ကြောက်သွေးမပါဘူးဆိုသူတွေ မြည်းစမ်းသင့်တဲ့ ကမ္ဘာ့ရင်တုန်ဖွယ်အကောင်းဆုံးနေရာများ

ခရီးသွားခြင်းကို နှစ်ခြိုက်သူလူတွေထဲမှာ အမျိုးမျိုး အစားစား ရှိပါတယ်။ တချို့တွေကတော့ စိတ်အေးလက်အေး ကမ်းခြေမှာ နေစာလှုံအပန်းဖြေရတာကို သဘောကျပါတယ်။ တချို့ကတော့ ပြတိုက်ထဲသွား၊ ဥယျာဉ်တွေထဲသွားပြီး လေ့လာရတာ လျှောက်ကြည့်ရတာကို သဘောကျပါတယ်။ ဒါပေမယ့် တချို့လူတွေကတော့ သူတို့ကို စိန်ခေါ်မှုပေးတဲ့ စွန့်စားရတဲ့ ခရီးမျိုးကိုမှ နှစ်သက်သူတွေရှိပါတယ်။ အောက်ဘက်မှာတော့ ကိုယ်သတ္တိဘယ်လောက်ကောင်းလဲဆိုတာ စစ်ဆေးလိုသူတွေအတွက် အလည်အပတ်သွားသင့်တဲ့ ကမ္ဘာ့အထင်ရှားဆုံးနေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

Zhangjiajie Glass Bridge, Zhangjiajie, China

instagram

Zhangjiajie မှန်တံတားဟာ အောက်ခြေကို မှန်နဲ့ ဆောက်လုပ်ထားပြီး ကမ္ဘာ့အမြင့်ဆုံးနဲ့ အကြီးဆုံး တံတားတစ်စင်း ဖြစ်ပါတယ်။ မှန်တံတားပေါ်ကနေ တွေ့ရတဲ့ မြင်ကွင်းဟာ ရင်တုန်ဖွယ်၊ ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။ တံတားပေါ်ရောက်နေသူအဖို့တော့ အမြင့်ပေ(၉၈၄)မှာရှိတဲ့ လေထဲရောက်နေသလိုမျိုး ခံစားရစေမှာ ဖြစ်ပါတယ်။ ရေမြေသဘာဝရှုခင်းတွေကို ထွင်းဖောက်မြင်နေရတဲ့ မှန်တံတားကြီးပေါ်ကနေ ကြိုးနဲ့ ခုန်ချပြီး စွန့်စားခန်းဖွင့်နိုင်သလို တွဲလောင်းခိုစီးနိုင်ပါသေးတယ်။

Pedra da Gávea, Rio de Janeiro, Brazil

instagram

Pedra da Gávea ဟာ ပင်လယ်ကမ်းရိုးတန်းပေါ်မှာ တည်ရှိတဲ့ ကမ္ဘာ့ဧရာမကျောက်တုံးကြီး ဖြစ်ပါတယ်။ ကျောက်တုံးကြီးဟာ အမြင့်ပေ(၂,၇၆၂) ရှိတဲ့အပြင် ကျောက်တုံးကြီးရဲ့ ထိပ်ဆုံးကနေ တွေ့မြင်ရတဲ့ မြင်ကွင်းကတော့ ရင်ဖိုဖွယ်ပါပဲ။ ကျောက်တုံးကြီးရဲ့ တစ်ဖက်ခြမ်းမှာတော့ အချိန်ရဲ့တိုက်စားမှုကြောင့် ကျောက်တုံးဟာ လူမျက်နှာပုံပေါက်နေပါတယ်။ ကျောက်တုံးကြီးထိပ်ဆီသွားတဲ့ လမ်းတွေက အတန်ငယ်မတ်စောက်ပါတယ်။ ဒါပေမယ့်လည်း အပေါ်ကိုရောက်သွားတဲ့အခါ တွေ့ရတဲ့မြင်ကွင်းကတော့ တကယ့်ကို အမောပြေစိတ်ချမ်းမြေ့စရာဖြစ်ရမှာပါ။

