(၂၇.၄.၁၉) မှ (၃.၅.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

ပြီးခဲ့တဲတစ်ပတ် ၂၀၁၉ ဧပြီလ ၂၇ ရက်နေ့မှ မေလ ၃ ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

(၁) ပေ(၆၀) ရေတွင်းထဲကနေ အသက်ကိုစွန့်စားပြီး ရေသယ်နေကြတဲ့ အမျိုးသမီးများ

အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသအချို့မှာ ရေခမ်းခြောက်မှု ပြဿနာကို ကြုံတွေ့နေကြရတဲ့အတွက် အမျိုးသမီးတွေ သက်စွန့်ဆံဖျား ရေသယ်ယူနေကြရပါတယ်။ ဒီသတင်းထဲမှာတော့ ထိုဖြစ်ရပ်အကြောင်း ဗီဒီယိုနဲ့တကွ တွေ့ရမှာပါ။ ယခင်တစ်ပတ်အတွက် လူဖတ်အများဆုံးသတင်း ဖြစ်ခဲ့ပါတယ်။

(၂) မယုံနိုင်ဖွယ်ပေါင်၁သိန်းတန်ပါတယ်ဆိုတဲ့ သံချေးတက်တိုက်လေးရဲ့တကယ့်သရုပ်မှန်

ဒီသတင်းထဲမှာတော့ လန်ဒန်မြို့က အိမ်လေးတစ်လုံးရဲ့ ထူးခြားမှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်အရာကိုမဆို အပြင်ပန်းကြည့်ပြီး မဆုံးဖြတ်နဲ့ဆိုတဲ့စကားအတိုင်း အိမ်လေးရဲ့ သရုပ်မှန်က လူတွေကို သိချင်အောင် တော်တော်ဆွဲဆောင်ထားလျက်ရှိပါတယ်။

READ
ဆံပင်ကျွတ်တဲ့သမီး စိတ်ဓာတ်တက်ကြွစေဖို့ ကိုယ်တိုင်ခေါင်းတုံး တုံးခဲ့တဲ့ဖခင်

(၃) နန်းတက်ပွဲမတိုင်ခင် ဘော်ဒီဂတ်အမျိုးသမီးကို ရုတ်တရက်လက်ထပ်လိုက်တဲ့ ထိုင်းဘုရင်

ထိုင်းဘုရင်သစ်အဖြစ် နန်းတက်ခါနီး Maha Vajiralongkorn ကတော့ သူ့ရဲ့ နန်းတက်ပွဲမတိုင်မီ ကြင်ယာတော်အသစ်တစ်ပါး တင်မြှောက်လိုက်တဲ့ သတင်းပါ။ ဒီသတင်းထဲမှာတော့ Vajiralongkorn နဲ့ ကြင်ယာတော်သစ်တို့အကြောင်းကို အကျယ်တဝင့်ဖော်ပြပေးထားပါတယ်။ ခေါင်းစဉ်ကို နှိပ်လိုက်ရုံနဲ့ အပြည့်အစုံ ဝင်ဖတ်ကြည့်နိုင်ပါတယ်။

(၄) Catwalk လျှောက်ရင်း အမျိုးသားမော်ဒယ်တစ်ဦး လဲကျသေဆုံး

ဘရာဇီးမှာ ကျင်းပခဲ့တဲ့ São Paulo Fashion Week ရဲ့ Catwalk လျှောက်လမ်းထက်မှာ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တဲ့ သတင်းပါ။ အမျိုးသားမော်ဒယ် စင်ပေါ်မှာ လဲကျသွားခဲ့ပုံကို ဗီဒီယိုပါ ထည့်သွင်းဖော်ပြထားပါတယ်။

(၅) ထိုင်းနိုင်ငံရဲ့ လိင်ပြောင်းအမျိုးသမီး Petcharat ရဲ့ ဘ၀အကြောင်း

ထိုင်းနိုင်ငံရဲ့ အလှဆုံး လိင်ပြောင်းအမျိုးသမီး Treechada Petcharat ရဲ့ အကြောင်းကို အကျယ်တဝင့်မိတ်ဆက်ပေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ တော်တော်လှတာမို့ ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြပြီး ယခင်တစ်ပတ်ရဲ့ လူဖတ်အများဆုံးသတင်းမှာ နံပါတ် ၅ နေရာ ဝင်ခဲ့ပါတယ်။

READ
လူရယ်စရာဓာတ်ပုံကြီးနဲ့ သမ္မတကတော်ကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ အိမ်ဖြူတော်

အခုလို စိတ်ဝင်စားစရာအကောင်းဆုံးသတင်းလေးတွေကို အပတ်စဉ်တိုင်း အကျဥ်းချုပ်စုစည်း တင်ဆက်သွားမှာဖြစ်လို့ Shwemom ပရိသတ်ကြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်..။

Ref: www.shwemom.com

SHARE