Supra Myanmar Beauty Pageant အဖွဲ့အစည်းမှ ဦးစီးတဲ့ TOP SUPER MODEL MYANMAR 2019 ကိုယ်စားပြုမြို့များ ချီးမြှင့်ခြင်းအခမ်းအနားနဲ့ မီဒီယာပွဲကြီးကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့ (၁၅.၁၁.၂၀၁၉)တုန်းက ကန်တော်ကြီး၊ Utopia Tower မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

Grand Final မှာ ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲဝင်တွေကို အမြို့မြို့ အနယ်နယ်မှ စိစစ်ရွေးထုတ်ထားတာ ဖြစ်ပြီး ထိုပွဲမှာတော့ ပြိုင်ပွဲဝင် တစ်ဦးချင်းစီကို မီဒီယာများနဲ့ မိတ်ဆက်ပေးသွားတာလည်း ဖြစ်ပါတယ်။ မိတ်ဆက်ပေးသွားတဲ့အထဲမှာတော့ Miss Golden Land Myanmar 2019 city winner အလှမယ် (၃)ဦး၊ Top Super Model Myanmar 2019 city winner တွေနဲ့ အိမ်ထောင်ရှင်အလှမယ် ပြိုင်ပွဲအတွက် Miss Supra Myanmar Beauty Queen 2019 finalist ပြိုင်ပွဲဝင် (၄)ဦးတို့ ဖြစ်ကြပါတယ်။
ပြိုင်ပွဲပေါင်းများစွာဟာ မြန်မာနိုင်ငံတဝှမ်း အမြို့မြို့အနယ်နယ်က ရွက်ပုန်းသီးလေးများ ဖြစ်ကြပြီး သူတို့ရဲ့ စွမ်းရည်တွေကိုလည်း ကိုယ်စီထုတ်ပြသွားကြပါတယ်။ ဖေဖော်ဝါရီလမှာ ပြုလုပ်ကျင်းပမယ့် Grand Final အတွက် Finalist တွေကိုလည်း SMBP founder ကိုပြည့်စုံမှ crown နဲ့ စလွယ်များ ချီးမြှင့်ပေးသွားခဲ့ပါတယ်။

Top Super Model Myanmar 2019 Grand Final မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် city winner တွေကတော့ ရန်ကုန်၊ ငွေဆောင်၊ ကယား၊ ဖားကန့်၊ သထုံကိုယ်စားပြု အမျိုးသမီး ပြိုင်ပွဲဝင်တွေနဲ့ စစ်ကိုင်း၊ ဖားကန့်၊ ပဲခူးအရှေ့ပိုင်း၊ ရန်ကုန်ကိုယ်စားပြု အမျိုးသား ပြိုင်ပွဲဝင်များ ဖြစ်ကြပါတယ်။ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲအတွက် finalist များမှာတော့ မြဝတီ၊ ပုဂံ၊ ပြင်ဦးလွင်နဲ့ စစ်တွေတို့မှ ကိုယ်စားပြု အလှမယ်တွေ ဖြစ်ကြပါတယ်။


Grand Final ပွဲတွေကိုတော့ ၁၂ လပိုင်းနဲ့ ၂ လပိုင်းမှာ ပြုလုပ်ကျင်းပသွားမှာလည်းဖြစ်လို့ ပရိသတ်တွေလည်း စောင့်မျှော်အားပေးပြီး ဝန်းရံနိုင်ကြဖို့ သတင်းပါးလိုက်ပါတယ်နော်။
Shwemom
Reference: Facebook/Supra Myanmar Beauty Pageant