လေဆင်နှာမောင်းကြောင့် အဆောက်အဦးပြိုကျမှုထဲ အသက်ရှင်ကျန်ရစ်သူတွေကိုရှာဖွေနေ

news.sky.com

အမေရိကန် တန်တက်ဆီပြည်နယ် နက်ရှ်ဗီးလ်မြို့ထဲ လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်ခဲ့ရာ အနည်းဆုံး လူ(၂၅) ဦးသေဆုံးပြီး အဆောက်အဦးဒါဇင်ပေါင်းများစွာ ပျက်စီးခဲ့ကြောင်း skynews သတင်းအရ သိရပါတယ်။ လေဆင်နှာမောင်းကြောင့် ဓာတ်အားပေးကြိုးလိုင်းတွေပြတ်ကာ သစ်ပင်တွေလဲကျပျက်စီးခဲ့ပြီး အိမ်ခေါင်မိုးတွေပါ လန်ကုန်ကြောင်း သိရပါတယ်။ လမ်းဆုံလမ်းလေးခွမှာလည်း ကားတွေပိတ်ဆို့ကာ မြို့နေပြည်သူတွေ ဒုက္ခရောက်ခဲ့ကြပါတယ်။

နက်ရှ်ဗီးလ်မြို့ရဲစခန်းကတော့ လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးတွေကို ရှင်းလင်းဖို့ပြင်ဆင်နေတယ်ဆိုပါတယ်။ လေဆင်နှာမောင်းဟာ မြို့တွင်းကို ပြင်းထန်တဲ့လေမုန်တိုင်းတွေသယ်ဆောင်လာခဲ့ပြီး အမေရိကန်ရဲ့ အရှေ့တောင်ဘက်ပြည်နယ်တစ်လွှားကို ညလယ်ကောင်ကြီးမှာ ဖြတ်သန်းသွားခဲ့တာဖြစ်ပါတယ်။

READ
့သားရဲ့ အိပ်ခန်းထဲမှာ Nintendo Switch ဂိမ်းစက်အကြီးစားကြီး ဖန်တီးပေးခဲ့တဲ့ ဖခင်
news.sky.com

အွန်လိုင်းပေါ်တက်လာတဲ့ ဗီဒီယိုတစ်ခုထဲမှာတော့ လေဆင်နှာမောင်းဟာ လျှပ်စီးတွေနဲ့အတူပါလာပြီး နက်ရှ်ဗီးလ်မြို့ထဲ အရှိန်ပြင်းစွာ ကျော်ဖြတ်သွားခဲ့တာ တွေ့ရပါတယ်။

လေဆင်နှာမောင်းဒဏ်ကို နက်ရှ်ဗီးလ်မြို့သူမြို့သားတွေဟာ အကြီးအကျယ်ခံစားခဲ့ရပြီး သေဆုံးသူတွေတောင်ရှိနိုင်တယ်လို့ သိရပါတယ်။ ကျောင်းတွေ၊ အားကစားရုံတွေနဲ့ မီးရထားလိုင်းတွေကို လက်ရှိမှာ ပိတ်ထားပါတယ်။ ဓာတ်အားခွဲရုံ (၄) ရုံလည်း ပျက်စီးသွားခဲ့ပြီး လူပေါင်း (၄၄,၀၀၀) ခန့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရပါတယ်။

news.sky.com

တိုက်တွေပြိုကျတဲ့အတွက် နက်ရှ်ဗီးလ်မြို့သူမြို့သားတွေဟာ သူတို့ပိုင်ဆိုင်တဲ့အထုတ်အပိုးတွေကိုကိုယ်စီသယ်ပြီး လမ်းပေါ်မှာရှိနေကြတာကိုလည်း တွေ့ရပါတယ်။  လတ်တလော ခိုကိုးရာမဲ့သွားတဲ့ အိမ်ရာမဲ့တွေကိုတော့ ဒေသခံကြက်ခြေနီအဖွဲ့က စောင့်ရှောက်ပေးထားပြီး ရဲနဲ့မီးသတ်တပ်ဖွဲ့ဝင်တွေကတော့ ပြိုကျတဲ့အဆောက်အဦးတွေထဲ အသက်ရှင်ကျန်ရစ်သူ ရှိ၊မရှိ လိုက်လံရှာဖွေနေကြတယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE