ကျိန်စာသင့်လို့ဆိုပြီး ခိုးရာပါပစ္စည်းတွေကို ပွန်ပေဆီပြန်ပို့ခဲ့တဲ့အမျိုးသမီး

instagram/pompeii_parco_archeologico

ကနေဒါလူမျိုး အမျိုးသမီးတစ်ဦးဟာ ၂၀၀၅ခုနှစ်တုန်းက ပွန်ပေမြို့ဆီအလည်သွားရာမှ ကျောက်တုံးအချို့ကိုသယ်လာခဲ့ပါတယ်။ အခုအခါမှာတော့ ၄င်းကျောက်တုံးတွေဟာ သူမကို ကံဆိုးမိုးမှောင်ကျစေတယ်ဆိုပြီး ကျောက်တုံးတွေကိုပွန်ပေမြို့ဆီ ပြန်ပို့လိုက်တယ်လို့ CNN သတင်းအရ သိရပါတယ်။ အဆိုပါ အမျိုးသမီးကို နီကိုးလ်လို့ အမည်လွှဲပြောင်းထားပါတယ်။

နီကိုးလ်ဟာ လွန်ခဲ့တဲ့ ၁၅နှစ်တုန်းက ပွန်ပေကနေ အဖြူရောင်ကျောက်တုံးနှစ်တုံး၊ ပန်းအိုးကအပိုင်းအစ နှစ်ခု၊  ပွန်ပေရှေးဟောင်းသုတေသနဥယျာဉ်နံရံက ကျောက်အပိုင်းအစတစ်ခုကို ယူလာခဲ့တာ ဖြစ်ပါတယ်။ “ကျွန်မက ဝယ်လို့မရတဲ့ သမိုင်းပစ္စည်းအပိုင်းအစကိုလိုချင်ခဲ့တာပါ” လို့ကျောက်တုံးတွေနဲ့အတူ စာတစ်စောင်ကိုပါ ရေးသားပေးပို့ခဲ့တာပါ။ သူမဟာ အဲ့ဒီအချိန်တုန်းက ငယ်ရွယ်ပြီးတုံးအခဲ့သူ ဖြစ်တယ်လို့လည်း ပြောပြပါတယ်။

View this post on Instagram

Pompei. Un'emozione senza fine. . . Pompeii. Endless emotion. Ph. @ad_na84 📸

A post shared by Pompeii (@pompeii_parco_archeologico) on

ကနေဒါကိုပြန်ရောက်တော့ သူဟာ ကင်ဆာရောဂါရခဲ့ပြီး ရင်သားနှစ်ဖက်စလုံး ဖြတ်ပစ်ခဲ့ရပါတယ်။ ဒါ့အပြင် ငွေရေးကြေးရေးအခက်အခဲတွေလည်း အများကြီးခံစားခဲ့ရကြောင်း ပြောပြပါသေးတယ်။ “ကျွန်မတို့ဘဝကိုရှေ့ဆက်ဖို့တောင် မမြင်ရတော့ပါဘူး။ ကျွန်မက မကောင်းတဲ့စွမ်းအင်တွေကိန်းအောင်းနေတဲ့ သမိုင်းအပိုင်းအစတစ်ခုကိုယူလာခဲ့တာ။ လူတွေက အဲ့ဒီမှာ အသေဆိုးနဲ့သေခဲ့ကြတယ်။ အလားတူပျက်စီးမှုမျိုးနဲ့ဆက်စပ်နေတဲ့ ကျောက်တုံးတွေမှ ကျွန်မသယ်လာမိတာ” လို့ နီကိုးလ်က ဆိုပါတယ်။

ပွန်ပေမြို့ဟာ အေဒီ၇၉မှာ ၄င်းမြို့ရဲ့အနီးက ဗီဆူဗီးယက်စ်မီးတောင်ပေါက်ကွဲတဲ့ဒဏ်ကို မြို့လုံးကျွတ် အပြင်းအထန်ခံစားခဲ့ရတာပါ။ ကျောက်ခဲပူတွေ၊ မီးတောင်ပြာတွေ၊ အဆိပ်ပြင်းဓာတ်ငွေ့တွေဟာ တစ်မြို့လုံးက ပြည်သူတွေအပေါ်ဖုံးလွှမ်းပစ်ခဲ့တာဖြစ်ပါတယ်။

 

View this post on Instagram

 

Il Parco Archeologico di Pompei partecipa anche quest’anno alle Giornate Europee del Patrimonio 2020 – indette sabato 26 e domenica 27 settembre 2020. Il tema delle Giornate Europee del Patrimonio del 2020 è “Imparare per la vita” e prende spunto da quello proposto dal Consiglio d’Europa “Heritage and Education – Learning for Life”, per richiamare i benefici che derivano dall’esperienza culturale e dalla trasmissione delle conoscenze nella moderna società. L’intento è quello di riflettere sul ruolo che la formazione ha avuto, e continua ad avere, nel passaggio di informazioni, conoscenze e competenze alle nuove generazioni, e sul valore che il sapere tradizionale può assumere in rapporto alle inedite sfide del presente e al crescente peso della moderna tecnologia. In questi video alcune funzionarie del parco archeologico di Pompei ci raccontano il loro lavoro. #gep2020 #imparareperlavita #EuropeanHeritageDays

A post shared by Pompeii (@pompeii_parco_archeologico) on

နီကိုးလ်ကတော့ ပွန်ပေဆီအလည်သွားရင်း သူမခိုးလာတဲ့ကျောက်တုံးတွေထဲက တစ်ခုကို သူငယ်ချင်းတစ်ယောက်ဆီတောင် ပေးခဲ့မိတယ်လို့လည်း ပြောပြပါတယ်။ ဒါပေမဲ့ ၄င်းသူငယ်ချင်းကတော့ သူမလိုမျိုး ပွန်ပေမြို့ဆီပြန်ပို့မယ် မပို့ဘူးဆိုတာတော့ မသိရပါဘူး။ “ကျွန်မတို့က လူကောင်းတွေပါ။ ဒီကျိန်စာဆိုးကို ကျွန်မမိသားစု၊ ကလေးတွေဆီ လက်ဆင့်မကမ်းချင်ဘူး။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျွန်မမဆင်မခြင်လုပ်ခဲ့တဲ့ အမှားအတွက်ခွင့်လွှတ်ပေးပါ။” လို့ သူမက ဆိုပါတယ်။ ပွန်ပေရှေးဟောင်းသုတေသနဥယျာဉ်ကတော့ နီကိုးလ်တင်မကဘဲ ပွန်ပေကိုအလည်လာရင်း ကျောက်အပိုင်းအစတွေကို ခိုးဝှက်ယူသွားတဲ့သူတွေဟာ အခုလိုပဲ ကံမကောင်းဘူးဆိုကာ တောင်းပန်စာရေးပြီး ခိုးရာပါပစ္စည်းတွေပြန်ပေးလေ့ရှိကြောင်းလည်း ဆိုထားပါတယ်။

READ
ထောင်မှထွက်ပြေးသွားတဲ့ ရာဇဝတ်သားကို 32 နှစ်အကြာမှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့

လင်းလင်း

SHARE