(၆.၇.၁၉) မှ (၁၂.၇.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

Image:fb/Aye Thaung, © Asaki / pikabu _ © onehurricane / reddit, Facebook "หนังสือพิมพ์ สยามชน", @_ang03/Twitter

ပြီးခဲ့တဲတစ်ပတ် ၂၀၁၉ ဇူလိုင်လ ၆ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

(၁) အလံပြောင်းပြန်ဖြစ်နေတယ်လို့ ဝေဖန်ကြတဲ့ အပေါ် မအေးသောင်း ပြန်ဖြေရှင်း

Image:fb/Aye Thaung

ယခင်တစ်ပတ်က အဟော့ဆုံး topic ကတော့ ယူနစ်စကိုအသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားခဲ့တဲ့ ပုဂံဖြစ်ပါတယ်။ ထိုယူနက်စကိုအစည်းအဝေးကို မြန်မာကိုယ်စားပြု တက်ရောက်ခဲ့တဲ့ မအေးသောင်းလည်း အတော်ကို ပေါ်ပြူလာဖြစ်ခဲ့ပါတယ်။ Shwemom ရဲ့ ယခင်တစ်ပတ် လူဖတ်အများဆုံး ဖြစ်ခဲ့တဲ့ သတင်းကတော့ ထိုပွဲတုန်းက ကိစ္စတစ်ခုအတွက် မအေးသောင်းက ပြန်ဖြေရှင်းထားတဲ့ သတင်းဖြစ်ပါတယ်။ မသိသေးတဲ့ ပရိသတ်တွေ ခေါင်းစဉ်လေး နှိပ်ပြီး ဖတ်ကြည့်လိုက်လို့ရတယ်နော်။

READ
ရောဂါခံစားနေရတဲ့ဆရာကိုကုဖို့ ပေါင်၂သောင်းကျော် ရန်ပုံငွေရှာခဲ့တဲ့တပည့်များ

(၂) ဟာသလုပ်ပြီးဗီဒီယိုရိုက်ခဲ့ရာကနေ ထောင်အနှစ်(၂၀)ကျမယ့်အရေးနဲ့ရင်ဆိုင်နေရသူ

@BlindDensetsu/Instagram

မြန်မာမှာတော့ အချို့တွေက အစားအစာကို ပစ်စလက်ခတ်လုပ်တာဟာ မကောင်းတဲ့ အမူအကျင့်အဖြစ် သတ်မှတ်ထားကြသူတွေ ရှိပါတယ်။ ဒီသတင်းထဲက အမေရိကန် အမျိုးသမီးကတော့ စူပါမားကတ်ထဲ ရောင်းချနေတဲ့ အစားအစာကို ရွံရှာဖွယ် လုပ်ခဲ့လို့ တရားဥပဒေနဲ့ပါ ရင်ဆိုင်ရမလို ဖြစ်နေပါပြီ။ သတင်းအပြည့်အစုံကို ခေါင်းစဉ်နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

(၃) မာကျောပါတယ်ဆိုတဲ့ နှလုံးသားကိုတောင် အရည်ပျော်ကျသွားလောက်တဲ့ ဓာတ်ပုံများ

© Asaki / pikabu _ © onehurricane / reddit

Shwemom ပရိသတ်တွေကတော့ ဓာတ်ပုံသတင်းလေးတွေကိုလည်း အကြိုက်တွေ့တတ်ပါတယ်။ ဒီတစ်ခါမှာတော့ မြင်ရသူတိုင်း ကြည်နူးသွားစေတဲ့ ဓာတ်ပုံလေးများ စုစည်းမှုပါ။ ခံစားကြည့်ရှုလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

(၄) အကင်ရောင်းရင်းဇာတ်မြှုပ်နေတာတောင် ဆိုရှယ်မီဒီယာကြောင့်အဖမ်းခံလိုက်ရတဲ့ဝရမ်းပြေး

Facebook “หนังสือพิมพ์ สยามชน”

ဆိုရှယ်မီဒီယာက အချက်အလက်ပြန့်ပွားစေမှုကြောင့် လူတွေကို အကူအညီဖြစ်စေနိုင်ပေမယ့် အချို့လူတွေအတွက်တော့ ဘေးဒုက္ခတောင် ဖြစ်စေနိုင်တယ်လို့ ဆိုရမလိုပါပဲ။ ထိုင်းမှာ ဇာတ်မြှုပ်နေခဲ့တဲ့ ဂျာမန်အမျိုးသားတစ်ဦးက ဆိုရှယ်မီဒီယာကြောင့် ဘယ်လိုအဖြစ်တွေ ကြုံခဲ့ရတယ်ဆိုတာ အွန်လိုင်းပရိသတ်တွေအတွက် စိတ်ဝင်စားစရာ သတင်းဖြစ်ခဲ့ရပါတယ်။ ပရိသတ်ကြီးလည်း အကြောင်းစုံသိရဖို့ ခေါင်းစဉ်ကို click ထောက်လိုက်ဦးနော်။

READ
ခေတ်စားနေတဲ့ K-pop အသဲလေး လုပ်ပြပြီး ပျော်နေပုံရတဲ့ ကင်ဂျုံအန်

(၅) တိရိစ္ဆာန်ရုံရဲ့အထူးအစီအစဉ်ကြောင့် လိပ်ပြာလွင့်မတတ်လန့်ဖျန့်သွားခဲ့ရသူလေး

@_ang03/Twitter

စင်ကာပူက တိရိစ္ဆာန်ရုံမှာ ပွဲရဲ့ အထူးပြကွက်အတွက် ပါဝင်ဖို့ သဘောတူထားတဲ့ ဧည့်သည်တွေကို ပြပွဲဝန်ထမ်းတွေက စပရိုက်စ်တစ်ခု လုပ်ခဲ့တဲ့ အကြောင်းပါ။ ဧည့်သည်တွေနေရာမှာ နှလုံးရောဂါရှိသူသာဆို အတော်ကို မလွယ်ပါဘူး။ ဗီဒီယိုကို ပရိသတ်ကြီး ကိုယ်တိုင်သာ ဝင်ကြည့်လိုက်ကြပါဦး။

အခုလို စိတ်ဝင်စားစရာအကောင်းဆုံးသတင်းလေးတွေကို အပတ်စဉ်တိုင်း အကျဥ်းချုပ်စုစည်း တင်ဆက်သွားမှာဖြစ်လို့ Shwemom ပရိသတ်ကြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်..။

Shwemom

SHARE