(၉.၂.၁၉) မှ (၁၅.၂.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

ပြီးခဲ့တဲတစ်ပတ် ၂၀၁၉ ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

(၁) ကမ္ဘာကျော် ဘောလိဝုဒ်မင်းသား Aamir Khan ရဲ့ ဘ၀အကြောင်း

မြန်မာပရိသတ်တွေကြား နာမည်ကြီးလှတဲ့ ဘောလိဝုဒ်မင်းသားကြီး Aamir Khan ရဲ့ ငယ်ဘဝကနေ ယခုအထိ သူ့အကြောင်း အသေးစိတ်ကို ပြောပြထားပါတယ်။ ယခင်တစ်ပတ်က Shwemom မီဒီယာရဲ့ လူဖတ်အများဆုံး နံပါတ်တစ်ဖြစ်ခဲ့တာမို့ မဖတ်ရသေးတဲ့ ပရိသတ်တွေရှိရင် ခေါင်းစဉ်လေးနှိပ်ပြီး ဝင်ဖတ်လိုက်ဦးနော်။

READ
ကြည့်ရှုသူပရိသတ်အချို့မျက်လုံးပြူးခဲ့ရတဲ့ မိုးလေဝသကြေငြာသူရဲ့ဝတ်စုံ

(၂) မြန်မာ/ကိုရီးယားနှစ်နိုင်ငံပူးပေါင်းရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မယ့် ဝတ်မှုန်ရွှေရည်

ကစ်တစ်ယောက်ကတော့ လက်ရှိမှာ “လိပ်ပြာစံအိမ်” နဲ့ အရမ်းအောင်မြင်နေသလို မကြာတော့ခင်မှာလည်း မြန်မာနဲ့ ကိုရီးယား နှစ်နိုင်ငံပူးပေါင်းရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်ရပြန်ပါတော့မယ်။ ဒီဇာတ်ကားက ဘယ်ဝတ္ထုကို ဘယ်ဒါရိုက်တာက ရိုက်မလဲဆိုတာတွေနဲ့ ဘယ်က မင်းသားတွေ ပါမလဲပါ အသေးစိတ် ဖော်ပြပေးထားပါတယ်။

(၃) သာမိုမီတာကို သာမိုမီတာမှန်းမသိလို့ ခေါင်းကြီးခဲ့ရတဲ့ ဆယ်ကျော်သက်လေး

ဆယ်ကျော်သက် စုံတွဲလေးတစ်တွဲရဲ့ အွန်လိုင်းပေါ် နာမည်ကြီးသွားခဲ့တဲ့ ဟာသဆန်ဆန် ဖြစ်ရပ်လေးတစ်ခုအကြောင်းဖြစ်ပါတယ်။ သာမိုမီတာကို အခြားအရာတစ်ခုနဲ့ မှားပြီး ခေါင်းနပန်းကြီးသွားခဲ့တဲ့ ကောင်လေးအဖြစ်ကိုတော့ မဖတ်ရသေးရင် ခေါင်းစဉ်ကို နှိပ်ပြီး ဝင်ဖတ်လိုက်ဦးနော်။

(၄) မဖြစ်မနေကြည့်သင့်တဲ့ Aamir Khan ရဲ့ ဇာတ်ကား (၆) ကား

ဘောလိဝုဒ်မင်းသားကြီး Aamir Khan ရဲ့ ဇာတ်ကားတွေထဲကမှ ပရိသတ်တွေ ကြည့်ကို ကြည့်ဖူးသင့်တဲ့ အပြောင်မြောက်ဆုံး ဇာတ်ကား ၆ ကားကို ရွေးချယ်တင်ပြထားပါတယ်။ ထရေလာများနဲ့တကွ ဖော်ပြပေးထားပါတယ်။

READ
လာဘ်ယူမှုကြောင့် အီကွေဒေါနိုင်ငံဒုသမ္မတ ထောင်ဒဏ်(၆)နှစ်ချမှတ်ခံခဲ့ရ

(၅) သုတေသီတွေကိုတောင် ပဟေဌိဖြစ်စေခဲ့တဲ့ (၂၀၁၈) ခုနှစ်ရဲ့ ရှေးဟောင်းတွေ့ရှိချက်များ

၂၀၁၈ ခုနှစ်အတွင်း ရှေးဟောင်းသုတေသနပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ကမ္ဘာတဝှမ်းက အထူးခြားဆုံး တွေ့ရှိချက်တွေ ဖြစ်ပါတယ်။ ယခင်တစ်ပတ်က လူဖတ်အများဆုံး စာရင်းမှာ နံပါတ် ၅ ဖြစ်ခဲ့ပါတယ်။

အခုလို စိတ်ဝင်စားစရာအကောင်းဆုံးသတင်းလေးတွေကို အပတ်စဉ်တိုင်း အကျဥ်းချုပ်စုစည်း တင်ဆက်သွားမှာဖြစ်လို့ Shwemom ပရိသတ်ကြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်..။

Ref: www.shwemom.com

SHARE