ငွေကုန် လူပန်းပြီး အကျိုးမရှိဖြစ်ရတဲ့ ကမ္ဘာ့အထင်ကရ နေရာများ

ကမ္ဘာတစ်ခွင်လှည့်ပြီး ထင်ရှားကျော်ကြားတဲ့ နေရာတွေကို ငွေသာရှိရင် အနှံ့သွားပစ်လိုက်မယ်လို့ လူတိုင်းအိပ်မက်ဖူးပါတယ်။ ဒါပေမယ့် အောက်မှာ ဖော်ပြထားတဲ့နေရာတွေကတော့ ထင်ရှားကျော်ကြားတဲ့နေရာတွေဖြစ်ပေမယ့် လက်တွေ့ရောက်သွားတဲ့အခါမှာတော့ ထင်သလောက်မဟုတ်ပဲ စိတ်ပျက်ရမယ့် နေရာတွေပါ။

The Taj Mahal (Agra, India)

© rmac8oppo / pixabay © lklatt / pixabay

မျှော်လင့်ထားတာက လမ်းမကျယ်ကြီးပေါ်မှာ လမ်းလျှောက်ပြီး ဗလီကြီးရဲ့ အလှအပတရားတွေကို ခံစားမယ်ဆိုပြီးတော့ပါ။ ဒါပေမယ့် တကယ်ရောက်သွားတဲ့အခါမှာတော့ လက်မှတ်အရောင်းရုံထဲ နွားတွေ၊ ခွေးလေခွေးလွင့်တွေနဲ့ သူတို့ရဲ့ အညစ်အကြေးတွေကို တွေ့ရပါတယ်။ နိုင်ငံခြားသားတစ်ယောက်ဟာ ဒေသခံတွေထက် ၀င်ကြေးငွေ အဆ(၂၀) လောက် ပိုပေးရပါတယ်။

The Great Pyramids of Giza (Cairo, Egypt)

© unknown author / pxhere © unknown author / pxhere

ဘယ်သူမဆို ပိရမစ်တွေဆီရောက်ရင် နေရောင်အောက်က ခမ်းနားလွန်းတဲ့ အရင်ခေတ်လက်ရာတွေကို တွေ့မြင်ရမယ်ဆိုပြီးတော့ မျှော်လင့်ကြပါတယ်။ လက်တွေ့မှာတော့ ပိရမစ်တွေအောက်မှာ ခရီးသွားတွေကို စိတ်အနှောင့်အယှက်ဖြစ်ရအောင် ဟိုဟာ သည်ဟာ ၀ယ်ပါဆိုပြီး တကျီကျီပူဆာနေတဲ့ ဈေးသည်တွေ ရှိနေပါတယ်။

READ
(၂၀၁၈)ခုနှစ်မြင်းပွဲသဘင်ဆီ ရိုးရာဓလေ့အတိုင်း အမိုးတပ်လှည်းနဲ့ခရီးထွက်လာကြသူများ

The Colosseum (Rome, Italy)

© Unknown author / pixnio © Unknown author / pxhere

စိတ်ကူးထဲမှာတော့ ရောမခေတ်သူရဲကောင်းတွေရဲ့ တိုက်ပွဲတွေကို မှန်းဆရင်း တစ်ခေတ်တစ်ခါက ကြီးကျယ်ခမ်းနားလွန်းခဲ့တဲ့ အဆောက်အဦးကြီးကို ကြည့်ရအောင် ဆိုပြီးတော့ပါ။ ဒါပေမယ့် ရောက်သွားတဲ့အခါကျရင် Colosseum ထဲဝင်ဖို့ စိတ်ပျက်ဖွယ် မှောင်ခိုလက်မှတ်ရောင်းသူတွေကို တွေ့ရမှာဖြစ်ပါတယ်။ အမှိုက်တွေ၊ ပီကေတွေက နေရာအနှံ့မှာပြည့်နေပြီး ညစ်ညစ်ပတ်ပတ်ဖြစ်နေတဲ့ Colosseum ကြီးကို ကြည့်ရတာ စိတ်မချမ်းမြေ့စရာပါ။

The Eiffel Tower (Paris, France)

© TheDigitalArtist / pixabay © Unknown author / pxhere

ကမ္ဘာပေါ်က ရိုမန်းတစ်အဖြစ်ဆုံးနေရာရယ်လို့ လူတွေက သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ရောက်ခဲ့သူတစ်ဦးကတော့ “ကျွန်တော်က အီဖယ်တာဝါကို သွားလည်ဖို့ အိပ်မက်မက်ခဲ့ရတာပါ။ ရောက်လည်းရောက်ရော လူတန်းက အရှည်ကြီး။ စတီးအဆောက်အအုံကြီးတစ်ခုဆိုတာကလွဲရင် ဘာမှမထူးခြားဘူး။ တစ်နေ့လုံးလည်း အချိန်ကုန်ပါတယ်။” လို့ ဆိုပါတယ်။

The Rockefeller Center Christmas tree (Manhattan)

© Urban~commonswiki / wikipedia © Salon NYC / flickr

ကမ္ဘာပေါ်က အခမ်းနားဆုံး ခရစ္စမတ်သစ်ပင်ကြီးကို တွေ့မြင်ရပြီဆိုပြီး စိတ်ကူးခဲ့ကြပေမယ့် ရောက်သွားသူတွေအတွက်ကတော့ ဓာတ်ပုံတစ်ပုံရိုက်ရဖို့တောင် အနိုင်နိုင်ရယ်ပါ။ သစ်ပင်ကြီးနားမှာ လူအရမ်းများတာကြောင့် အနားတောင်ကပ်ဖို့ မလွယ်ပါဘူး။

READ
ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ်(၄)ခု

Mona Lisa at the Louvre (Paris, France)

© unknown author / pxhere © Skitterphoto / pixabay

လူတွေရဲ့ စိတ်ထဲမှာတော့ ကမ္ဘာကျော်လှတဲ့ မိုနာလီဆာအပြုံးကို အသေးစိတ်တစ်ဝကြီး ကြည့်ရှုရမယ်ဆိုပြီးတော့ စိတ်ကူးလာကြမှာပါ။ ဒါပေမယ့် တကယ်ရောက်သွားတဲ့အခါမှာတော့ မိုနာလီဆာက စိတ်ညစ်စရာပါ။ ပန်းချီကားဟာ သေးငယ်တဲ့အပြင် Louvre ထဲမှာလည်း ခရီးသွားဧည့်သည်တွေနဲ့ ပြည့်နေတာကြောင့် မိုနာလီဆာကို သေချာခံစားဖို့က မဖြစ်နိုင်သလောက်ပါပဲ။

လင်းလင်း (ShweMom)

Ref: brightside

SHARE