(၂၂.၁၂.၁၈) မှ (၂၈.၁၂.၁၈)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

ပြီးခဲ့တဲတစ်ပတ် ဒီဇင်ဘာ (၂၂)ရက်နေ့မှ (၂၈)ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

(၁) ပရိသတ်တွေထင်ထားတာထက် ပိုကြမ်းခဲ့တဲ့ နေရွှေသွေးအောင်နဲ့ ရွှေမှုံရတီတို့ရဲ့ သီချင်းဗီဒီယို

နေရွှေသွေးအောင်ရဲ့ အမိုက်စား ကာဗာသီချင်း ဗီဒီယိုသစ် ထွက်ရှိလာခဲ့တဲ့ အကြောင်းပါ။ Enrique Iglesias ရဲ့ Hero သီချင်းကို ပြန်လည်ပုံဖော်ထားတဲ့ သူ့ရဲ့ ကာဗာသီချင်းသစ်ဟာ အခုဆို ကြည့်ရှုသူ ၈ သိန်းကျော်နေပါပြီ။ ယခင်တစ်ပတ်က Shwemom မှာ လူဖတ်အများဆုံးသတင်းဖြစ်ခဲ့ပါတယ်။ ဗီဒီယိုမကြည့်ရသေးရင် ဝင်ကြည့်လိုက်ဦးနော်။

READ
ချစ်သူကို မီးရှို့သတ်ပြီး ကျင်ငယ်ရေနဲ့ လောင်းခဲ့တဲ့အမျိုးသမီး
(၂) တဲအိမ်တိုင်အောက်မှာ ရှာတွေ့ခဲ့တဲ့ အကောင် (၃၀) ကျော်ရှိနေတဲ့ အသိုက်ကြီး

တက္ကဆက်ပြည်နယ်မှ အမေရိကန်အမျိုးသားတစ်ဦး သူ့ရဲ့ မွေးမြူရေးခြံထဲမှာ ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုနဲ့ ကြုံခဲ့ရတဲ့ အကြောင်းပါ။ သူ့ရဲ့ အတွေ့အကြုံအကြောင်းစုံနဲ့ ဗီဒီယိုကိုပါ သတင်းထဲမှာ ဖော်ပြပေးထားပါတယ်။ ယခင်တစ်ပတ်ရဲ့ လူကြိုက်အများဆုံး သတင်းနေရာမှာ နံပါတ် ၂ ပါ။

(၃) ချစ်သူနှင့်တွေ့ဖို့ မိုင် ၄၀၀ ကျော်ခရီးနှင်ပြီးနောက် အရှက်ခွဲအလှောင်ခံခဲ့ရသူအမျိုးသမီး

မိန်းကလေးတွေ အယုံမလွယ်ဖို့ သင်ခန်းစာပေးနေတဲ့ ဖြစ်ရပ်လေးတစ်ခုအကြောင်းပါ။ အမျိုးသမီးငယ်တစ်ဦးဟာ သူမနဲ့ နေထိုင်ရာ အရပ်မတူတဲ့ ချစ်သူက သူမကို အတည်တွဲနေတယ်ထင်ကာ ချစ်သူနောက် လိုက်သွားခဲ့ရပြီးနောက် အရှက်ခွဲခံရပုံပါ။ ထိုအဖြစ်ကို အခြားမိန်းကလေးတွေ သင်ခန်းစာယူဖို့ သူမက ပြန်လည်ဝေမျှခဲ့ပါတယ်။

(၄) လျှပ်တပြက်ရိုက်မိတဲ့ပုံကြောင့် အကြွေးကျေပြီး အလုပ်နားနိုင်သွားတဲ့ ကလေးတို့မေမေ

ယူကေနိုင်ငံမှ မိခင်တစ်ဦးဟာ သူမ လှမ်းရိုက်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံကြောင့် ကံကောင်းခြင်းတွေ ကြုံခဲ့ရပုံလေးပါ။ သူမ ရိုက်ခဲ့တဲ့ ဓာတ်ပုံကတော့ ၂၀၁၇ တုန်းက နာမည်ကြီးခဲ့တဲ့ ဗြိတိန်တော်ဝင်စုံတွဲ ၂ တွဲရဲ့ ပုံရိပ်လေးပါ။ ဘာကြောင့် ဘယ်လို သူမ ဘဝ ပြောင်းလဲသွားခဲ့ရတယ်ဆိုတာလေးကို ဝင်ဖတ်ကြည့်လိုက်ဦးနော်။

READ
မိသားစုကို ကူပြီး မိကျောင်းဝိုင်းထိန်းပေးနေတဲ့ အသက်(၈)နှစ်အရွယ် မိကျောင်းမုဆိုးလေး
(၅) နှစ်မကုန်ခင်လေးမှာ အကြမ်းစား ဓါတ်ပုံတွေတင်လိုက်တဲ့ မေသစ္စာမောင်

နာမည်ကျော် လေဒီဘွိုင်း မေသစ္စာမောင်တစ်ယောက် သူမရဲ့ ဓာတ်ပုံရှုတင်အသစ်က ပုံလေးတွေကို တင်လိုက်တဲ့ အကြောင်းပါ။ မေသစ္စာမောင်ကို အားပေးတဲ့ ပရိသတ်တွေကတော့ အင်အားတောင့်နေပါတယ်။

Ref: www.shwemom.com

SHARE