ကောင်မလေးရဲ့တင်ပါးကို သွားကိုင်မိလို့ ဓါးနဲ့ အထိုးခံရတဲ့ လူငယ်

လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အပွင့်လင်းဆုံး မြို့တော်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ပတ္တရားမြို့တော်မှာတော့ မိန်းကလေးတစ်ယောက်ရဲ့ တင်ပါးကို သွားကိုင်လိုက်တဲ့ လူငယ်တစ်ယောက် ဓါးထိုးခံလိုက်ရပါတယ်။

အသက် (၂၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ သြစတြေးလျနိုင်ငံသား ဂျေဒွန် ဟာ မိသားစုနဲ့ အတူ ပတ္တရားမြို့ထဲက ကလပ်တစ်ခုကို လာခဲ့ကြတာပါ။

ကလပ်ထဲမှာ ရှိနေကြရင်း မနက်(၄)နာရီလောက် အရောက်မှာတော့ ဂျေဒွန်က သူ့ရဲ့စားပွဲဘေးမှာ ရှိနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ တင်ပါးကို လှမ်းကိုင်လိုက်တာဖြစ်ပြီး အဲဒီမိန်းကလေးရဲ့ချစ်သူက ဒီအဖြစ်အပျက်ကို တွေ့သွားခဲ့ပါတယ်။

Youtube

အဲဒီနောက်မှာတော့ မိန်းကလေးရဲ့ ချစ်သူက ဂျေဒွန်ကို ရန်ပြုဖို့ ကြိုးစားခဲ့ပြီး သူ့မှာ ပါလာတဲ့ ဓားနဲ့ လှမ်းထိုးလိုက်လို့ ဂျေဒွန် ဒဏ်ရာရသွားခဲ့တာပါ။

Youtube

ဂျေဒွန် ကံကောင်းသွားတာက ဘေးလူတွေ မြန်မြန်ဝင်ဆွဲနိုင်လိုက်တာ ပဲဖြစ်ပြီး ဓားချက်တစ်ချက်နဲ့တင် ရန်ပွဲက ပြီးသွားခဲ့ပါတယ်။ ဒါပေမယ့် ဂျေဒွန်က သတိလစ်မလို ဖြစ်သွားခဲ့ပြီး သူ့ရဲ့ဒဏ်ရာကို သွေးတိတ်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။

READ
တိုက်ရိုက်ထုတ်လွှင့်နေစဉ် မဖွယ်မရာပြုလုပ်သူကို မိုက်နဲ့ထ,ရိုက်ခဲ့တဲ့ Presenter

ထိုင်းရဲတပ်ဖွဲ့ဝင်တွေကတော့ စီစီတီဗီ မှတ်တမ်းတွေကို ပြန်ကြည့်ရှုနေကြပြီး ဓားနဲ့ထိုးလိုက်တဲ့ လူငယ်ကို လိုက်လံရှာဖွေနေကြပါပြီ။

Daily Telegraph

ဒါ့အပြင် ဆေးရုံတက်ပြီး ကုသမှုခံယူနေတဲ့ ဂျေဒွန်အတွက် ဆေးကုသစရိတ်ဆိုပြီး ဘတ် (၅,၀၀၀) ကို တာဝန်ရှိတဲ့သူတွေက ပေးခဲ့ကြပါသေးတယ်။

ဂျေဒွန် တစ်ယောက်တော့ မှတ်လောက်သားလောက် ရှိသွားမှာဖြစ်ပြီး နောက်ဆို ဒီလို လက်သရမ်းရဲတော့မယ် မထင်ပါဘူး။

Linn

Source : Dailymail

SHARE