(၁.၆.၁၉) မှ (၇.၆.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

ပြီးခဲ့တဲတစ်ပတ် ၂၀၁၉ ဇွန်လ ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

(၁) ပြည်တွင်းမှာသာမက ပြည်ပမှာပါအောင်မြင်နေတဲ့ မြန်မာနိုင်ငံသား အနုပညာရှင်များ

ယခင်တစ်ပတ်က Shwemom ရဲ့ လူစိတ်ဝင်စားမှုအများဆုံး သတင်းကတော့ နိုင်ငံကိုယ်စားပြုပြီး ပြည်ပမှာ အောင်မြင်နေကြတဲ့ မြန်မာအနုပညာရှင်များစာရင်း ဖြစ်ပါတယ်။ အနုပညာလောကရဲ့ ဂုဏ်ယူစရာ သူတို့အကြောင်းကို ဝင်ဖတ်ကြည့်လိုက်ဦးနော်။

(၂) Bad Genius ထဲက မင်းသမီးအယေကြာင်း သင်မသိသေးတဲ့ အချက် (၁၁) ချက်

အောင်မြင်မှုများစွာရခဲ့တဲ့ Bad Genius ထိုင်းဇာတ်ကားထဲက မင်းသမီးလေး Chutimon အကြောင်းကို တင်ဆက်ပေးထားပါတယ်။ ယခင်တစ်ပတ်က လူဖတ်အများဆုံးသတင်းနေရာမှာ ဒုတိယဖြစ်ခဲ့ပါတယ်။

READ
နှစ်ပေါင်း(၁၀၀)ကျော်က စိတ်ကျန်းမာရေးဂေဟာကြီးရဲ့ ခြောက်ခြားဖွယ်ရာ ပုံရိပ်များ

(၃) မတူညီတဲ့ နိုင်ငံတွေမှာ ကျောင်းယူနီဖောင်းတွေကို မတူညီစွာ သတ်မှတ်ထားကြပုံ

ကျောင်းဖွင့်ရာသီဖြစ်တာနဲ့အညီ စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုကတော့ တခြားနိုင်ငံတွေမှာလည်း ဘယ်လိုကျောင်းယူနီဖောင်းတွေ ဝတ်ဆင်ကြလဲဆိုတာပါ။ နိုင်ငံပေါင်း ၁၅ နိုင်ငံက တူညီဝတ်စုံတွေအကြောင်းကို ဖော်ပြထားပါတယ်။

(၄) ပညာရေးအကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ အာရှ ဇာတ်ကား (၆)ကား

Shwemom ကနေ ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတွေကို ရွေးချယ်တင်ဆက်ပေးလေ့ရှိရာ ယခုအခါမှာတော့ ကျောင်းသားနဲ့ ပညာရေးအကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းများအကြောင်း ဖော်ပြပေးထားပါတယ်။ ထရေလာများလည်း ထည့်ပေးထားတဲ့အတွက် ဇာတ်လမ်းအကျဉ်းနဲ့တကွ ဝင်ရောက်ဖတ်ရှုခံစားလိုက်ကြပါဦး။

(၅) အကြွေးပြန်ရစရာတွေရှိပေမယ့် ပြန်တောင်းရမှာအားနာသူတွေဖို့ အကြံပြုချက် ၄ ခု

လူတော်တော်များများ ကြုံဖူးကြမှာကတော့ ပိုက်ဆံချေးပေးလိုက်ပေမယ့် ပြန်ရစရာရှိတာကိုတော့ ပြန်မရတတ်ကြခြင်းပါ။ ဒါဆို ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းမလဲ… Shwemom ကနေ အကြံပေးထားပါတယ်နော်။ ခေါင်းစဉ်လေးနှိပ်ပြီး ဝင်ဖတ်လိုက်ရုံပါပဲ။

READ
Wonder Woman နဲ့ တူအောင် နံရိုး၆ချောင်းဖယ်ထုတ်ခဲ့တဲ့ အမျိုးသမီး

အခုလို စိတ်ဝင်စားစရာအကောင်းဆုံးသတင်းလေးတွေကို အပတ်စဉ်တိုင်း အကျဥ်းချုပ်စုစည်း တင်ဆက်သွားမှာဖြစ်လို့ Shwemom ပရိသတ်ကြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်..။

SHARE