(၁၃.၇.၁၉) မှ (၁၉.၇.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

Image:fb/Somkiet Pawarasook, koreaboo, Wikimedia Commons, diria_/Instagram, @ashwinvx/Twitter

ပြီးခဲ့တဲတစ်ပတ် ၂၀၁၉ ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

Air-Con ထဲက ထူးဆန်းတဲ့ အသံတွေရဲ့ တရားခံကြောင့် အံ့သြတုန်လှုပ်ခဲ့တဲ့ အမျိုးသား

Image:fb/Somkiet Pawarasook

မကြာသေးခင်က ထိုင်းနိုင်ငံမှာ အမျိုးသားတစ်ဦး ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်။ အဲကွန်းအသုံးပြုတဲ့ အိမ်တိုင်းအတွက် ထိတ်လန့်စရာဖြစ်သွားခဲ့တဲ့ ဒီသတင်းကတော့ ဆိုရှယ်မီဒီယာပေါ် အတော်ပျံ့နှံ့သွားခဲ့ပါတယ်။ မသိသေးသူတွေ ဝင်ဖတ်ကြည့်လို့ရအောင် ယခင်တစ်ပတ်က လူဖတ်အများဆုံး ဒီသတင်းကို ပြန်ဖော်ပြပေးလိုက်ပါတယ်နော်။

READ
မင်္ဂလာဆောင်နေစဉ်အတွင်း သစ်ပင်ကြီးပြိုလဲလာလို့ အသက်လုပြေးခဲ့ရတဲ့အဖြစ်

မြင်းတစ်ကောင်ပါတဲ့ဓာတ်ပုံတစ်ပုံကြောင့် အပြင်းအထန်ဝေဖန်ခံနေခဲ့ရသူလေး

@kristenhancher/Instagram

ဆိုရှယ်မီဒီယာစတားတွေကတော့ မိမိအကောင့်မှာ မရိုးရအောင် ပို့စ်အသစ်အဆန်းတွေနဲ့ ပုံတွေ တင်တတ်ကြပါတယ်။ ဒီသတင်းထဲက အမျိုးသမီးကတော့ သူမရဲ့ ပုံတစ်ပုံကြောင့် အွန်လိုင်းပေါ်က လူတစ်စုရဲ့ ပြစ်တင်ဝေဖန်ခြင်းတွေ ခံခဲ့ရပါတယ်။ ဘယ်လိုပုံများ ဖြစ်နေမလဲ..။

အတွင်းသားတွေဖော်လွန်းတဲ့ ကိုရီးယားရိုးရာဝတ်စုံကြောင့် ဝေဖန်ခံနေရတဲ့Miss Korea 2019

koreaboo

၂၀၁၉ ခုနှစ်အတွက် ကျင်းပတဲ့ Miss Korea ပြိုင်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုအကြောင်း သတင်းဖြစ်ပါတယ်။ ရိုးရာဝတ်စုံကို အထွင်လွန်ခဲ့တဲ့ ဒီပွဲမှာ ပြိုင်ပွဲဝင်အလှမယ်တွေရဲ့ ဘယ်လိုဖက်ရှင်ကြောင်း ပြဿနာတွေ ဖြစ်ခဲ့တာလဲ..။ အသေးစိတ်ကိုတော့ ခေါင်းစဉ်ကို click ထောက်ပြီး ဝင်ဖတ်ကြည့်လိုက်ပါဦး။

ပညာရှင်တွေ သုံးသပ်ပြထားတဲ့ တိုင်တန်းနစ်နစ်မြှုပ်ရခြင်းရဲ့ အဓိကတရားခံ

Wikimedia Commons

၁၉၁၂ ခုနှစ်မှာ နစ်မြုပ်သွားခဲ့တဲ့ တိုက်တန်းနစ် သင်္ဘောကြီးအကြောင်းကို တော်တော်များများ သိကြမှာပါ။ မှတ်တမ်းရုပ်ရှင်မှာတော့ ရေခဲတောင်ကို ဝင်တိုက်ခဲ့လို့ သင်္ဘောပျက်ခဲ့တယ်လို့ သိထားကြပေမယ့် ပညာရှင်တွေကတော့ အခြားအကြောင်းအရင်းကို ရှာတွေ့ခဲ့ကြပါတယ်။ စိတ်ဝင်စားစရာမို့ မဖတ်ရသေးရင် ဝင်ဖတ်ကြည့်ဦးနော် ပရိသတ်ကြီးရေ။

READ
မက်ဆေ့ခ်ျပို့နေရင်းကားမောင်းခဲ့သူတစ်ဦးကြောင့် လမ်းမလျှောက်နိုင်တော့သူ

ဘာလီမှာရှိတဲ့ နိဗ္ဗာန်ဝင်ပေါက်ဝဟာ ဓာတ်ပုံတွေထဲလိုမဟုတ်တာ သိပြီးကြပြီလား

diria_/Instagram, @ashwinvx/Twitter

ဘာလီကျွန်းရှိ ခရီးသွားဆွဲဆောင်မှု တစ်နေရာဖြစ်တဲ့ Gates of Heaven ရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တစ်ခုအကြောင်း ဖြစ်ပါတယ်။ တွစ်တာအကောင့်ပိုင်ရှင်တစ်ဦးက တင်ခဲ့တဲ့ ထိုအမှန်တရားကတော့ ဆိုရှယ်မီဒီယာပေါ်မှာ လတ်တလော တော်တော်လေး ဟော့သွားခဲ့ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ခေါင်းစဉ်လေး နှိပ်ပြီးဝင်ဖတ်ကြည့်လိုက်ပါနော်။

အခုလို စိတ်ဝင်စားစရာအကောင်းဆုံးသတင်းလေးတွေကို အပတ်စဉ်တိုင်း အကျဥ်းချုပ်စုစည်း တင်ဆက်သွားမှာဖြစ်လို့ Shwemom ပရိသတ်ကြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်..။

Shwemom
SHARE