(၁၆.၃.၁၉) မှ (၂၂.၃.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

ပြီးခဲ့တဲတစ်ပတ် ၂၀၁၉ မတ်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

(၁) “Star Awards” ကနေ နုတ်ထွက်ကြောင်း သူတို့တွေပါ ကြေညာလိုက်ကြပြီ…

ရုပ်သံထူးချွန်ဆုပေးပွဲ “Star Awards” ရဲ့ ဆုတစ်ဆုဖြစ်တဲ့ People Choice Award ဆု ရွေးချယ်မှုမှာ sms voting စနစ် ထည့်သွင်းခဲ့တဲ့အတွက် အနုပညာရှင်အချို့က ထိုဆုစာရင်းထဲက နုတ်ထွက်ကြောင်း ကြေညာခဲ့ကြတဲ့ သတင်းပါ။ ဘယ်အနုပညာရှင်တွေ နုတ်ထွက်ခဲ့ကြလဲ မသိရသေးရင် ဝင်ဖတ်ကြည့်လိုက်ပါဦး။

READ
လက်စတာအသင်းက ကမ္ဘာ့အချမ်းသာဆုံး ရွက်ပုန်းသီး ဘောလုံးသမားလေး

(၂) ကျောင်းသင်္ကြန်မှာ ပါဝင်ဆင်နွှဲနေတဲ့ ဆေးကျောင်းသူလေး သိဂီင်္မောင်မောင်

ဆိုရှယ်မီဒီယာစတားတစ်ဦးဖြစ်တဲ့ သိင်္ဂီမောင်မောင်တစ်ယောက် သူမရဲ့ ကျောင်းသင်္ကြန်က ပုံရိပ်လေးတွေကို တင်လိုက်တဲ့ အကြောင်းပါ။ သူမရဲ့ ပရိသတ်တွေကတော့ သည်းသည်းလှုပ်အားပေးခဲ့ကြတဲ့အတွက် ဒီသတင်းက ယခင်တစ်ပတ်ရဲ့ လူဖတ်အများဆုံး နံပါတ် ၂ နေရာမှာ ရှိခဲ့ပါတယ်။

(၃) ခိုတစ်ကောင်ကို ဒေါ်လာ ၁ သန်းကျော် ပေးဝယ်ခဲ့ကြတဲ့ တရုတ်မီလျံနာများ

တရုတ်မှာ ခေတ်စားလာတဲ့ ပြိုင်ပွဲတစ်မျိုးအတွက် တရုတ်မီလျံနာတွေဟာ ခိုတွေကို ဈေးကောင်းပေးဝယ်နေတဲ့ သတင်းတစ်ပုဒ်ပါ။ ဘယ်လိုအကြောင်းကြောင့် ခိုတွေက အဖိုးတန်တိရိစ္ဆာန်တွေ ဖြစ်လာလဲ သိချင်ရင် ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်ကြည့်လိုက်ဦးနော်။

(၄) ချစ်ရသူနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ “ချစ်ခြင်းတရားတို့ရှိရာ” ဇာတ်လမ်းထဲက မင်းသမီးလေး မေဧကရီထူး

လက်ရှိထုတ်လွှင့်ပြသနေတဲ့ MRTV-4 ဇာတ်လမ်းတွဲထဲက မင်းသမီးလေး မေဧကရီထူးတစ်ယောက် ချစ်သူနဲ့ စေ့စပ်လိုက်ပြီဆိုတဲ့ သတင်းလေးပါ။ ယခင်တစ်ပတ်က လူဖတ်အများဆုံးသတင်းတွေထဲမှာ နံပါတ် ၄ ပါ။

READ
သင် လိုက်လုပ်ဖို့မလွယ်တဲ့ နောက်ဆုံးပေါ် Hand Challenge

(၅) နွမ်းပါးသူတွေကို ဘူးခွံ/ ပုလင်းခွံတွေနဲ့ အိမ်လိုက်ဆောက်ပေးနေတဲ့ ဘိုလီးဗီးယန်းသူ

ဘိုလီးဗီးယားနိုင်ငံက ဗိသုကာပညာရှင် အမျိုးသမီးတစ်ဦးရဲ့ လေးစားဖွယ် လုပ်ဆောင်မှုတစ်ခု အကြောင်းကို ဖော်ပြထားပါတယ်။ စွန့်ပစ်ထားတဲ့ ဘူးခွံတွေကို ဘယ်လို အကျိုးရှိရှိ အသုံးချသွားလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

အခုလို စိတ်ဝင်စားစရာအကောင်းဆုံးသတင်းလေးတွေကို အပတ်စဉ်တိုင်း အကျဥ်းချုပ်စုစည်း တင်ဆက်သွားမှာဖြစ်လို့ Shwemom ပရိသတ်ကြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်..။

Ref: www.shwemom.com

SHARE