ခရီးသွားတွေ ရိုက်ကူးရင်းနဲ့ တလွဲဖြစ်ခဲ့ရတဲ့ ဓာတ်ပုံများ

သူများတွေ ခရီးသွားရင်း ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ကြည့်ရတာဟာ ပုံမှန်အားဖြင့်တော့ အလွန်ပျင်းစရာကောင်းတဲ့အလုပ်တစ်ခုပါပဲ။ ဒါပေမယ့် ဒီကံမကောင်းတဲ့ခရီးသွားတွေရဲ့ တလွဲဖြစ်သွားကြတဲ့ လျှပ်တပြက်ရိုက်ချက်တွေကတော့ ရယ်မောဖွယ် ပုံရိပ်လေးတွေ ဖြစ်နေပါတယ်။ လက်ချောင်းနဲ့ အုပ်သွားတဲ့ ရိုက်ချက်ကနေ ခေါင်းတွေမပါလာတဲ့ အုပ်စုလိုက် ဓာတ်ပုံတွေကိုအထိ ကြည့်လိုက်မယ်ဆိုရင် ဓာတ်ပုံရိုက်ခဲ့တဲ့လူဟာ ကင်မရာမမြင်ဖူးဘူးထင်ရလောက်အောင်ပါပဲ။

Instagram လိုမျိုး ဓာတ်ပုံဆိုရှယ်မီဒီယာခေတ်စားတဲ့ အချိန်မှာ လူတော်တော်များများရဲ့ ခရီးသွားဓာတ်ပုံတွေကို ကြည့်လိုက်ရင် တကယ်ကို အလန်းတွေပါ။ ဒီခေတ်ကြီးထဲမှာ ဓာတ်ပုံပိုလှဖို့ အလင်းအမှောင်တောင် ချိန်ပြီး ရိုက်ကြပါတယ်။ ဒါကြောင့်ပဲ ဒီလူတွေ တလွဲဖြစ်အောင် ရိုက်ခဲ့ကြတာတွေဟာ ပိုရယ်စရာကောင်းနေပါတော့တယ်။ ဓာတ်ပုံတစ်ပုံချင်းစီမှာလည်း စာလေးတွေ ညွှန်းပေးထားသေးတယ်နော်။

ပုံထဲက ကလေးလေးဟာ သူ့အစား သစ်ကုလားအုတ်ပဲ ပါလာမယ်လို့ ထင်ခဲ့မှာမဟုတ်ပါဘူး။

 

ထိပ်ဆုံးကို တက်ပြီးရိုက်ခဲ့တာတောင် မျက်နှာမပါလာဘူးဆိုရင် သွားခဲ့တာ ကိုယ်ဟုတ် မဟုတ်တောင် ဇဝေဇဝဖြစ်စရာပါပဲ။

READ
ကျော်ကြားသူတို့ရဲ့ မတော်ရာကိုငေးကြည့်မိသည့်အခိုက်အတန့်များ

 

သေချာကြည့်လေ ထူးဆန်းလေပဲနော်။

 

မျက်နှာမပါအောင်တောင် ရိုက်ရအောင် အနောက်က ရှုခင်းက သိပ်လှနေလို့လား။

 

ဒီပုံထဲမှာ ပြုံးနေတဲ့ တစ်ဦးတည်းသောလူဟာ အလယ်ကတစ်ယောက်ဖြစ်နေနိုင်ပါတယ်။

 

အရပ်ရှည်တာကောင်းပေမယ့် တစ်ခါတစ်လေတော့လည်း မကောင်းပါဘူး။

 

ဒီပုံကို ရိုက်ပေးတဲ့လူဟာ မကြာခင်မှာ အဲဒီ့ကျောက်ဆောင်တွေနဲ့ ခေါင်းအဆွဲဆောင့်ခံရတော့မယ်ထင်ပါတယ်။

 

ကိုင်ထားတာ ကွက်တိပဲနော်.. ကြိုးစားအားထုတ်မှုအတွက် (၁)မှတ်ပေးပါတယ်။

White (Shwemom)

Source: The Sun

SHARE