READ
အီဂျစ်မဟုတ်တဲ့ ပိရစ်ပေါင်း (၂၅၅) ခုနဲ့ ကမ္ဘာ့ပိရမစ်အများဆုံးနိုင်ငံ

Trift Bridge, The Swiss Alps, Switzerland

instagram

Trift တံတားဟာ Swiss Alps မှာရှိတဲ့ ကြိုးတံတားဖြစ်ပါတယ်။ အမြင့်ပေ(၃၂၈) ပေရှိပြီး (၅၅၇) ပေရှည်လျားတဲ့ တံတားပေါ်ကနေ Trift ရေခဲမြစ်ကို မြင်နိုင်ပါတယ်။ တံတားကြီးပေါ်ကနေ ဖြတ်သန်းသွားရတာကိုက စိတ်လှုပ်ရှားစရာ သိပ်ကောင်းပါတယ်။ တံတားတစ်ဖက်ကို ရောက်လို့ တောင်ထိပ်ရောက်သွားပြီဆိုရင်တော့ ပြောမပြတတ်အောင် လှပလွန်းတဲ့ တောတောင်သဘာဝအလှအပတွေကို ခံစားရမှာ ဖြစ်ပါတယ်။

Villarrica Volcano, Pucón, Chile

instagram
တော်တန်ရုံစွန့်စားရုံနဲ့ အားမရလို့ စကေးကြမ်းတာလေးမှ မြည်းကြည့်ချင်တယ်ဆိုရင်တော့ ချီလီနိုင်ငံမှာ လှုပ်ရှားနေတဲ့ မီးတောင်ရှင်ထဲကို ခုန်ချလို့ရတဲ့ စွန့်စားခန်းရှိပါတယ်။ ဒီလိုစွန့်စားနိုင်ဖို့အတွက် စာဖတ်သူဟာ ဟယ်လီကော်ပတာနဲ့ ချိတ်ဆက်ထားတဲ့ အရှည်ပေ (၃၅၀)ရှိတဲ့ ကြိုးတစ်ချောင်းနဲ့ ချည်နှောင်ကာ မီးတောင်ထဲကို ခုန်ဆင်းရမှာ ဖြစ်ပါတယ်။ ပူပြင်းပြီး အငွေ့တထောင်းထောင်းထနေတဲ့ မီးတောင်ရဲ့ နှလုံးသည်းပွတ်ကိုတွေ့မြင်ရတာ ဘယ်လောက်တောင် ရင်ခုန်ဖွယ်ကောင်းနေမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒါပေမယ့် မီးတောင်ထဲ ခုန်ချတဲ့စွန့်စားခန်းအတွက် ပေးရတဲ့ ငွေပမာဏကတော့ မနည်းမနောပါပဲ။ ဒေါ်လာ(၁၆,၀၀၀) နီးပါးလောက် ရှိပါတယ်။

Moaning Caverns, California, USA

instagram

လိုဏ်ဂူတွေ လိုဏ်ခေါင်းတွေထဲကိုမှ ၀င်ကြည့်ရတာ၊ စူးစမ်းရတာကို နှစ်သက်ပါတယ်ဆိုရင်တော့ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က Moaning Caverns ကြီးတွေဆီ သွားလည်သင့်ပါတယ်။ အဲဒီမှာဆိုရင်တော့ ဂူကြီးတွေရဲ့ ဟိုးအောက်ခြေအနက်ပိုင်းထိကို ကြိုး  ဒါမှမဟုတ် ကြောင်လိမ်လှေကားထစ်တွေနဲ့ ဆင်းကြည့်နိုင်ပါတယ်။ အောက်ထဲမှာတော့ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကြီးမားတဲ့ ကျောက်သားကျောက်ဆိုင်ကြီးတွေကို တွေ့ရမှာပါ။ ကျောက်ပန်းဆွဲတွေအပြင် ကျောက်ခက်ကျောက်နွယ်တွေကြောင့် ထူးခြားတဲ့အသံတွေ ဖြစ်ပေါ်လာတာကို အစွဲပြုပြီး ညဉ်းသံပေးတဲ့တွင်းပေါက်များဆိုပြီး ခေါ်စမှတ်ပြုကြပါတယ်။

READ
တစ်သက်မှာတစ်ခေါက်လောက်တော့ ရောက်ဖူးသင့်တဲ့ မှော်ဆန်ဆန်ဒေသလေးများ
instagram

လင်းလင်း (ShweMom)

Ref: brightside

SHARE