(၂၀.၇.၁၉) မှ (၂၆.၇.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

Youtube/ViralHog, @leanna.leonardo/Instagram, Barcroft TV/YouTube, @kimi.hime/Instagram

ပြီးခဲ့တဲတစ်ပတ် ၂၀၁၉ ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

ရေဆင်းပိုက်ထဲကငြီးသံကြားပြီးနောက် အသက်(၃)ချောင်းကယ်တင်ခဲ့တဲ့အမျိုးသား

Youtube/ViralHog

ဒီလ ဇူလိုင် (၁၁) ရက်တုန်းက ဗီယက်နမ်နိုင်ငံမှာ ဖြစ်ပျက်ခဲ့ပြီး အွန်လိုင်းတစ်ခွင်နာမည်ကြီးသွားခဲ့တဲ့ သတင်းလေးပါ။ အမျိုးသားတစ်ယောက်က ရေဆင်းပိုက်ထဲက အသက် ၃ ချောင်းကို စိတ်ရှည်လက်ရှည် ကယ်ထုတ်ခဲ့ပုံလေးပါ။ ဗီဒီယိုလေးလည်း ပါတာမို့ မဖတ်ရသေးရင် ဝင်ဖတ်ကြည့်လိုက်ပါဦး။

၂၂ နှစ်နဲ့ တရားသူကြီးဖြစ်နေတယ်ဆိုတဲ့ ဓာတ်ပုံတွေရဲ့ နောက်ကွယ်က အကြောင်းအရင်းမှန်

@leanna.leonardo/Instagram

တရားသူကြီးဝတ်စုံဝတ်ထားလို့ တွစ်တာတစ်ခွင် Like သုံးသောင်းကျော်လောက် ရပြီး နာမည်ကြီးသွားခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ ယခင်တစ်ပတ်က ပရိသတ်တွေ စိတ်ဝင်စားမှု အများဆုံး ဒုတိယနေရာက သတင်းလေးပါ။ သူမအကြောင်း သိချင်ရင်တော့ ခေါင်းစဉ်လေး နှိပ်ပြီး ဝင်ဖတ်လိုက်ရုံပဲနော်။

READ
သဘာဝမအခုထိအဖြေရှာမရသေးတဲ့ Elisa Lam ဆိုတဲ့ကောင်မလေးရဲ့ သေဆုံးမှု

လက်ထပ်ထားတဲ့ချစ်သူကို အဖွားလို့ပဲအထင်ခံနေခဲ့ရတဲ့ YouTuber မလေးရဲ့အဖြစ်

Barcroft TV/YouTube

ဘရာဇီးသူ Youtuber မလေးနဲ့ သူမ လက်ထပ်ခဲ့တဲ့ ချစ်သူအမျိုးသမီးတို့ အကြောင်း ဖြစ်ပါတယ်။ အသက်ကွာလွန်းတဲ့ သူမတို့ နှစ်ယောက်ဟာ ဘယ်လိုဝေဖန်မှုမျိုးတွေနဲ့ ရင်ဆိုင်နေကြရလဲ၊ တစ်ယောက်အပေါ်တစ်ယောက် ဘယ်လိုမေတ္တာသက်ဝင်နေကြလဲဆိုတာ ဒီသတင်းထဲမှာ ဖော်ပြပေးထားတာမို့ ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြပါတယ်။

မြို့မှာလာနေထိုင်ပေးဖို့ လူတွေကို တောင်းတောင်းပန်ပန် ဖိတ်ခေါ်နေရတဲ့ မြို့လေးများ

YouTube/Tiziano Ponti_Shutterstock/Simone Padovani

ကမ္ဘာတစ်ဝှမ်းက အရမ်းလည်း လှပြီး လူတွေကို လာနေဖို့လည်း ကြေညာဖိတ်ခေါ်နေကြတဲ့ မြို့လေးတွေ အကြောင်း ဖြစ်ပါတယ်။ ဘယ်နိုင်ငံက ဘယ်မြို့တွေ ဖြစ်မလဲ..

နည်းပညာဝန်ကြီးဌာနရဲ့ဖိအားပေးခြင်းခံနေရတဲ့ အင်ဒိုက PUPG streamer မလေး

@kimi.hime/Instagram

လတ်တလော ပုရိသဂိမ်မာတွေကြား သိပ်ကိုမှ ဟော့ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူးနော်.. ပုံကြည့်ရင် ဘာကြောင့်လဲ ရိပ်စားမိမှာပါ။ ခေါင်းစဉ်ကို နှိပ်ပြီး ကိုယ်တိုင်ဝင်ဖတ်ကြည့်လိုက်ပါတော့.. 😛

READ
(၁၄)နှစ်အရွယ်ကျောင်းသားကို လိင်မှုကျူးလွန်လို့ တရားစွဲခံထားရတဲ့ ကျောင်းဆရာမ

အခုလို စိတ်ဝင်စားစရာအကောင်းဆုံးသတင်းလေးတွေကို အပတ်စဉ်တိုင်း အကျဥ်းချုပ်စုစည်း တင်ဆက်သွားမှာဖြစ်လို့ Shwemom ပရိသတ်ကြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်..။

Shwemom
SHARE