ရင်ကိုထိသွားအောင် လှုပ်ခတ်စေတဲ့ မယ်ဆိုင်ဂူကယ်ဆယ်ရေး သရုပ်ဖော်ပန်းချီများ

အင်္ဂါနေ့တုန်းက ထိုင်းနိုင်ငံ ရေတပ်အဖွဲ့ Navy SEALs ဟာ ရေလျှံနေတဲ့ ထမ့်လုံလိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ ဘောလုံးအသင်းလူငယ်(၁၃)ဦးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ထမ့်လုံလိုဏ်ဂူရဲ့ တုန်လှုပ်ခြောက်ခြားစရာအဖြစ်အပျက်ဟာ ရက်သတ္တပတ်(၂)ပတ်ကျော်ကြာအောင် လူတွေရဲ့ရင်ထဲမှာ ရှိနေခဲ့ပါတယ်။

ထိုင်းလိုဏ်ဂူနဲ့ပတ်သက်လို့ အွန်လိုင်းမှာလည်း ဆုမွန်ကောင်း တောင်းပေးသူတွေ အသီးသီးရှိနေခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းမှာ တတပ်တအား ပါဝင်ကူညီပေးခဲ့ကြတဲ့ နိုင်ငံတကာက ကယ်ဆယ်ရေးအသင်းတွေကိုလည်း ရုပ်ပုံလေးတွေရေးဆွဲပြီး ဂုဏ်ပြုပေးခဲ့ကြပါတယ်။ ဒီပန်းချီရုပ်ပုံလေးတွေဟာ စည်းစည်းလုံးလုံးနဲ့ ကူညီပေးခဲ့တဲ့နိုင်ငံတွေကို တခုတ်တရ အသိအမှတ်ပြုပြီး ရေးဆွဲထားတာကြောင့် မြင်ရတာ ကြည်နူးဖို့ကောင်းလွန်းပါတယ်။

Twitter

ဒီကာတွန်းလေးကတော့ မှောင်ကြီးမဲမဲ ရေလျှံတတ်တဲ့ လိုဏ်ဂူထဲမှာ ဒုက္ခရောက်နေတဲ့ ကလေးတွေကို ကယ်ဆယ်ပေးဖို့ နိုင်ငံတကာက လူပေါင်းများစွာက အားလာဖြည့်တဲ့ ကာတွန်းပုံလေးပါ။ အုပ်စုတစ်ခုချင်းစီကိုတော့ တိရစ္ဆာန်တစ်မျိုးစီနဲ့ သတ်မှတ်ထားပါတယ်။ ကာတွန်းထဲမှာ တွေ့ရတဲ့ တောဝက်ကလေးတွေကတော့ ဂူထဲပိတ်မိနေတဲ့ ကလေးတွေကို ကိုယ်စားပြုပါတယ်။ 

Dailymail

ဘန်ကောက်အခြေစိုက် ကာတွန်းပညာရှင် Stephff က ရေးဆွဲထားတဲ့ပုံမှာတော့ ဘောလုံးအင်္ကျီဝတ်ထားတဲ့ ကလေးတစ်ဦးကို လက်ကိုင်ဆွဲထားတဲ့ ရေငုပ်သမားကိုတွေ့ရမှာပါ။ ရေငုပ်သမားရဲ့ ၀တ်ရုံမှာတွေ့ရတဲ့ အလံတွေကတော့ နိုင်ငံအသီးသီးက ကယ်ဆယ်ရေးအဖွဲ့တွေကို ကိုယ်စားပြုပါတယ်။

Dailymail

ရေငုပ်ခေါင်းစွပ်လေး ၀တ်ဆင်ထားတဲ့ တောဝက်ကလေးကို အားမလျော့ပဲ တောင့်ခံထားဖို့ အားပေးနေတဲ့ ကာတွန်းလေးပါ။

Dailymail
Dailymail

ဒီပုံလေးကတော့ လူသိများပြီး စိတ်ထဲထိခိုက်စေတဲ့ ကာတွန်းလေးပါ။ ငိုနေတဲ့ တောဝက်ကလေးကို နှစ်သိမ့်နေတဲ့သူကတော့ ကယ်ဆယ်ရေးလုပ်ဆောင်စဉ်အတွင်းမှာ သေဆုံးသွားတဲ့ ထိုင်းနိုင်ငံ ရေတပ်က ရေငုပ်သမားဟောင်းကြီး ဆာမန်ဂူနမ်ပဲဖြစ်ပါတယ်။ ရေငုပ်သမားကြီးက တောဝက်ကလေးကို စိတ်မကောင်းမဖြစ်ဖို့၊  လိမ်လိမ်မာမာနဲ့ ကောင်းကောင်းမွန်မွန်ကြီးပြင်းဖို့ မှာကြားနေပုံလေးပါ။

Dailymail
Dailymail

ဒီကာတွန်းလေးမှာတော့ ဂူထဲကကလေးတွေဟာ ရေငုပ်သမားနှစ်ဦး ရှာဖွေတွေ့ရှိသွားတာကြောင့် စိတ်လှုပ်ရှားပြီး ပြုံးပျော်နေတဲ့ ကာတွန်းလေးပါ။

Dailymail

ရေငုပ်အတွေ့အကြုံ တစိုးတစိမှမရှိတဲ့ ကလေးတစ်ယောက်ချင်းစီကို ၀ါရင့်ရေငုပ်သမားနှစ်ဦး ခြံရံပြီး ခက်ခက်ခဲခဲနဲ့ ဂူထဲက ကယ်ထုတ်လာရတဲ့ ကာတွန်းပုံလေးပါ။

Dailymail

တောဝက်အသင်းသားလူငယ်လေးတွေအားလုံး ဂူထဲက လွတ်မြောက်လာတဲ့အတွက် အားလုံးပျော်ရွှင်နေပြီး ဟူးရေးလို့ အော်ဟစ်အားပေးနေကြပုံလေးပါ။

Dailymail

ကယ်ဆယ်ရေးမှာ အားသွန်ခွန်စိုက် အကူအညီပေးခဲ့ကြတဲ့ အဖွဲ့တွေကို ချီးမွမ်းဂုဏ်ပြုတဲ့အနေနဲ့ ၄င်းတို့ရဲ့ သက်ဆိုင်ရာ ဘာသာစကားအလိုက် ကျေးဇူးတင်ကြောင်း ဖော်ပြနေတဲ့ ကာတွန်းလေးပါ။ မြန်မာဘာသာနဲ့လည်း ရေးသားထားကို တွေ့ရမှာပါ။

လင်းလင်း (ShweMom)

READ
အသက်(၈၀)ဆိုပေမယ့် အရွယ်နဲ့မလိုက်အောင် နုပျိုသန်စွမ်းနေတဲ့ အမျိုးသမီး

Ref: Dailymail

SHARE