(၈.၆.၁၉) မှ (၁၄.၆.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

ngoc-trinh/ facebook. Han thi ‘s fb. itws_a / Twitter. BBC Earth / Youtube

ပြီးခဲ့တဲတစ်ပတ် ၂၀၁၉ ဇွန်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

ထွင်းဖောက်မြင်ဝတ်စုံ ဝတ်ဆင်ခဲ့တဲ့ ဗီယက်နမ်မော်ဒယ်ကို အရေးယူဖို့ပြင်နေတဲ့ အာဏာပိုင်အဖွဲ့

ngoc-trinh/ facebook

ကိန်းရုပ်ရှင်ပွဲတော်ကို တက်ရောက်လာခဲ့တဲ့ ဗီယက်နမ်မော်ဒယ်တစ်ယောက် သူမရဲ့ ဝတ်စားဆင်ယင်ပုံကြောင့် ဗီယက်နမ်အာဏာပိုင်တွေရဲ့ အရေးယူခြင်းခံရတော့မယ့် သတင်းဖြစ်ပါတယ်။ သူမရဲ့ ဝတ်စုံကို စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့အတွက် လူဖတ်အများဆုံးသတင်းမှာလည်း နံပါတ်တစ် ဖြစ်ခဲ့ပါတယ်။

နှစ် ၄၀ ကြာမဖွင့်နိုင်ခဲ့တဲ့ ပြတိုက်ထဲက မီးခံသတ္တာကြီးကို စက္ကန့် ၃၀ ထဲနဲ့ဖွင့်နိုင်ခဲ့သူ

Stephen Mills/Facebook

ကနေဒါနိုင်ငံက ပြတိုက်တစ်ခုမှာ နှစ် ၄၀ ကြအောင် ခရီးသွားတွေကို ဆွဲဆောင်နေခဲ့တဲ့ မီးခံသေတ္တာကြီးတစ်လုံးရှိပါတယ်။ မကြာသေးခင်ကတော့ ထိုမီးခံသေတ္တာကြီးကို စက္ကန့်ပိုင်းအတွင်း ဖွင့်နိုင်သူ ပေါ်လာခဲ့ပါတယ်။ ဘယ်လိုဖွင့်နိုင်ခဲ့လဲ အထဲမှ ဘာတွေရှိနေခဲ့လဲ စိတ်ဝင်စားစရာပါပဲနော်။ ခေါင်းစဉ်ကို နှိပ်ပြီး သတင်းအပြည့်အစုံကို ဝင်ဖတ်ကြည့်နိုင်ပါတယ်။

READ
သွားလေသူ သမီးအတွက် သူမရင်ငွေ့လှုံထားတဲ့ အရုပ်လေးထည့်ပေးခဲ့တဲ့ အမျိုးသမီး

Asia Model Awards မှာ ဟန်တီက Asia Model Star Award ဆုရရှိ

Han thi ‘s fb

ဝတ်မှုံရွှေရည်နဲ့ ဟန်တီတို့ကတော့ ၂၀၁၉ ခုနှစ်ရဲ့ Asia Model Star Award ဆုပေးပွဲမှာ မြန်မာ့ဂုဏ်ဆောင်ပြီး ဆုအသီးသီးရရှိခဲ့ကြပါတယ်။ ဒီသတင်းကတော့ ယခင်တစ်ပတ် Shwemom မှာ လူဖတ်အများဆုံး နံပါတ်သုံးနေရာပါ။

မိတ်ကပ်မပါတဲ့ ရုပ်ကို ပြသရဲလို့ နာမည်ကြီးသွားတဲ့ ဂျပန်က Cosplayer မလေး

itws_a / Twitter

မိတ်ကပ်ဆိုတာ ဖန်တီးနိုင်ရင် ဖန်တီးနိုင်သလောက် လူတွေကို လုံးဝတခြားတစ်ယောက်လို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဂျပန်နိုင်ငံက cosplayer မလေးတစ်ယောက် သက်သေပါပဲ။ သူက သူ့ရဲ့ မိတ်ကပ်ပြည့်နဲ့ cosplayer ဒီဇိုင်းကို မိတ်ကပ်မလိမ်းရသေးပုံနဲ့ နှိုင်းယှဉ်ပြခဲ့တာဆိုရင် အွန်လိုင်းမှာ အတော်လေးကိုမှ နာမည်ကြီးသွားခဲ့ပါတယ်။ ဘယ်လိုပုံဖြစ်မလဲ.. မကြည့်ရသေးရင် ဝင်ကြည့်လိုက်ဦးနော်.. 😛

READ
တင်ပါးလှုပ်အကနဲ့ အွန်လိုင်းမှာ တိုက်ရိုက်ဖျော်ဖြေခဲ့တဲ့ မိန်းကလေးနှစ်ယောက်ရဲ့အဖြစ်ဆိုး

ကိုက်ဖြတ်သတ္တ၀ါတွေအတွက် အိမ်သာသဖွယ်ဖြစ်နေတဲ့ အသားစားအပင်တစ်မျိုး

BBC Earth / Youtube

သဘာဝတရား ဂေဟစနစ်ကြီးက အလွန်ကိုမှ အံ့သြစရာတွေ ပြည့်နှက်နေပါတယ်။ ဘော်နီယိုကျွန်းရဲ့ ရေကရားပင်ကြီးတွေနဲ့ ကိုက်ဖြတ်သတ္တဝါလေးတွေက အပြန်အလှန် ဘယ်လိုအကျိုးပြုနေကြလဲဆိုတာ ဒီဆောင်းပါးထဲမှာ တွေ့မြင်ရမှာပါ။ ဗီဒီယိုလည်း ပါတာမို့ စိတ်ဝင်စားဖွယ် ဒီအကြောင်းကို ဝင်ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါဦး။

အခုလို စိတ်ဝင်စားစရာအကောင်းဆုံးသတင်းလေးတွေကို အပတ်စဉ်တိုင်း အကျဥ်းချုပ်စုစည်း တင်ဆက်သွားမှာဖြစ်လို့ Shwemom ပရိသတ်ကြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်..။

Shwemom

SHARE