ဖိလစ်ပိုင်က ဆင်းရဲသားတွေကို ကူညီဖို့ တစ်ခေါက်ပြန်လာတဲ့ ဂျပန်စေတနာရှင်ကြီး

ဖိလစ်ပိုင်ကို အလည်တစ်ခေါက်ရောက်ခဲ့တဲ့ ဂျပန်ခရီးသွားကြီး Takashi Castillo ဟာ သူ့ရဲ့ အလည်အပတ် ခရီးစဉ်မှာ ဖိလစ်ပိုင်ဆင်းရဲသားတွေရဲ့ နေမှုထိုင်မှု စားမှုသောက်မှုတွေကို အနီးကပ်လေ့လာခွင့် ရခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ ဒေသတွင်း နိုင်ငံတွေထဲမှာ ဆင်းရဲတဲ့နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။

လမ်းပေါ်မှာအိပ်၊ လမ်းပေါ်မှာနေ၊ လမ်းသွားလမ်းလာတွေဆီက ပေးစာကမ်းစာကို မျှော်လင့်နေရတဲ့ လူသားတွေကို မြို့ကြီး/မြို့လေးမရွေး တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ သူတို့တစ်တွေရဲ့ တောင်းရမ်းမှုကို  ရှောင်ကွင်း သွားကြလေ့ရှိပြီး အစားအစာရဖို့ဆိုတာ အတော်လေး မျှော်လင့်ချက် နည်းပါးပါတယ်။

လူဆင်းရဲတို့ဆိုသည်မှာ သာမန်အကျင့်စာရိတ္တ ဘယ်လောက်ကောင်းကောင်း၊ ၀မ်းမ၀တော့တဲ့အခါ စားရဖို့သောက်ရဖို့အ
အတွက် ခိုးခြင်း၊ လုခြင်းတွေကိုပါ ကျူးလွန်ကြရပြီး၊ ရာဇ၀တ်မှုတွေကလည်း ကျဆင်းသွာတယ်လို့ မရှိခဲ့ပါဘူး။ ဖိလစ်ပိုင်
ဟာ အလွန်လှပတဲ့ရှုခင်းတွေ၊ ရှေးဟောင်းသမိုင်းဝင်နေရာတွေကြောင့် ခရီးသွားတိုင်းကို နောက်တစ်ခါ ပြန်လာလိုစိတ် ဖြစ်စေပါတယ်။

ဒါပေမယ့် Takashi ကတော့ ဖိလစ်ပိုင်ကို နောက်တစ်ကြိမ်ပြန်လာခြင်းဟာ အလည်အပတ်အတွက် မဟုတ်ပဲ၊ ဆင်းရဲသား  ကျောမွဲတွေကို ကူညီဖို့သက်သက် ဖြစ်ပါတယ်။ သူဟာ သူ့မှာပါတဲ့ ငွေတွေကို တက်နိုင်သလောက် အသုံးပြုပြီး စီဘူးမြို့ က အိမ်ခြေယာမဲ့တွေ၊ လမ်းမပေါ်က ခြေသလုံးအိမ်တိုင်သမားတွေအတွက် နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

READ
ပါးစပ်မှလည်ပင်းအထိ သံချောင်းကြီးဖောက်ဝင်သွားပေမယ့် အသက်မသေတဲ့သူ

သူရဲ့ Facebook မှာ “ကျနော်ကတော့ သူတို့ကို အလွန်သနားမိတယ် .. ဘာပဲဖြစ်ဖြစ် တက်နိုင်သလောက် ကူညီချင်ပါ တယ် .. အိမ်ခြေယာမယ့်တွေကို အကူအညီပေးလိုပြီး ဖိလစ်ပိုင်တွေကို တက်နိုင်သလောက် ပြောင်းလဲပေးချင်တယ် … အစာစားခြင်းဆိုတာ အလုပ်လုပ်တတ်သူတွေအတွက် အထူးအခွင့်ရေးပါဘဲ .. ” လို့ ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး ” ကျနော်ကတော့ သူတို့ကို ကူညီရတာ ၀မ်းသာတယ် … ပုံမှန်မစားနိုင်သူတွေအကြောင်း စဉ်းစာလေ … သင် စားနေတဲ့ အစားအစာဟာ ကျေးဇူးတင်စရာ ကောင်းလေပါဘဲ စားဖို့အတွက် အသက်ရှင်တာ မဟုတ်ဘဲ .. အသက်ရှင်ဖို့အတွက် စားသောက်ပြီး အကျိုးရှိရာတွေကို လုပ်ကြရအောင် “လို့ ရေးသားခဲ့ပါတယ်။

READ
ISIS ဆီပူးပေါင်းဖို့သွားခဲ့တဲ့ဂျာမန်ဆယ်ကျော်သက် သေဒဏ်ကျခံရနိုင်ခြေရှိ

လင်းဇော်ကို (Shwemom)

source : viral4real.com

SHARE