(၂၄.၁၁.၁၈) မှ (၃၀.၁၁.၁၈)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

ပြီးခဲ့တဲတစ်ပတ် နိုဝင်ဘာလ (၂၄)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

(၁) သတို့သမီးကို ကိုယ်ချင်းစာတဲ့အနေနဲ့ ဧည့်သည်တွေမျက်လုံးစီးပြီး ကျင်းပခဲ့တဲ့မင်္ဂလာပွဲ

သြစတေးလျနိုင်ငံမှာ မကြာသေးခင်က ကျင်းပခဲ့တဲ့ ပုံပြင်ဆန်ဆန် မင်္ဂလာပွဲလေးတစ်ပွဲ အကြောင်းပါ။ ပုံပြင်ဆန်တယ်ဆိုတာ ပွဲအပြင်အဆင်တွေထက် မင်္ဂလာစုံတွဲရဲ့ နောက်ကွယ်က အကြောင်းလေးကြောင့်ပါ။ ရောဂါတစ်မျိုးခံစားနေရတဲ့ သတို့သမီးအတွက် အထူးပြင်ဆင်ကျင်းပခဲ့ကြတဲ့ ထိုမင်္ဂလာပွဲလေးနဲ့ စုံတွဲရဲ့ အကြောင်း ရေးသားထားတဲ့ ထိုသတင်းကိုတော့ ယခင်တစ်ပတ်က ပရိသတ်တွေ စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

READ
အ၀တ်အစားဟောင်းနွမ်းနေပေမဲ့Harleyဆိုင်ကယ်ကိုငွေသားနဲ့ ချက်ခြင်းဝယ်ယူခဲ့တဲ့ အဖိုးအို
(၂) အလုပ်ရောက်တော့မှကုမ္ပဏီရဲ့အဖြစ်မှန်သိခဲ့ပြီး မျက်ရည်လည်ရွဲဖြစ်ခဲ့ရတဲ့အလုပ်သမားထုကြီး

General Motors မော်တော်ယာဉ်ကုမ္ပဏီက ယခုနိုဝင်ဘာလထဲမှာ ကုမ္ပဏီဝန်ထမ်းဦးရေကို သောင်းနဲ့ချီ လျှော့ချခဲ့တဲ့ အကြောင်း သတင်းပါ။ ကုမ္ပဏီက အခုလို လုပ်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့ ရည်ရွယ်ချက်နဲ့ အလားတူကုမ္ပဏီတွေရဲ့ အခြေအနေတွေကိုလည်း တင်ပြထားပါတယ်။ လူဖတ်အများဆုံး သတင်းတွေအနက် ဒုတိယနေရာမှာ ရှိခဲ့ပါတယ်။

(၃) ဆေးအသုံးလွန်ပြီး အိပ်ရာထဲမှာပဲ ဖက်လျက်သေဆုံးနေခဲ့တဲ့ စုံတွဲ

ဆုတောင်းမှားသလားလို့ ထင်ရလောက်တဲ့ စုံတွဲလေးတစ်တွဲရဲ့ အဖြစ်ပါ။ ရည်ရွယ်ချက်ရှိရှိလား မတော်တဆလားဆိုတာ မသိကြရသေးပေမယ့် အတူသေပွဲဝင်ခဲ့ကြရှာပါတယ်။ သတင်းအပြည့်အစုံကိုတော့ ခေါင်းစဉ်းလေး နှိပ်လိုက်ပြီး ဝင်ဖတ်နိုင်ပါတယ်။

(၄) အွန်လိုင်းရှော့ပင်တွေက ပေးတဲ့ တစ်သက်စာ သင်ခန်းစာများ

လူတွေကတော့ အွန်လိုင်းမှာ တွေ့ပြီး မိမိနှစ်သက်တာလေးတွေကို အပြေးမှာတတ်ကြပါတယ်။ ဒီပုံတွေကတော့ အွန်လိုင်းရှော်ပင်တွေက ပစ္စည်းမှာမယ်ဆို သေသေချာချာ စဉ်းစားပြီးမှ မှာသင့်ကြောင်း သတိပေးနေတဲ့ ပုံလေးတွေပါ။ ရယ်မောစရာလေးတွေ စုစည်းထားတာမို့ မကြည့်ရသေးရင် ဝင်ကြည့်လိုက်ဦးနော်။

READ
ဒေါသထွက်အောင် လုပ်သူနဲ့ တစ်လအတူမနေဘူးဆို ဇနီး(၃)ပြိုင်ယူထားတဲ့ အမျိုးသား
(၅) အရမ်းကိုပေါ်လွင်စေလွန်းတဲ့ ဝတ်စုံနဲ့ ပွဲတက်ဖြစ်ခဲ့တဲ့အကြောင်းပြောပြလာတဲ့ Kang Hanna

တောင်ကိုရီးယား မင်းသမီး Kang Hanna  လွန်ခဲ့တဲ့ ၅ နှစ်ခန့်က သူမကို လူသိများသွားစေခဲ့တဲ့ ဝတ်စုံအကြောင်းကို ရှင်းပြထားတဲ့ သတင်းလေးပါ။ ဆက်ဆီကျကျ ဝတ်စုံရဲ့ နောက်ကွယ်က အကြောင်းအရင်းကို သိချင်ရင်တော့ ခေါင်းစဉ်ကို နှိပ်ပြီး ဝင်ဖတ်ကြည့်လိုက်ပါဦး။

အခုလို စိတ်ဝင်စားစရာအကောင်းဆုံးသတင်းလေးတွေကို အပတ်စဉ်တိုင်း အကျဥ်းချုပ်စုစည်း တင်ဆက်သွားမှာဖြစ်လို့ Shwemom ပရိသတ်ကြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်..။

Ref: www.shwemom.com

SHARE