အကောင်းဆုံး ဟန်းနီးမွန်းခရီးစဉ်လေးဖြစ်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်များ

သာမန်စုံတွဲတွေအဖို့ မင်္ဂလာပွဲတစ်ပွဲ ဖြစ်မြောက်အောင် ပြင်ဆင်စီမံရတာဟာ ငွေရေးကြေးရေးအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ဖိစီးမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဟန်းနီးမွန်းခရီး အတူသွားရာမှာတော့ ဒီလိုဖိစီးမှုမျိုးတွေ မရှိသင့်ပါဘူး။ ခရီးသွားကျွမ်းကျင်ပညာရှင်တစ်ဦးက ကြင်စဦးဇနီးမောင်နှံတွေအတွက် ပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဟန်းနီးမွန်းခရီးစဉ် ဖြစ်ဖို့အရေး အောက်ပါအချက်လေးတွေကို ပြုလုပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

ညှိုနှိုင်းတတ်ပါစေ

suretravel

အိမ်ထောင်ကောင်းတစ်ခုရဲ့ အဓိက အခြေခံအုတ်မြစ်ဟာ ဘယ်အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ညှိုနှိုင်းသင့်တယ်ဆိုတာ နားလည်သဘောပေါက်ခြင်းပါပဲ။ ဒီလိုညှိုနှိုင်းမှုတွေထဲမှာ ဟန်းနီးမွန်းခရီးစဉ်ဟာ အဦးဆုံးပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်လည်း သွားချင်တဲ့ ၊ သူလည်း သွားချင်တဲ့ နေရာ (၃) ခုလောက်စီရွေးပြီး ထိုထဲကမှ လက်ထဲက ငွေနဲ့လည်း ကိုက်ညီမယ့် အသင့်တော်ဆုံး နေရာလေးတွေကို အတူတူ ရွေးချယ်နိုင်ပါတယ်။

စွန့်စားပါ

suretravel

သဲဖြူဖြူလေးတွေပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် လိုက်တမ်းပြေးတမ်းဆော့၊ နေ၀င်ချိန်အလှကို တစ်ဦးနဲ့တစ်ဦး မှီပြီး စောင့်ကြည့်တာတွေက အရင် ခေတ်ဟောင်း ဟန်းနီးမွန်း အငြိမ်ပုံစံတွေပါ။ တကယ်တော့ ဟန်းနီးမွန်းအချိန်ဆိုတာ ရယ်သံတွေနဲ့ ညံနေရမှာဖြစ်ပြီး ရင်ခုန်ဖွယ်အတွေ့အကြုံတွေကို ခံစားရမယ့် အချိန်ကောင်းတစ်ခုဖြစ်တာကြောင့် စွန့်စားမှုပြုလုပ်ဖို့ မကြောက်ပါနဲ့။ ဒီလိုအချိန်က တစ်နေ့ ကိုယ့်ရဲ့ တစ်သက်တာ အမှတ်တရ ဖြစ်လာမှာပါ။

READ
ကောင်မလေးတွေချစ်သူနဲ့ လမ်းခွဲရသည့်အကြောင်းအရင်းများ

ခရီးသွား package နဲ့ သွားဖို့ စဉ်းစားပါ

suretravel

ခရီးသွားတာ နှစ်ယောက်တည်းဖြစ်နေရင် တစ်နေရာထဲမှာ အချိန်အကြာကြီးထိုင်ပြီး အေးအေးဆေးဆေး ဖြစ်နေတာက ခရီးလည်း မတွင်သလို ပျင်းစရာလည်း ကောင်းပါတယ်။ ဒါကြောင့် ခရီးသွား package တစ်ခုမှာ ဘွတ်ကင်တင်ပြီး သွားတာရင် နေရာစုံလည်း ရောက်မယ့်အပြင် ပျင်းချိန်တောင် ရမှာ မဟုတ်ပါဘူး။

