UAE က Abbco Tower မီးလောင်မှုကြောင့် လူ(၁၂)ဦးလောက် ဒဏ်ရာရ

Image:twitter/@vickykapur

UAE က Abbco Tower မှာတော့ မေလ (၅)ရက်နေ့ ဒေသစံ တော်ချိန် ည (၉)နာရီ (17:00 GMT) မှာ မီး လော င်မှု ဖြစ်ပွားခဲ့ပါတယ်။Sharjah မြို့က Abbco Tower ကို မီး တောက် ကြီး တွေက ၀ါးမျို ခဲ့တဲ့ ပြင်းပြင်းထန်ထန် လောင် ကျွမ်း နေတဲ့ ဗီဒီယိုဖိုင် တွေ ကတော့ တွစ်တာ စာမျက်နှာ ပေါ်မှာ တက်လာခဲ့ပါတယ်။190-meter (623 ပေ) ရှိတဲ့ အဲ့ ဒီ တာဝါ ကတော့ Sharjah မြို့မှာရှိတဲ့ အမြင့်ဆုံး အ ဆောက်အအုံ တွေထဲက တစ်ခုပါ။ဒီသ တင်း ကိုတော့ BBC နဲ့ ABC တို့ မှာ ဖော်ပြထားတာပါ။

မီးလောင်မှု ကြောင့်လူ (၇)ဦး ထက် မနည်း ထိခိုက်ဒဏ်ရာရခဲ့ ကာ၊အသေးစားဒဏ်ရာရာမှုသာ ဖြစ်ပြီး စိုးရိမ် စရာ တော့မရှိပါဘူးလို့ အစိုးရပိုင် Sharjah Media Office ရဲ့ တွစ်တာစာမျက်နှာ ပေါ်မှာ ဖော်ပြထားပါတယ်။BBC မှာ တော့ မီးလောင်မှု ကြောင့် လ (၁၂)ဦး ဒဏ်ရာရခဲ့ ကြောင်းနဲ့ လမ်းတွေထဲမှာ အထိ အမှိုက် စ တွေ လွှင့် စင် ခဲ့ တယ်လို့ ဆိုပါတယ်။Abbco Tower ထဲမှာ နေတဲ့ အငှားနေထိုင်သူတွေ ကို ဘေးကင်းရာ သို့ ပြောင်း ရွှေ့ ပေး  ခဲ့ ရပါတယ်။ဒေသံစံ တော်ချိန် ည (၉)နာရီလောက်က စ လောင်တဲ့ မီးကို (၃)နာရီ လောက် အတွင်းမှာပဲ မီးသတ် သမား တွေ က အောင်မြင်စွာ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

ဒဏ်ရာရသူတွေ ကိုတော့ ဆေးရုံကို တင်ပို့ ပေးထားပါတယ်။တာဝါရဲ့ (၁၅)လွှာမှာ နေတဲ့ ဆီးရီးယား နိုင်ငံသား တစ်ဦး ကတော့ မီးသတ် Alarm သံ ကို ကြားလိုက်ပေမယ့် အစ ပိုင်းမှာ တော့ မီးသတ်အစမ်း လေ့ကျင့်တာ လို့ ထင် ခဲ့  ကြောင်း၊နောက်ပိုင်း ကြောက်လန့် အော်ဟစ်သံ တွေ ကြားလို့ အပြင် ထွက် ကြည့်မှ မီးလောင်ကျွမ်း နေတယ် ဆိုတာကို တွေ့ ခဲ့ပြီး အ ရေး ပေါ် ထွက်ပေါက် ကနေ ဆင်းလာခဲ့ ရတယ်လို့ မီးလောင်မှု နဲ့ ပတ်သက်တဲ့ သူ့ရဲ့ အ တွေ့ အကြုံ တွေကို ပြောပြခဲ့ပါတယ်။တာဝါမှာ နေထိုင်ကြတဲ့ သူတွေကိုတော့ မီးလောင်ကျွမ်းမှု ဆိုးဆိုးရွားရွား မဖြစ် ခင် တည်းက ဘေးကင်းရာကို အချိန် မီ ရွှေ့ ပြောင်း ပေးနိုင်ခဲ့တယ်လို့ Sharjah မြို့က အာဏာပိုင်တစ်ဦး က ပြောခဲ့ပါတယ်။မီး လောင်ကျွမ်းမှု ဖြစ်ပွားရတဲ့ အ ကြောင်းအရင်းကိုတော့ ခုထိ မ သိရ သေးပါဘူး။

SHARE