အသည်းကွဲတယ်ဆိုတဲ့ ခံစားချက်မျိုးကို ခံစားဖူးသူမှ သိနိုင်မှာပါ

လူတိုင်း အသည်းကွဲဖူးပါတယ်။ အနည်းဆုံး single လို့ခေါ်နေတဲ့သူတွေတောင် အသဲကွဲဖူးပါတယ်။ အသည်းကွဲတယ်ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တချို့က အသည်းကွဲရင် ပိုစားမိတယ် ၊ တချို့က နေ့ည ငိုနေတာမျိုးပါ။ လူတော်တော်များများကတော့ အသည်းကွဲတဲ့အခါ ဒီလိုမျိုးတွေ ခံစားရလေ့ရှိကြပါတယ်။

(၁) အရူးတစ်ယောက်လိုပဲ


အသည်းကွဲတယ်ဆိုတာ အရူးတစ်ယောက်လိုပါပဲ။ နေ့ညဆိုသလို အရူးတစ်ယောက်လို ဖြစ်နေတတ်ပါတယ်။ ရင်မှာ ဟာတာတာကြီးနဲ့ တစ်ခုခုလိုနေသလိုမျိုးဖြစ်တတ်ပါတယ်။ ရင်ထဲ ပူနေသလိုမျိုးတွေလည်း ဖြစ်နေတတ်ပါတယ်။

(၂) မစားနိုင်မသောက်နိုင် ဖြစ်တတ်တယ်

ဒီအချက်ကတော့ လူတိုင်း တူချင်မှ တူမှာပါ။ တချို့ အသည်းကွဲနေရင် အစားကို ပိုစားတတ်တယ်။ တချို့က အစားအသောက်ပျက်သွားတတ်တယ်။ တချို့ကျ အသည်းကွဲရင် ပိုလှလာတယ်။ တချို့က အပေါင်းအသင်းတွေကို ပိုခင်တွယ်လာတယ်။ တချို့ကတော့ တစ်ယောက်တည်းနေချင်လာတယ်။

READ
ဒီတစ်ပတ်အားလပ်ရက်မှာ သွားသင့်သောနေရာ(၅)ခု

(၃) တမ်းတနေတတ်တယ်

ဖုန်းကို ကြည့်ပြီး လွမ်းလာတာမျိုး ၊ တိုက်ဆိုင်မှုတွေရှိရင် ငိုချင်နေတာမျိုးပါ။ ရင်ထဲစူးစူးပြီး အောင့်တတ်လာတယ်။ အချိန်တစ်ခုရောက်လာတိုင်း သတိရနေပြီး မျက်ရည်တွေ စို့လာတတ်တယ်။ တစ်ခါတစ်လေ အရင်က အချိန်တွေပြန်တွေးရင်း အသက်ရှုကြပ်လာတာမျိုးပါ ဖြစ်တတ်ပါတယ်။ ဒီခံစားချက်ကတော့ အရမ်းကိုဆိုးပါတယ်။

(၄) ငိုလိုက် ၊ ရယ်လိုက်ဖြစ်နေတတ်တယ်

အသည်းကွဲရင်တော့ စိတ်ဓာတ် အတတ်အကျဖြစ်လာတတ်ပါတယ်။ ငိုလိုက်ပြီးရင် ချက်ချင်းရယ်နေတာမျိုး ၊ ရယ်ပြီးရင်လည်း မျက်ရည်တွေနဲ့ စိုရွဲသွားတာမျိုးပါ။ ရေချိုးခန်းထဲ အသံကုန်အော်ပြီး ငိုတတ်တယ်။ ဒါမျိုးတွေက စူးစူးနစ်နစ်ချစ်ခဲ့ပြီးမှ အသည်းကွဲတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။
Hannwe Soe

SHARE