(၂.၂.၁၉) မှ (၈.၂.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

ပြီးခဲ့တဲတစ်ပတ် ၂၀၁၉ ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၈ ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

(၁) ရေနက်ပိုင်းနေငါးတစ်မျိုးကို တွေ့ရှိပြီးနောက် ဆူနာမီအန္တရာယ်ကြောက်နေတဲ့ဂျပန်

ဂျပန်နိုင်ငံမှာတော့ ရေနက်ပိုင်း ငါးတစ်မျိုးကို ကမ်းခြေမှာ သောင်တင်နေတာ တွေ့ရှိခဲ့ကြပြီးနောက် ဆူနာမီအန္တရာယ်ကို စိုးရိမ်နေရတဲ့အကြောင်း သတင်းဖြစ်ပါတယ်။ ထိုငါးဟာ ဘယ်လိုငါးမျိုးလဲ ယခင်တုန်းကရော အဆိုပါငါးအမျိုးအစားနဲ့ ငလျင်တွေဟာ ဘယ်လိုဆက်စပ်မှုရှိခဲ့လဲဆိုတာ အသေးစိတ် ဖော်ပြပေးထားပါတယ်။ ယခင်တစ်ပတ် Shwemom မှာ လူဖတ်အများဆုံးသတင်းဖြစ်ခဲ့ပါတယ်။

READ
ကမ္ဘာ့ရင်ဖိုစရာအကောင်းဆုံး Roller Coasterကြီးပေါ်မှာ စီးနင်းသူ(၈)ဦးမတော်တဆပိတ်မိခဲ့

(၂) ဟောင်ကောင်တခွင်မှာ ကြက်ကြော်စားရင်း ပျော်ပါးခဲ့ကြတဲ့ သူတို့နှစ်ယောက်

ကမ္ဘာ့ပေါ်မှာ နာမည်အကြီးဆုံး ခေါင်းဆောင်တွေထဲက ၂ ဦးက ဟောင်ကောင်မှာ တွေ့ခဲ့ကြတယ်လို့တောင် ထင်မှတ်ရလောက်တဲ့ ဖြစ်ရပ်တစ်ခုအကြောင်းပါ။ နောက်ကွယ်က အမှန်တရားကရော ဘာလဲဆိုတာ သိရဖို့ ခေါင်းစဉ်ကနေ ဝင်ဖတ်လိုက်ဦးနော်။

(၃) ပုသိမ်သူလေးတွေကြောင့် ရင်ခုန်ခဲ့ရတဲ့အကြောင်း ထုတ်ပြောလာတဲ့ ပိုင်တံခွန်

ပိုင်တံခွန်က မကြာသေးခင်က ပွဲတစ်ခုကို တက်ရောက်ဖို့ ပုသိမ်ကို သွားခဲ့ပါတယ်။ ပိုင်တံခွန်တစ်ယောက် ပုသိမ်က သူ့ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ရတဲ့ အမှတ်တရအကြောင်းကို ပြန်လည်ဝေမျှထားတဲ့ သတင်းဖြစ်ပါတယ်။

(၄) သမီးတစ်ယောက် ရပြီးတာတောင် ချစ်သူကိုလက်ထပ်ခွင့်မတောင်းသေးတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုနဲ့ သူ့ချစ်သူ မော်ဒယ်မလေး Georgina Rodriguez တို့က ၂၀၁၆ ခုနှစ်တည်းက စတွဲခဲ့ကြတာပါ။ ဒါပေမယ့် ယခုထိ ဒိုလေးကတော့ သူ့ချစ်သူကို လက်ထပ်ခွင့်မတောင်းသေးပါဘူး။ ထိုအတွက်လည်း အကြောင်းလေးတွေ ရှိနေပါတယ်။ အသေးစိတ်ကိုတော့ မူရင်းသတင်းကို ခေါင်းစဉ်ကနေ ဝင်ပြီး ဖတ်ရှုနိုင်ပါတယ်။

READ
ခင်ပွန်းသည်ရဲ့သူငယ်ချင်းကိုလက်ထပ်ပြီး ခင်ပွန်းကိုအတူတကွပြန်စောင့်ရှောက်

(၅) အန်ပေါင်း (ဟုန်ပေါင်း) အကြောင်း သင်မသိသေးတဲ့ အချက်လေးများ

တရုတ်နှစ်ကူးကာလမှာ ပေးလေ့ရှိကြတဲ့ အန်ပေါင်းအကြောင်းကို စိတ်ဝင်စားဖွယ် အချက်လေးများနဲ့ ဖော်ပြထားတာပါ။ ယခင်တစ်ပတ်က လူဖတ်အများဆုံးစာရင်းမှာ နံပါတ် ၅ ဖြစ်ခဲ့ပါတယ်။

အခုလို စိတ်ဝင်စားစရာအကောင်းဆုံးသတင်းလေးတွေကို အပတ်စဉ်တိုင်း အကျဥ်းချုပ်စုစည်း တင်ဆက်သွားမှာဖြစ်လို့ Shwemom ပရိသတ်ကြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်..။

Ref: www.shwemom.com

SHARE