ဓာတ်ပုံရိုက်ဖို့ပဲသိတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကြောင့် ဒေါသထွက်နေတဲ့ ထိုင်းလူမျိုးများ

Facebook/Wasuwat

ထိုင်းနိုင်ငံ Chiang Rai ပြည်နယ် မှာပြုလုပ်တဲ့ Farm Festival on The Hill 2019 ပန်းခင်းပြင်ပွဲတော်ကြီးကို စိတ်ဝင်တစားလာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အဆမတန်များပြားလှပေမယ့်၊ သူတို့ရဲ့ ပရမ်းပတာလုပ်ရပ်တွေကြောင့် ထိုင်းပြည်သူတွေ အတော်လေးအမျက်ဒေါသထွက်နေကြပါတယ်။  

အွန်လိုင်းပေါ်မျာပျံ့နှံ့လာတဲ့ ဓာတ်ပုံတစ်ပုံထဲ ကြည့်ရမယ်ဆိုရင် ကမ္ဘာလှည့်ခရီးသွားတော်တော်များများဟာ  ပြပွဲမှာ သတ်မှတ်ထားတဲ့ သတိပေးဆိုင်းဘုတ်တွေကို လျစ်လျူရှုအလေးမထားဘဲ မသွားရ မ၀င်ရဆိုတဲ့ နေရာတွေကို စိတ်ထင်သလိုသွားလာနေကြပြီး၊ ပန်းခင်းတွေပေါ် နင်းခြေသွားလာမှုတွေဟာ အတော်လေးရုပ်ပျက်စေပါတယ်။

Posted by Singha Park Chiang Rai สิงห์ปาร์ค เชียงราย on Sunday, December 1, 2019

သူတို့လုပ်ရပ်ဟာ ပန်းခင်းကြီးရဲ့အလှတရားတွေကို ဖျက်စီးသလိုဖြစ်နေတယ်ဆိုပြီးတော့ ထိုင်းပြည်သူတွေက အွန်လိုင်းပေါ်မှာ ဝေဖန်ပြောဆို ဒေါသထွက်နေကြတာပါ။

Waruwat Torkaew ဆိုတဲ့  facebook အကောင့်ပိုင်ရှင်က လတ်တလောတင် ထိမိတဲ့ captionတစ်ခုနဲ့ ပို့စ်ထားခဲ့ပါတယ်။ ဒါကတော့ ဒီဧရိယာထဲကို ဘယ်သူမှဝင်ခွင့်မရှိဘူးဆိုတဲ့ဆိုင်းဘုတ်တွေကို ဒီလူတွေနားလည်အောင် ဘယ်လို ဘာသာရပ်မျိုးနဲ့ သုံးပြီး ရှင်းပြရမလဲဆိုကာ ပုံနဲ့တကွပို့စ်တင်ခဲ့တာဖြစ်ပါတယ်။

#ต้องใช้ภาษาอะไรถึงจะเข้าใจกัน 🌼🌷🍂🥀🍁🍄🌸💐 #ห้ามเข้าแปลงดอกไม้ #ปวดจิต งานฟาร์มเฟสฯ จัดที่อำเภอเมืองนะครับ..ไม่ได้จัดที่…

Posted by Wasuwat Torkaew on Wednesday, 27 November 2019

အခုလို facebookတွေ instgramတွေ ခေတ်စားလာတဲ့ခေတ်ကြီးမှာ လူတွေဟာ ဓာတ်ပုံရိုက် ဆယ်ဖီရိုက်တာကို အင်မတန်ရူးသွပ်လာကြပါတယ်။ နေရာတော်တော်များများမှာလည်း တွေ့မြင်နေရတာဖြစ်ပြီး၊ ဒီလို အင်မတန်လှပတဲ့ နေရာဆိုတော့ ပြောစရာကို လိုမနေတော့ပါဘူး။  သူတို့စိတ်ထဲ ပုံကောင်းရဖို့အရေးပဲ အာရုံစိုက်နေကြပြီးတော့ ပန်းခင်းကြီးရဲ့အလှကိုဖျက်စီးနေတဲ့ သူတို့ပုံရိပ်ကိုမေ့လျော့နေကြတယ်ထင်ပါတယ်။ ပုံလှလှလေးတွေတင်ပြီး like, comment, shareတွေကို မက်မောကြတယ်ဆိုပေမယ့်လို့ အခုလို စည်းဘောင်တွေကို ကျော်ပြီး သဘာဝရဲ့အလှတရားတွေ ပျက်စီးစေတာကတော့ အင်မတန်ရုပ်ဆိုးအကျည်းတန်တဲ့လုပ်ရပ်တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

Khaing Sandar

SHARE