နှစ်ပေါင်း(၄၀)ကြာအောင် မဖွင့်နိုင်တဲ့ မီးခံသတ္တာကြီးကို စက္ကန့် ၃၀ ထဲနဲ့ ဖွင့်ပြခဲ့သူ

Stephen Mills/Facebook

ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာမှာရှိတဲ့ ဗာမီလီယမ်မြို့လေးရဲ့ ပြတိုက်ဟာ နှစ်ပေါင်း ၄၀ ကျော်ကြာအောင် ခရီးသွားတွေကိုဆွဲဆောင်နေခဲ့တဲ့ အရာတစ်ခုရှိနေပါတယ်။ အဲဒါကတော့ မီးခံသေတ္တာကြီးပါ။ အလေးချိန် ပေါင် ၂၀၀၀ လောက်ရှိပြီး မီးခံသေတ္တာဟာဖွင့်လို့လည်းမရတာကြောင့် အထဲမှာဘာရှိနေမလဲဆိုတာကို လူကိုယ်တိုင်လာကြည့်ပြီးခန့်မှန်းရတာကိုက ခံစားချက်တစ်မျိုးဆိုပြီးယူဆခဲ့ကြပါတယ်။

 

Posted by Stephen Mills on Thursday, March 31, 2016

မီးခံသေတ္တာကြီးဟာ Brunswick ဆိုတဲ့ ဟိုတယ်ကနေ ပြတိုက်ကိုလာလှူဒါန်းသွားခဲ့တာလို့ CBC ရဲ့ဖော်ပြချက်မှ သိခဲ့ရပါတယ်။ ဒါမေပဲ့ Brunswick ကတော့ ၁၉၇၀ ခုနှစ်ကျော်ကျော်လောက်တုန်းက ပိတ်သွားခဲ့ပါပြီ။ အဲဒီလိုပိတ်လိုက်ခဲ့တာကြောင့်လည်း ၁၉၉၀ လောက်မှာ ပစ္စည်းတွေရှင်းလင်တုန်း အထဲကိုဖွင့်ကြည့်မရခဲ့တဲ့ မီးခံသေတ္တာကြီးထဲ တန်ဖိုးကြီးတစ်ခုခုများပါလေမလားဆိုတဲ့အတွေးနဲ့ အလုပ်ရှုပ်မခံချင်လို့ဆိုပြီး Brunswick ကနေပြီး ပြတိုက်ကိုလာလှူသွားခဲ့တာပါ။

ပြတိုက်ဝန်ထမ်းတွေနဲ့တစ်ကွ ပြတိုက်ကိုလာလေ့လာကြတဲ့ ဧည့်သည်တွေပါမကျန် မီးခံသေတ္တာကိုဖွင့်ဖို့ကြိုးစားခဲ့ပေမယ့် လုံးဝမအောင်မြင်ခဲ့ကြပါဘူး။ ဒါကြောင့် သံချေးတွေအလိမ်းလိမ်းတက်နေတဲ့ မီးခံသေတ္တာကြီးဟာ နှစ်ပေါင်း ၄၀ ကျော်ကြာသည့်တိုင်အောင် အရာမယွင်းရှိနေခဲ့တာပါ။

READ
သမီးကို အကြမ်းဖက်နှိပ်စက်သွားတဲ့ အမျိုးသားကို ကိုယ်တိုင်ဝရမ်းထုတ်ပြီး ဖမ်းဆီးခဲ့တဲ့ ဖခင်

တစ်ရက်မှာတော့ Stephen Mills ဆိုတဲ့အမျိုးသားဟာ မီးခံသေတ္တာကြီးရှိရာ Vermilion အမွှေအနှစ်ထိန်းသိမ်းရေးပြတိုက်ဆီကို အမျိုးသမီးရယ်၊ ကလေးတွေရယ်နဲ့ ဆွေမျိုးတချို့ကိုခေါ်ကာ လာလည်ခဲ့ပါတယ်။ နာမည်ကြီးနေတဲ့ မီးခံသေတ္တာကြီးနားလည်းရောက်ရော၊ Stephen Mills ဟာ သူ့ရဲ့ကလေးနှစ်ယောက်ကို ဟာသလုပ်ကားချင်တဲ့စိတ်နဲ့ ရုပ်ရှင်တွေထဲကလိုမျိုး အိုက်တင်ဟန်ပန်အပြည့်လုပ်ကာ မီးခံသေတ္တာရဲ့သော့ပတ်ကို စလှည့်ခဲ့ပါတယ်။

Posted by Stephen Mills on Thursday, June 6, 2019

မီးခံသေတ္တာရဲ့သော့ပတ်မှာပါတဲ့ ဂဏန်းတွေဟာ သုညကနေ ခြောက်ဆယ်အထိ ပါနေတာကို တွေ့ရတော့ Stephen Mill တစ်ယောက် ဘာရယ်မဟုတ်ဘဲနဲ့ နံပါတ် ၂၀ ကို ညာဖက်သို့ ၃ ကြိမ်၊ နံပါတ် ၄၀ ကို ဘယ်ဖက်သို့ ၂ ကြိမ် နဲ့ နံပါတ် ၆၀ ကို ညာဖက်သို့ ၁ ကြိမ်ဆီ လှည့်အပြီးမှာတော့ ချလောက်ဆိုတဲ့အသံနဲ့အတူ အံ့သြစွာနဲ့ပဲမီးခံသေတ္တာကြီးက ပွင့်သွားခဲ့ပါတယ်။ Stephen Mills တို့ မိသားစုတွေအပြင် ပြတိုက်ဝန်ထမ်းတွေလည်း တော်တော်လေးမင်သက်ခဲ့ကြရပြီး ပွင့်လာတဲ့မီးခံသေတ္တာကြီးရဲ့ အထဲကိုကြည့်လိုက်တဲ့အချိန်မှာတော့ စာရွက်တချို့နဲ့ ဖုန်တွေကိုသာတွေ့ခဲ့ရပါတယ်။

READ
ပါတီပွဲကျင်းပနေတဲ့လသာဆောင်ပြိုကျမှုလို့ ၄-ဦးသေ ၁၄-ဦးဒဏ်ရာရ

ပြတိုက်ဝန်ထမ်းတွေကတော့ မီးခံသေတ္တာကြီးကို နောက်ထပ် ဘယ်တော့မှသော့ပြန်မပိတ်အောင် လုပ်ခဲ့ကြပြီး အမွေအနှစ်တစ်ခုအနေနဲ့သာ ဆက်လက်ထိန်းသိမ်းထားခဲ့ကြပါတယ်။ ဒါပေမဲ့လည်း နှစ်ပေါင်း ၄၀ ကြာလူတိုင်းစိတ်ဝင်စားခဲ့ကြတဲ့ လျှို့ဝှက်ချက်ကြီးက စက္ကန့် ၃၀ လောက်တည်းနဲ့ပေါ်သွားပြီး ဘာမှမဟုတ်ပြန်တော့လည်း တစ်မျိုးလေးတော့ ခံစားချက်ငုတ်တာပေါ့နော်။

Penny

SHARE