(၅.၁.၁၉) မှ (၁၁.၁.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

ပြီးခဲ့တဲတစ်ပတ် ၂၀၁၉ ဇန်နဝါရီလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

(၁) အွန်လိုင်းကလူနဲ့ ချစ်ကြိုက်ပြီး ယူခါနီးမှ သူဌေးကြီးဖြစ်နေမှန်း သိလိုက်ရတဲ့ အမျိုးသမီး

ဗီယက်နမ်မလေး တစ်ယောက် အွန်လိုင်းပေါ်က ချစ်သူနဲ့ ဖူးစာဆုံပြီး အံ့သြစရာတွေ ကြုံခဲ့ရတဲ့ ဇာတ်လမ်းဆန်ဆန် အဖြစ်အပျက်လေးတစ်ခုအကြောင်းပါ။ စိတ်ဝင်စားစရာ အကြောင်းအရာလေးဖြစ်လို့ လူစိတ်အဝင်စားဆုံး သတင်းများနေရာမှာ နံပါတ်တစ် ဖြစ်ခဲ့ပါတယ်။

READ
လက်စတာအသင်းပိုင်ရှင်ရဲ့ ဆိုးရွားတဲ့ ရဟတ်ယာဉ်ပျက်ကျမှုကြီး ဘယ်လိုဖြစ်ခဲ့သလဲ

(၂) မင်္ဂလာပွဲစီစဉ်သူကြောင့် မင်္ဂလာပွဲမှာ မျက်ရည်နဲ့မျက်ခွက်ဖြစ်ခဲ့ရတဲ့ သတို့သမီး

ဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုအကြောင်းပါ။ စုံတွဲတစ်တွဲက သူတို့ရဲ့ လက်ထပ်ပွဲအတွက် ပွဲစီစဉ်သူကို အစားအသောက်နဲ့ ကိတ်မုန့်တို့ကို အပ်ခဲ့ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်နဲ့ တလွဲဖြစ်ခဲ့ရပြီး သတို့သမီးဘက်က ပွဲစီစဉ်သူကို တရားစွဲတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဖြစ်အပျက်ကို သေချာဖတ်ရဖို့ ခေါင်းစဉ်ကနေ ဝင်လိုက်နော်။

(၃) ပင်လယ်တွင်း မုန်တိုင်းဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ကြောက်မက်ဖွယ် ဗီဒီယိုဖိုင်

တစ်ခါကြည့်လိုက်တာနဲ့ ပင်လယ်ထဲ အသက်စွန့် သွားလာနေရတဲ့ သင်္ဘောပေါ်က ဘဝတွေကို စာနာနိုင်သွားမယ့် ဗီဒီယိုသတင်းတစ်ပုဒ်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက တိုက်ခတ်ခဲ့တဲ့ ဂါထရုဒ်မုန်တိုင်း ပင်လယ်ထဲမှာ ဝင်မွှေနေခဲ့ပုံပါ။ ပင်လယ်ထဲမှာ မုန်တိုင်းဘယ်လိုဖြစ်လဲ မမြင်ဖူးသေးရင် ဝင်ကြည့်သင့်ပါတယ်။

(၄) ကလေးကို မုန့်ပေးကြိုက်တာလဲ မဟုတ်ပါဘူးလို့ဆိုလာတဲ့ မအေးသောင်း

မအေးသောင်းကတော့ သူမရဲ့ လှပကျော့ရှင်းတဲ့ ဓာတ်ပုံလေးတွေကို အဓိပ္ပာယ်ပါပါ caption လေးတွေနဲ့ တင်လေ့ရှိပါတယ်။ ဒီတစ်ခါမှာလည်း အချစ်နဲ့ပတ်သက်တဲ့ စာတစ်ပိုဒ်ကို ရေးထားပြန်ပါတယ်။ ယခင်တစ်ပတ်က ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြတဲ့ ဆယ်လီသတင်းလေးတစ်ပုဒ်ပါ။

READ
မွေးကင်းစကလေးကို ချုံပုတ်ထဲမှာ စွန့်ပစ်ခဲ့တဲ့ ၁၂နှစ်အရွယ်မိခင်

(၅) စင်္ကာပူလမ်းမပေါ်က စပါးအုံးကြီးနဲ့ မြွေဟောက်ဘုရင်တို့ရဲ့ အသေအကြေတိုက်ပွဲ

မြို့ပြရဲ့ လမ်းမတစ်နေရာက မြွှေဟောက်နဲ့ စပါးအုံးမြွေကြီးတို့ရဲ့ ရှားရှားပါးပါး တိုက်ပွဲတစ်ခုပါ။ မြင်ရခဲတာမို့ လူတွေလည်း အတော်စိတ်ဝင်စားခဲ့ကြပါတယ်။ ဗီဒီယိုနဲ့တကွ ဖော်ပြထားပါတယ်။

အခုလို စိတ်ဝင်စားစရာအကောင်းဆုံးသတင်းလေးတွေကို အပတ်စဉ်တိုင်း အကျဥ်းချုပ်စုစည်း တင်ဆက်သွားမှာဖြစ်လို့ Shwemom ပရိသတ်ကြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်..။

Ref: www.shwemom.com

SHARE