(၁၁.၄.၁၉) မှ (၁၇.၅.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

ပြီးခဲ့တဲတစ်ပတ် ၂၀၁၉ မေလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း Shwemom သတင်းမီဒီယာမှာ လူကြိုက်အများဆုံး သတင်းဆောင်းပါး(၅)ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းဆောင်းပါး (၅)ပုဒ်ဟာ လူစိတ်ဝင်စားမှုများပြီး ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ဖတ်ရှုမှုမှာ ထိပ်ဆုံး(၅)နေရာမှာ ရှိခဲ့ရာ ဖတ်ပြီးသူတွေလည်း ထပ်ကြည့်လို့ရအောင်၊ မဖတ်ရသေးသူတွေလည်း ဝင်ဖတ်လို့ရအောင် ပြန်လည် ဖော်ပြပေးထားပါတယ်။ သတင်းခေါင်းစဉ် တစ်ခုစီကို နှိပ်လိုက်တာနဲ့ မူရင်းသတင်းသို့ သွားပြီး အပြည့်အစုံဝင်ကြည့်လို့ ရပါတယ်နော်..။

(၁) Mobile Legends Acc နှစ်(၃၀)အထိ Ban ခံရလို့ ဝမ်းနည်းစွာ ငိုကြွေးနေတဲ့ကလေးငယ်

ဖိလစ်ပိုင်က ကလေးတစ်ဦး သူ့ရဲ့ Mobile Legends အကောင့် အပိတ်ခံလိုက်ရလို့ ငိုကြွေးနေပုံကို ဖခင်ဖြစ်သူက ဗီဒီယိုမှတ်တမ်းတင်ပြီး အင်တာနက်ပေါ် တင်လိုက်တဲ့ အကြောင်းပါ။ Shwemom ပရိသတ်တွေကြား ယခင်ပတ်က ရေပန်းအစားဆုံး သတင်းလေး ဖြစ်ခဲ့ပါတယ်။

READ
သြစတျေးလျတရားရုံးကနေ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ပေးလိုက်တဲ့၁၂အရွယ်ကောင်မလေး

(၂) Game of Thrones စီးရီး ဖန်တီးသူတို့ရဲ့ ပေါ့ဆမှုတွေကို ပရိသတ်တွေက ထောက်ပြပုံ

ကမ္ဘာကျော်ဇာတ်လမ်းတွဲမှာလည်း ဖန်တီးသူတွေရဲ့ ပေါ့ဆမှုတွေ ပါနေနိုင်တယ်ဆိုတာ တွေ့ရမယ့် ဓာတ်ပုံသတင်းတစ်ပုဒ်ပါ။ Game of Thrones စီးရီးထဲ ဘယ်လိုအမှားမျိုးတွေ ပါတာကို ပရိသတ်တွေ သတိထားမိခဲ့ကြလဲ ကြည့်လိုက်ကြရအောင်။

(၃) ဒိုင်ဗင်ထိုးပြီး ပန်းဝင်ဖို့ကြိုးစားတဲ့ အပြေးသမားရဲ့အဖြစ်ဆိုး

အမေရိကန်မှာ ကျင်းပခဲ့တဲ့ ပြေးခုန်ပစ်ပွဲတစ်ပွဲမှာတော့ ပြိုင်ပွဲဝင်တစ်ယောက်က ရွှေတံဆိပ်ဆုရဖို့ မထင်မှတ်ထားတဲ့နည်းနဲ့ ပန်းဝင်အောင် ကြိုးစားခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ဗီဒီယိုလည်း ဖော်ပြထားပြီး ဝင်ရောက်ကြည့်ရှုသူအများဆုံး တတိယနေရာမှာ ရှိခဲ့တဲ့ သတင်းတစ်ပုဒ်ပါ။

(၄) ယုံကြည်မှုအပြည့်နဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ဖက်ရှင်လေးကို ဝတ်ဆင်လာတဲ့ နေခြည်ဦး

Rexona ရဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲမှာ Brand Ambassador အဖြစ် တက်ရောက်လာတဲ့ နေခြည်ဦးရဲ့ ပုံရိပ်တွေကို တွေ့မြင်ရမယ့် သတင်း ဖြစ်ပါတယ်။ အမြင်မရိုင်းဘဲ ဆွဲဆောင်မှုရှိနေတဲ့ ခြည်ခြည့်ရဲ့ ပုံတွေကို ပရိသတ်တွေ သဘောကျခဲ့ကြပါတယ်။

READ
ရဲနဲ့ အချင်းများပြီးနောက်၊ ထင်မှတ်မထားဘဲ ရဲသားကြီးကို အာဘွားပေးခဲ့တဲ့ အမျိုးသား

(၅) အင်မတန် စဉ်းစားဉာဏ်သွက်တဲ့ ဒရိုင်ဘာကြောင့် ကံကောင်းသွားတဲ့ ကျောင်းသား

ကားပေါ်က ဆင်းခါနီး နောက်ကားတွေကို အမြဲသတိထားသင့်ကြောင်း ဖော်ပြနေတဲ့ ဖြစ်ရပ်ပါ။ ဗီဒီယိုထဲက ကျောင်းသားကတော့ ဒရိုင်ဘာအမျိုးသမီးရဲ့ အတွေးမြန်မှုကြောင့် ဘေးကင်းသွားခဲ့ပါတယ်။ ယခင်တစ်ပတ်က လူဖတ်အများဆုံး သတင်းနေရာမှာ နံပါတ် (၅) ပါ။

အခုလို စိတ်ဝင်စားစရာအကောင်းဆုံးသတင်းလေးတွေကို အပတ်စဉ်တိုင်း အကျဥ်းချုပ်စုစည်း တင်ဆက်သွားမှာဖြစ်လို့ Shwemom ပရိသတ်ကြီး စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်နော်..။

Ref: www.shwemိom.com

SHARE