ချစ်စရာအိမ်လေးတစ်လုံးကို ကားပေါ်တင်ပြီး ခရီးထွက်နေကြတဲ့ ဇနီးမောင်နှံရဲ့ဘဝ

Courtesy of Tiny House Expedition

သင့်အနေနဲ့ ခရီးတွေ အများကြီး သွားဖူးချင် သွားဖူးပါလိမ့်မယ်။ ဒါပေမယ့် အချိန်တန်တော့လည်း ကိုယ့်အိမ်မှာ ဘယ်သူစောင့်နေမလဲ၊လူမရှိတဲ့အိမ်ကို ဘယ်သူတွေများ ၀င်ခိုးသွားမလဲ..စတဲ့အတွေးတွေနဲ့ အိမ်ပြန်ကြရတာပဲ မဟုတ်လား။

အမေရိကန်နိုင်ငံ၊ မီချီဂန်မှာနေထိုင်တဲ့ အလက်ဆစ်နဲ့ ခရစ္စတီယန် တို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ ဘယ်တော့မှ အိမ်ပြန်စရာမလိုတဲ့ ခရီးတစ်ခုကို ဖန်တီးခဲ့ကြသူတွေပါ။ သူတို့မှာ Square Feet 130 သာ ရှိတဲ့ အိမ်လေးတစ်လုံးရှိပြီး ယာဉ်နောက်တွဲအိမ်အဖြစ် ဖန်တီးထားတာပါ။ အဲဒီအိမ်လေးကို ကားနဲ့ဆွဲသွားပြီး ဘယ်လိုနေရာမျိုးမှာမဆို နေလို့ရတဲ့ အိမ်လေးပေါ့။

Square Feet 130 သာရှိတဲ့ ပိစိညှောင့်တောင့် အိမ်လေးဆိုပြီး အထင်တော့မသေးလိုက်ပါနဲ့ဦး။ သူတို့ ဇနီးမောင်နှံနှစ်ယောက်က အိမ်လေးကို သေသေချာချာလေး ဆောက်ထားကြတာဖြစ်ပြီး အိမ်အတွင်းပိုင်း အပြင်အဆင်တွေက အစ ဘာမှကို ပြောစရာမရှိတဲ့အိမ်လေးပါ။

READ
ကမ္ဘောဒီယားနိုင်ငံရဲ့ အလှပဆုံးနေရာများ
Courtesy of Tiny House Expedition

အိမ်လေးထဲမှာ ချက်ဖို့ ပြုတ်ဖို့အတွက် မီးဖိုချောင်၊ အိမ်သာ၊ ရေချိုးခန်းတွေ အစုံအလင် ပါပြီး ထပ်ခိုးလေးတစ်ခုကို ထည့်သွင်းတည်ဆောက်ထားပါသေးတယ်။

အဲဒီ ထပ်ခိုးလေးကတော့ သူတို့ရဲ့ အိပ်ယာပေါ့။

သူတို့က အမေရိကန်နိုင်ငံတွင်းမှာ ခရီးလှည့်လည်သွားရင်း နေထိုင်နေကြတာဖြစ်ပြီး သဘာဝအလှအပကို လိုက်လံခံစားနေကြသူတွေပါ။

Courtesy of Tiny House Expedition

သူတို့က ပြည်နယ် (၃၇)ခုကို လည်ပတ်ခဲ့ပြီး ဥယျာဉ်ပေါင်း (၁၆)ခုအတွင်းမှာ စတည်းချ နေထိုင်ခဲ့ဖူးပါပြီ။ သူတို့ရဲ့ ခရီးစဉ်ကို (၂၀၁၃) ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ဘယ်လောက်တောင် လှတဲ့ အိမ်လေးလည်းဆိုတာတော့ အောက်မှာ ပါတဲ့ ပုံလေးတွေကို ကြည့်လိုက်ဦးနော်….။

Courtesy of Tiny House Expedition
Courtesy of Tiny House Expedition
Courtesy of Tiny House Expedition
Courtesy of Tiny House Expedition
Courtesy of Tiny House Expedition
Courtesy of Tiny House Expedition
Courtesy of Tiny House Expedition
Courtesy of Tiny House Expedition
Courtesy of Tiny House Expedition
Courtesy of Tiny House Expedition

Linn

SHARE