(၂၂.၉.၁၈) မှ (၂၈.၉.၁၈)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

ပြီးခဲ့တဲတစ်ပတ် စက်တင်ဘာလ (၂၂)ရက်နေ့မှ (၂၈)ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

(၁) ကိုယ့်ကိုယ်ကို သိပ်ကံဆိုးလှပြီလို့ တွေးနေတဲ့သူများ ကြည့်ဖို့………….

ယခင်တစ်ပတ်က လူဖတ်အများဆုံးဖြစ်ခဲ့တာကတော့ ဓာတ်ပုံသတင်းလေးတစ်ပုဒ်ပါ။ ခေါင်းစဉ်အတိုင်းပဲ ကိုယ့်ထက် ကံဆိုးသူတွေရဲ့ ငိုအားထက် ရယ်အားသန် အဖြစ်လေးတွေကို မြင်တွေ့ရမှာပါ။ တစ်ပုံချင်းစီ ဝင်ကြည့်လိုက်ဦးနော်။ 😛

(၂) ရေလွှာလျှောစီးရင်း အရှက်တကွဲဖြစ်ခဲ့ရတဲ့ အမျိုးသမီးရဲ့ ဗီဒီယို

အမျိုးသမီးတစ်ယောက် ရေလွှာလျှောစီးရင်း လှိုင်းတုရဲ့ ရေအားပြင်းလွန်းတာကြောင့် ဘောင်းဘီတိုလေး ကျွတ်ကျခဲ့ရတဲ့ အဖြစ်ပါ။ ဗီဒီယိုကတော့ အွန်လိုင်းမှာ နာမည်ကြီးနေခဲ့ပါတယ်။ ယခု မူရင်းသတင်းထဲမှာလည်း ဗီဒီယို ပါတယ်ဆိုတော့ ဝင်ဖတ်ကြည့်ချင်ရင် ခေါင်းစဉ်လေး နှိပ်လိုက်နော်။

READ
ရွှေနဲ့ပြုလုပ်ထားတဲ့ မိလ္လာခွက်ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံးအိမ်သာကိုဖွင့်လှစ်
(၃) တောင်/ မြောက် – ကိုရီးယားနှစ်နိုင်ငံရဲ့ ကွာဟချက်တွေကို နှိုင်းယှဉ်ထားတဲ့ ပုံရိပ်များ

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့က အဘက်ဘက်မှာ ကွာခြားတဲ့ နိုင်ငံနှစ်နိုင်ငံဆိုတာ သိကြပြီးဖြစ်မှာပါ။ ယခု ဓာတ်ပုံသတင်းမှာတော့ ထိုကွာခြားမှုတွေကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မယ့် ဓာတ်ပုံတွေကို ထည့်သွင်းဖော်ပြပေးထားပါတယ်။ စိတ်ဝင်စားစရာဖြစ်တာကြောင့် လူဖတ်အများဆုံးနေရာမှာ နံပါတ် ၃ ဖြစ်ခဲ့ပါတယ်။

(၄) William ရဲ့ ကြင်ယာတော် Kate ဟာ ဗြိတိန် fashion လောကကို ကျိန်စာသင့်စေတဲ့သူလား

ဗြိတိန်တော်ဝင်မင်းသား ဝီလျံရဲ့ ကြင်ယာတော် ကိတ်မစ်ဒယ်တန်ဟာ ပြည့်စုံလွန်းပြီး မိန်းကလေးတို့ အားကျဖွယ်ရာ စံပြအမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမဆီမှာ ထူးဆန်းလှတဲ့ ပြစ်ချက်လေးတွေလည်း ရှိဦးမယ်လို့ ဆိုရမလိုပါပဲ။ သူမ ဝတ်ဆင်တဲ့ ဖက်ရှင်တွေနဲ့ ပတ်သက်ပြီးတော့ပါ။ သတင်းအပြည့်အစုံကို ခေါင်းစဉ်ကနေ ဝင်ပြီး ဖတ်ရှုနိုင်ပါတယ်။

READ
သုဝဏ္ဏဘူမိလေဆိပ်အဆောက်ဦ လေးလွှာစက်လှေကားမှ ခင်္ရီးသွားတစ်ဦး ခုန်ချသေဆုံး
(၅) ဖေ့စ်ဘုတ်အကောင့်ကို Hackခံရပြီး ငွေညှစ်ခံလိုက်ရတဲ့ မင်းသမီး စမိုင်း

စမိုင်းတစ်ယောက်ကတော့ ယခင်တစ်ပတ်က Fb အကောင့် အဟက်ခံလိုက်ရပါတယ်။ အကောင့် ဟက်ခံရပြီး ငွေပါ ညှစ်ခံခဲ့ရတာပါ။ ဒီသတင်းကို မဖတ်ရသေးရင် ဝင်ဖတ်ကြည့်လိုက်ဦးနော် ပရိသတ်ကြီးရေ။

အခုလို စိတ်ဝင်စားစရာအကောင်းဆုံးသတင်းလေးတွေကို အပတ်စဉ်တိုင်း အကျဥ်းချုပ်စုစည်း တင်ဆက်သွားမှာဖြစ်လို့ Shwemom ပရိသတ်ကြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်..။

Ref: www.shwemom.com

SHARE