ကြိုတင်ပြင်ဆင်ပါ

suretravel

တကယ်လို့ ကိုယ့်ရဲ့ ဟန်းနီးမွန်းခရီးစဉ်က ဒီနေရာသွားဖို့ သေချာနေပြီဆိုရင် (၄-၅) လလောက်ကတည်းက ကြိုတင်ပြီး လေယာဉ်လက်မှတ်ဝယ်ထားတွေ လုပ်ပါတော့။ လေယာဉ်တွေဟာ ဘွတ်ကင်စောဖြတ်တဲ့အခါ လက်မှတ်ခ သက်သာပါတယ်။ အလားတူပဲ ကိုယ်ရောက်သွားရင် တည်းခိုမယ့်နေရာကို ကြိုတင်ဖုန်းဆက်မေးမြန်းပြီး နေ့ရက် အချိန် စသဖြင့် တိတိကျကျ ပြောပြထားတာ အကောင်းဆုံးပါ။ ဒါပေမယ့် ခရစ္စမတ်၊ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေ ဆက်နေတဲ့ ကာလတွေတော့ လူကြပ်တာဖြစ်လို့ အဲဒီရက်တွေကို ရှောင်နိုင်ရင် ပိုကောင်းပါတယ်။

ဟန်းနီးမွန်းစုံတွဲ ဖြစ်ကြောင်း လူသိပါစေ

suretravel

တကယ်လို့ ကိုယ်တွေစုံတွဲက ခရီးသွား package နဲ့ သွားဖြစ်မယ်ဆိုရင် ကိုယ်တို့ဟာ အခုမှ ဟန်းနီးမွန်းထွက်လာတဲ့ကြင်စဦးတွေ ဖြစ်ကြောင်း ခရီးသွားအေးဂျင့်ကို အသိပေးလိုက်ပါ။ ဘာကြောင့်လည်းဆိုတော့ တစ်ခါတစ်လေ လေကြောင်းလိုင်းတွေက ဟန်းနီးမွန်းဒစ်စကောင့် စသဖြင့် လက်မှတ်ကို လျော့ဈေးချပြီး ပေးတတ်တာတွေ ရှိပါတယ်။ ဒါပေမယ့် လေကြောင်းလိုင်းက အထောက်အထားတောင်းရင် ပေးလို့ရအောင် လက်ထပ်ပြီးစီးကြောင်း စာချုပ်ကို ကော်ပီဆွဲပြီး ယူလာဖို့တော့ မမေ့ပါနဲ့ဦး။

READ
ပျိုမေတို့ တစ်သက်လုံးစိတ်ချမ်းသာဖို့ ရွေးချယ်သင့်တဲ့အိမ်ထောင်ဖက်(၅)မျိုး

ကိုယ့်အတိုင်းအတာထက် ပိုမသုံးမိပါစေနဲ့

suretravel

ဟန်းနီးမွန်းခရီးမှာ ပိုက်ဆံဘယ်လောက်ကျန်သေးလဲ၊ ဒီဟာလေး သုံးလိုက်ရင် လောက်ပါ့မလား စတဲ့ ဖီလင်မျိုးဝင်လာတာလောက် ဆိုးဝါးခါးသီးတာ မရှိပါဘူး။ ဒါကြောင့် စုံတွဲတွေအတွက် အကြံပေးချင်တာတစ်ခုက ကိုယ်မရောက်ဖူးတဲ့ တိုင်းခြားပြည်ခြား သွားလည်မယ်ဆိုရင် package နဲ့ သွားတာ အသင့်တော်ဆုံးပါ။ package ဆိုတာမှာလည်း ကိုယ်ဝယ်ခြမ်းမယ့် ပစ္စည်းပစ္စယာကလွဲရင် တပြားမှ ပြန်ထုတ်စရာမလိုတဲ့ package ကို ပြောတာပါ။ အချိန်ကုန်လည်း သက်သာ၊ စိတ်ပင်ပန်းတာလည်း သက်သာစေပါတယ်။ ဒီလိုမှ မဟုတ်ပဲ ပြည်ပ ခရီးသွားဖို့ ဘတ်ဂျက်က အရမ်းကြပ်နေတယ်ဆိုပါစို့။ ဒါဆို ပြည်တွင်းသွားခရီးစဉ်ကိုပဲ ရွေးချယ်သင့်ပါတယ်။ ပြည်ပသွား လေယာဉ်လက်မှတ်ခတွေ၊ ဗီဇာတွေနဲ့ တည်းခိုစရိတ်တွေအတွက် ငွေကုန်ခံမယ့်အတူတူ ပြည်တွင်းမှာပဲ ကောင်းကောင်း လည်ပတ်ပြီး စိတ်တိုင်းကျသုံးလိုက်တာက နှစ်ယောက်စလုံးကို စိတ်ချမ်းသာစေမှာပါ။

လင်းလင်း (ShweMom)

Ref: suretravel

SHARE