(၂၃.၂.၁၉) မှ (၁.၃.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

ပြီးခဲ့တဲတစ်ပတ် ၂၀၁၉ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ မတ်လ ၁ ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

(၁) လူတွေကို ကောင်းကောင်းလိမ်ခဲ့တဲ့ ဓာတ်ပုံများရဲ့ နောက်ကွယ်က အမှန်တရား

အွန်လိုင်းပေါ် နာမည်ကြီးသွားခဲ့တဲ့ ဓာတ်ပုံအချို့ရဲ့ သရုပ်မှန်တွေကို ဖော်ပြပေးထားပါတယ်။ ဖိုတိုရှော့စွမ်းရည်နဲ့ အွန်လိုင်းပေါ်မှာ လှည့်စားမှုတွေ များလာတာကြောင့် ဘယ်အရာကိုမဆို ချင့်ချိန်ယုံသင့်တယ်ဆိုတာ သဘောပေါက်သွားပါလိမ့်မယ်။ ဘယ်ပုံတွေမှာ ဂျင်းထည့်ခံထားရတယ်ဆိုတာ သိရဖို့ ဝင်ကြည့်ကြည့်လိုက်နော်။ ယခင်တစ်ပတ်က လူဖတ်အများဆုံး နံပါတ် တစ်ပါ။

READ
မျက်ကွင်းတွေကို ညိုစေတဲ့ အဓိက အကြောင်းအရာများ ...?

(၂) အထင်သေးတဲ့အကြည့်နဲ့အကြည့်ခံရလို့ LV ဆိုင်မှာ စိမ်ပြေနပြေပွဲကြမ်းခဲ့တဲ့ အမျိုးသား

ပစ္စည်းအရောင်းဆိုင်ထဲ ဝင်သွားတုန်း အရောင်းဝန်ထမ်းတွေက အထင်သေးသလိုလုပ်တာ၊ မတန်မရာဆက်ဆံတာတွေကို တော်တော်များများ ကြုံဖူးကြမှာပါ။ မလေးနိုင်ငံသားတစ်ယောက်ကတော့ LV ဆိုင်တစ်ခုက ဝန်ထမ်းရဲ့ ထိုလုပ်ရပ်ကို ထိထိရောက်ရောက်လေး တုံ့ပြန်လိုက်ပုံပါ။ ဗီဒီယိုပါပါလို့ လူတွေ အရသာရှိရှိ ဝင်ကြည့်ခဲ့ကြပုံပါပဲ။ ယခင်တစ်ပတ်က top 2 ပါ။

(၃) အမေဇုန်မြစ်ကြောမှာ ကြောက်မက်ဖွယ် အန္တရာယ်တစ်ခုဖြစ်လာတဲ့ သတ္တ၀ါမျိုးစိတ်

တောင်အမေရိကတိုက်ကို ဖြတ်သန်းစီးဆင်းနေတဲ့ အမေဇုန်မြစ်ထဲမှာတော့ ရေနေသတ္တဝါနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်လာနေစေတဲ့ သတ္တဝါမျိုးစိတ်တစ်ခု ပေါက်ဖွားလျက်ရှိပါတယ်။ အခွံမာသတ္တဝါတစ်မျိုးဖြစ်ပြီး ဘယ်လိုတောင် ဆိုးကျိုးတွေ သယ်ဆောင်လာပေးနေလဲဆိုတာ အသေးစိတ်ဖော်ပြပေးထားပါတယ်။

(၄) နေစရာမရှိလို့ သူငယ်ချင်းကို အိမ်ပေါ်ခေါ်တင်ထားမိရာမှ ခင်ပွန်းနဲ့လိုက်ပြေးသွားတဲ့ဖြစ်ရပ်

ဘယ်လောက်ပဲ ရင်းနှီးသူဖြစ်ဖြစ် ယုံကြည်မှုကို မပုံအပ်သင့်ကြောင်း သတိပေးနေတဲ့ ဖြစ်ရပ်လေးတစ်ခုပါ။ အမျိုးသမီးတစ်ဦးရယ်၊ သူမရဲ့ ခင်ပွန်းနဲ့ အချစ်ဆုံးသူငယ်ချင်းကြား ဖြစ်ရပ်မှန် အရှုပ်တော်ပုံအကြောင်း သတင်းလေးပါ။ လူစိတ်ဝင်စားမှု အမြင့်ဆုံးနေရာမှာ နံပါတ် ၄ ဖြစ်ခဲ့ပါတယ်။

READ
ကိုယ်အလေးချိန် (၁၃)ပေါင်ကျော်ရှိတဲ့ ကလေးငယ်ကို သြစတြေးလျနိုင်ငံမှာ မွေးဖွား

(၅) သင့်ကို ဆွံအကျန်ခဲ့စေမယ့် ကမ္ဘာတစ်လွှားက ဒီဇိုင်နာတို့ရဲ့ လူသားကျိုးပြု ဖန်တီးမှုများ

လူသားတို့ နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေကို ပိုအဆင်ပြေအောင်၊ ပိုဆန်းသစ်အောင် ဒီဇိုင်းထွင်ထားပုံလေးတွေပါ။ ယခင်တစ်ပတ်က လူဖတ်အများဆုံး နေရာမှာ နံပါတ် ၅ ဖြစ်ပါတယ်။

အခုလို စိတ်ဝင်စားစရာအကောင်းဆုံးသတင်းလေးတွေကို အပတ်စဉ်တိုင်း အကျဥ်းချုပ်စုစည်း တင်ဆက်သွားမှာဖြစ်လို့ Shwemom ပရိသတ်ကြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်..။

Ref: www.shwemom.com

SHARE