(၂၀၁၉)ခုနှစ်အတွက် မြန်မာနိုင်ငံက Google မှာ ရှာဖွေအများဆုံးနာမည်တွေကို ထုတ်ပြန်

Imdb

ဂူဂယ်လ်(Google)ကုမ္ပဏီဟာ နှစ်စဉ်လိုလို သူတို့ရဲ့ Search Engine မှာ အများဆုံး ရှာဖွေမှုလုပ်ခဲ့ကြတဲ့ ရလဒ်တွေကို ဖော်ပြလေ့ရှိပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရှာဖွေမှုအများဆုံးရလဒ်များကို ထုတ်ပြန်လို့ရသလို တစ်နိုင်ငံချင်းစီ အလိုက် ရှာဖွေမှုအများဆုံး ရလဒ်တွေကို ဖော်ပြပေးပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ထုတ်ပြန်ခဲ့ရာမှာတော့ နိုင်ငံအလိုက် ရှာဖွေအများဆုံးစာရင်းကို ထုတ်ပြန်ရာမှာတော့ မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ပါဝင်လာပါတယ်။ စာရင်းအရတော့ အင်္ဂလိပ်လို ရှာဖွေမှုအများဆုံးရလဒ်ကိုပဲ ဖော်ပြပေးထားပြီး မြန်မာလို ရှာဖွေမှုအရေအတွက်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ မြန်မာနိုင်ငံက လူတွေ ဘယ်အရာတွေကို Google မှာ ရှာဖွေခဲ့သလဲဆိုတာ ဖော်ပြလိုက်ပါရစေ။

Google.com

– ရှာဖွေမှုအများဆုံးရလဒ်များ

၂၀၁၉ ခုနှစ်အတွင်းမှာ Google မှာ မြန်မာနိုင်ငံက ရှာဖွေမှုရလဒ်အများဆုံးကတော့ Thanos ဆိုတဲ့ စကားလုံးပဲဖြစ်ပါတယ်။ Avengers: Endgame ရုပ်ရှင်ရဲ့ ရိုက်ခတ်မှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြီးမားခဲ့ရုံတင်မကဘဲ မြန်မာနိုင်ငံမှာပါ ရိုက်ခတ်မှုတော်တော်ကြီးလာတယ်လို့ သတ်မှတ်ရမှာပါ။ 

ဒုတိယရှာဖွေမှုအများဆုံးကတော့ Unicode font ဆိုတဲ့ စကားလုံးပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယူနီကုတ်ပြောင်းလဲဖို့ နိုင်ငံတော်အတိုင်ပင်ခံအပါအဝင်နေရာ ပေါင်းစုံက စည်းရုံးလှုံဆော်ခဲ့တဲ့ အဖြစ်အပျက်ပါ။  Unicode font ဟာ ရှာဖွေမှုအများဆုံးမှာ ဒုတိယနေရာမှာ ရောက်နေပါတယ်။

တတိယနေရာမှာ ရှိတဲ့ စကားလုံးကတော့ Gboard ပဲ ဖြစ်ပါတယ်။ ဒါဟာလည်း ယူနီကုတ်ပြောင်းလဲခြင်းကြောင့် လူတွေ စိတ်ဝင်စားလာကြတဲ့ အရာတစ်ခုပါ။ Googleကုမ္ပဏီက ထုတ်လုပ်ထားတဲ့ virtual keyboard app ပဲ ဖြစ်ပါတယ်။

နံပတ်လေးနေရာမှ ရှာဖွေမှုအများဆုံးကတော့ Call of Duty ဆိုတဲ့ စကားလုံးပါ။ တစ်ချိန်က ကွန်ပျုတာနဲ့မှ ကစားလို့ရတဲ့ Call of Duty  ဂိမ်းဟာ မိုဘိုင်းဖုန်းအတွက် ထုတ်လုပ်လိုက်ရာမှ လူငယ်အများဆုံး ရှာဖွေတဲ့ နာမည်တစ်လုံးဖြစ်လာခဲ့တာပါ။

နံပတ်ငါးနေရာမှာကတော့ PUBG ဆိုတဲ့ စကားလုံးပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ လူဆော့အများဆုံး battle royale games ဂိမ်းတွေထဲမှာ PUBG ဂိမ်းဟာ လူသန်းပေါင်းလေးရာကျော်နဲ့ အောင်မြင်နေတဲ့ ဂိမ်းတစ်ခုပါ။ မြန်မာနိုင်ငံက လူငယ်တွေတင်သာမကဘဲ လူကြီးပိုင်းတွေအထိပါ စိတ်ဝင်တစားရှိလာကြတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

Imdb/InfinityWar

Google မှာ မြန်မာနိုင်ငံက ရှာဖွေမှုအများဆုံး (၁၀) ခု စာရင်းကတော့ 

  1. Thanos
  2. Unicode font
  3. Gboard
  4. Call of Duty
  5. PUBG
  6. 9Apps
  7. H5Game
  8. XXXHolic Rei
  9. Redmi Note 
  10. Jung Joon Young တို့ပဲ ဖြစ်ပါတယ်။
Imdb/TheUntamed

ဒါ့အပြင် လူတစ်ဦးချင်းစီအလိုက် ရှာဖွေမှုအများဆုံးရလဒ် (၁၀) ခုကတော့ 

  1. Xiao Zhan
  2. Htet Yan
  3. Alan Walker
  4. Nang Mwe San
  5. Wang Yibo
  6. Nay Chi
  7. Song Hye Kyo
  8. Yoon Yoon
  9. Aung La Nsang
  10. Baek Ji Young တို့ ဖြစ်ပါတယ်။
Imdb/CaptainMarvel

ရုပ်ရှင်တွေ၊ တီဗွီစီးရီးတွေ ရှာဖွေမှုအများဆုံးရလဒ် (၁၀) ခုကတော့

  1. Captain Marvel
  2. Hotel del Luna
  3. Avengers Endgame
  4. The Voice Myanmar
  5. Game of Thrones
  6. Sex and the City Movie
  7. Extraordinary You
  8. Love Alarm
  9. Aquaman
  10. Shazam တို့ပဲ ဖြစ်ပါတယ်။

 

READ
ဒုတိယမြောက်မှန်တံတားတစ်စင်းကို ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဗီယက်နမ်

Ye Yint Kyaw

SHARE