျိုးသားတွေတင် ဦးဆောင်ထားတာ မဟုတ်တော့ပါဘူး။ အမျိုးသမီးနဲ့ အမျိုးသားဟာ ခွန်အားခြင်းကွာတယ်၊ စွမ်းဆောင်ရည်ချင်းကွာတယ်ဆိုပေမယ့် အမျိုးသမီးတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဇွဲလုံ့လ ကိုတော့ မေ့ထားလို့ရမယ်မထင်ပါဘူး။

အထူးသဖြင့် လူကောင်သေးသေးနဲ့ ပျော့နွဲ့နွဲ့လို့ ထင်ရတဲ့ အာရှသူအမျိုးသမီးတွေဟာ ONE Championship ရဲ့ နာမည်ကျော် တိုက်ခိုက်ရေးသမားတွေဖြစ်လာခဲ့ပြီး အဲဒီထဲမှာမှ ထိပ်ဆုံးရောက် လူသိများနေကြသူတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

“The Panda” Xiong Jing Nan (တရုတ်)

…………

Xiong Jing Nan ကတော့ တကယ့်ကို အံ့ဖွယ်ပါ။ သူက တိုက်ခိုက်ရေးနဲ့ပတ်သက်လို့ ဘယ်လို အခြေခံမှ မရှိခဲ့ပဲ သူ့ရဲ့နိုင်ငံကို ကိုယ်စားပြုဖို့ပါ စိတ်အားထက်သန်ခဲ့သူပါ။ ဒါပေမယ့် သူမက ကြိုးစားလွန်းသူဖြစ်ပြီး အလေးမ သူ တစ်ယောက်အဖြစ်ကနေ သူမရဲ့ အားကစားသမားဘ၀ကို အစပြုခဲ့ပါတယ်။ အဲဒီနောက်မှာမှ လက်ဝှေ့နဲ့ တိုက်ခိုက်ရေးအတတ်ပညာတွေကို သင်ကြားခဲ့တာဖြစ်ပြီး ကြိုးဝိုင်းထဲ ၀င်ရောက်လာခဲ့သူပါ။

“Unstoppable” Angela Lee (စင်ကာပူ)

ဒီ စင်ကာပူနိုင်ငံသူလေးကတော့ အာရှရဲ့ လူသိအများဆုံး ကြယ်ပွင့်တွေထဲက တစ်ယောက်ပါ။ သူမ က တိုက်ခိုက်ရေးပညာတွေမှာ ဆရာတစ်ဆူ လို့ သတ်မှတ်ခံထားရတာဖြစ်ပြီး ကြိုးဝိုင်းထဲက တိုက်ခိုက်မှုတွေမှာ နာမည်ကြီးသူ တစ်ယောက်ပါ။ သူမ ထိုးသတ်ခဲ့တဲ့ ပွဲစဉ် (၈)ပွဲမှာ ရှုံးပွဲမရှိ အနိုင်ရထားခဲ့ပြီး (၂၀၁၉) အောက်တိုဘာမှာ ထိုးသတ်ခဲ့တဲ့ Xiong Jing Nan နဲ့ ပွဲစဉ်မှာ နောက်ဆုံးအနိုင်ရထားခဲ့တာပါ။ အဲဒီပွဲက နှစ်ယောက်စလုံးအတွက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး (၃၂)မိနစ်ကြာ ထိုးသတ်ခဲ့ရတဲ့ ပွဲစဉ်မှာ Xiong ကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတာပါ။

READ
အမျိုးသမီးတွေ သူတို့ မိခင်အတိုင်းတစ်ပုံစံတည်းဖြစ်သွားချိန်ကို လေ့လာတွေ့ရှိ

Mei “V.V” Yamaguchi (ဂျပန်)

ကြိုးဝိုင်းထဲမှာ V.V လို့ နာမည်ကြီးတဲ့ ယာမာဂူချီ ကတော့ ကလေးဘ၀ကတည်းက ဂျပန်ကနေ တိုကျိုကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ တိုက်ခိုက်ရေးသမားအဖြစ် ဂျပန်နိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်နေသူပါ။ သူမ က စင်ကာပူရဲ့ နာမည်ကျော် Angela Lee နဲ့ နှစ်ကြိမ် တွေ့ဆုံခဲ့ဖူးပြီး နှစ်ကြိမ်စလုံး အရှုံးပေးခဲ့ရဖူးသူပါ။ ဒါပေမယ့်လည်း သူမ က အာရှရဲ့ နာမည်ကျော်တွေထဲက တစ်ယောက်အဖြစ် ပါဝင်နေဆဲဖြစ်ပြီး တိုက်ခိုက်ရေးလောက ရဲ့ အမျိုးသမီးတွေထဲမှာ ထိပ်ပိုင်းက ရပ်တည်နေသူပါ။

Stamp Fairtex (ထိုင်း)

One Championship ရဲ့ သမိုင်းတစ်လျှောက် မတူညီတဲ့ပြိုင်ပွဲနှစ်ခုမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပထမဆုံး မိန်းကလေးပါ။ ONE Atomweight Kickboxing and Muay Thai World Champion ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ တိုက်ခိုက်ရေးမယ်လေးဟာ အခုလည်း UFC ပြိုင်ပွဲတွေဆီ ခြေလှမ်းနေပါပြီ။ အသက် (၂၂)နှစ်သာ ရှိသေးတဲ့ Stamp ဟာ ထိုင်းနိုင်ငံရဲ့ နာမည်အကြီးဆုံး အမျိုးသမီး တိုက်ခိုက်ရေးသမားအဖြစ် ရပ်တည်နေပြီး သူမရဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်ကို ပြိုင်ပွဲတိုင်းမှာ ပြသနိုင်ခဲ့သူပါ။

Janet “J.T” Todd (ဂျပန်)

READ
သိပ်မဝေးတော့တဲ့ကာလမှာ သမ္မာကျမ်းစာပါကမ္ဘာပျက်ကိန်းဖြစ်မည်ဟု သီအိုရီများဆို

ဂျပန်မိခင်နဲ့ အမေရိကန်ဖခင် တို့ကနေ မွေးဖွားလာခဲ့တဲ့ ဂျနက် ဟာ သွေးနှောကပြားတစ်ယောက်ဖြစ်ပေမယ့် ဂျပန်နိုင်ငံကိုယ်စားပြုပြီး တိုက်ခိုက်ရေးပြိုင်ပွဲတွေ ၀င်ခဲ့သူပါ။ သူမ က မွေထိုင်းလက်ဝှေ့ကို ကျွမ်းကျွမ်းကျင်ကျင် ထိုးတတ်သူတစ်ယောက်ဖြစ်ပြီး အင်ဂျင်နီယာ တစ်ယောက်အဖြစ်ကနေ တိုက်ခိုက်ရေးနယ်ပယ်ထဲ ၀င်ရောက်လာသူပါ။ သူမ ဟာ အာရှတိုက်ခိုက်ရေးလောက ရဲ့ ပညာတတ်အမျိုးသမီးတစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီး မိန်းကလေးအများစု အားကျရသူပါ။

Linn

SHARE