(၁၀.၈.၁၉) မှ (၁၆.၈.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

Instagram/jetli, Instagram, @amiedoubleD/Twitter, @bridgetmalcolm/Instagram

ပြီးခဲ့တဲတစ်ပတ် ၂၀၁၉ သြဂုတ် ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

(၁) မွေးနေ့လက်ဆောင်ရတဲ့ကားသစ်ကြီးကို ရေထဲထိုးချပစ်ရတဲ့အကြောင်းအရင်းမှန်

ABN Telugu/YouTube

အိန္ဒိယက သူဌေးသားတစ်ယောက် စိတ်လိုက်မာန်ပါ လုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် အွန်လိုင်းတစ်ခွင် ပြဲပြဲစင် နာမည်ကျော်သွားခဲ့တဲ့ သတင်းလေး ဖြစ်ပါတယ်။ ဘယ်လိုများ လုပ်ချလိုက်ခဲ့သလဲ မသိသေးတဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခင်တစ်ပတ်က လူဖတ်အများဆုံး သတင်းဖြစ်ခဲ့ပါတယ်။

(၂) ဂျက်လီရဲ့ ပြောင်းလဲသွားပြန်တဲ့ ရုပ်ရည်ကြောင့် ထပ်မံအံ့သြခဲ့ရတဲ့ ပရိသတ်များ

Instagram/jetli

ကျန်းမာရေးသိပ်မကောင်းလို့ ဆေးကုသမှု ခံယူနေရတဲ့ ဂျက်လီဟာ မနှစ်တုန်းကတော့ သိပ်ကို အိုမင်းနေပုံပေါက်တဲ့ ဓာတ်ပုံ ထွက်ပေါ်လာခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပူပန်ခဲ့ကြရပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ အဲ့ဒါနဲ့ ဆန့်ကျင်ဘက် ပုံရိပ်တွေ ထပ်ထွက်ပေါ်လာခဲ့တာပါ။ လူစိတ်ဝင်စားမှုအများဆုံးသတင်း ဒုတိယနေရာမှာ ရှိနေပါတယ်။

READ
မွေးကတည်းကလက်ပါမလာလို့ ခြေထောက်နဲ့အစာစားနည်းသင်ယူနေရှာတဲ့သမီးလေး

(၃) ကြောက်ခမန်းလိလိကွာခြားမှုတွေရှိနေခဲ့ကြတဲ့ Instagram နဲ့ လက်တွေ့ဘဝပုံရိပ်များ

Instagram

ဆိုရှယ်မီဒီယာခေတ်မှာ တိုးတက်ပြောင်းလဲလာကြတဲ့ အရာတွေ ရှိနေပေမယ့်လည်း တချို့တချို့သော တွေ့မြင်နေရတဲ့ အရာတွေကိုတော့ ပစ်ယုံလို့ မဖြစ်ကြောင်း သက်သေပြနေတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ အံ့သြမှင်သက်စေမယ့် ထိုပုံများကိုတော့ ခေါင်းစဉ်ကို တစ်ချက်ထောက်ပြီးသာ ဝင်ကြည့်လိုက်ကြပါတော့နော်။

(၄) အိမ်တံခါးနဲ့ ကားတွေကို ဖွင့်ဖို့ လက်မောင်းထဲမှာ chip တွေ ခွဲထည့်ထားတဲ့ အမျိုးသမီး

@amiedoubleD/Twitter

သော့ကျပျောက်မှာ၊ အခိုးခံရမှာ စိုးနေရင်တော့ ဒီအမျိုးသမီးရဲ့ ခေတ်ရှေ့ပြေး နည်းပညာအသုံးပြုပုံအကြောင်းကိုသာ ဖတ်ကြည့်လိုက်ပါ။ ယခင်တစ်ပတ်အတွင်း Shwemom ရဲ့ လူဖတ်အများဆုံးသတင်း စတုတ္ထနေရာမှာ ရှိနေပါတယ်။

(၅) တင်အတိုင်းအတာ လက်မဝက် တက်လာခဲ့လို့ အလုပ်မရှိတော့တဲ့ မော်ဒယ်မလေး

@bridgetmalcolm/Instagram

အနောက်နိုင်ငံတွေက မော်ဒယ်လောကရဲ့ စည်းမျဉ်း လိုအပ်ချက်တွေ ဘယ်လောက်တောင် တင်းကြပ်လဲဆိုတာ ဖော်ပြနေတဲ့ ဖြစ်ရပ်တစ်ခုအကြောင်းပါ။ မော်ဒယ် Bridget Malcolm ရဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို သိရမယ့် ဒီသတင်းလေးဟာဆိုရင် ပရိသတ်စိတ်ဝင်စားမှုအများဆုံး နံပါတ် (၅) နေရာမှာ ရှိခဲ့ပါတယ်။

READ
လူ(၇၀)ပါတဲ့ ဖယ်ရီသင်္ဘော ကျောက်ဆောင်နဲ့တိုက်မိ၊ ခရီးသည်တွေကို ကယ်တင်နိုင်ခဲ့

www.shwemom.com

SHARE