ဘ၀ကို ရုန်းကန်ရှင်သန်ရင်း ဆိုရှယ်မီဒီယာ Star ဖြစ်လာတဲ့ Noa Toledo

Image:tik tok/Noa Toledo

ဒီနေ့ ခေတ်မှာ ဆိုရှယ်မီဒီယာ Star တွေ အများကြီးပါ။Facebook၊ Instagram ၊Tik Tik ဆိုပြီး ဆိုရှယ်မီ ဒီယာတွေ အများကြီး ရှိတဲ့ အတွက် အဲ့ဒါ တွေကို အသုံးချ ပြီး နာမည်ကြီး လာတဲ့ သူတွေ အများကြီးပါ တယ်။အဲ့ဒီအထဲ မှာ Noa Toledo လည်း တစ်ယောက် အပါအ၀င်ပါ။ သူမရဲ့ အ ကြောင်းကိုတော့ Nypost မှာ ဖော်ပြ ထားတာပါ။

Image:tik tok/Noa Toledo
Image:tik tok/Noa Toledo

သူမက တော့ အထပ် မြင့်အ ဆောက်အအုံတွေမှာ ပြူ တင်း ပေါက် တွေ၊မှန် တွေ ဆေး တဲ့ အလုပ်ကို လုပ်တာပါ။အစ္စ ရေးပါ။ပုံမှန် အားဖြင့် တော့ ဒီလို အန္တရယ်များတဲ့ အလုပ်တွေကို အမျိုးသား တွေ ကပဲ လုပ် ကြတာပါ။ Noa Toledo က တော့ ပုံမှန် အားဖြင့် အမျိုးသားတွေ အလုပ်လို့ သတ်မှတ် ထားတဲ့  အလုပ် မျိုးတွေ ကို လုပ် ကိုင် နေတဲ့ ဘ၀ တူ  အမျိုးသမီးတွေကို အားပေးချင် တဲ့ ရည် ရွယ်ချက် မျိုး သူမမှာ ရှိတယ်လို့ ပြောခဲ့ပါတယ်။

@noatoledo1##coronavirus♬ Cannibal by Kesha – rapidsongs

Image:tik tok/Noa Toledo

Noa Toledo ရဲ့ အသက်က တော့ (၂၂)နှစ်ပါ။သူမက တော့ Tik Tok မှာ ဆိုရင် အရမ်း နာမည်ကြီး ပါတယ်။ Follower (6) သောင်းနဲ့ Like တစ်သန်း ကျော် လောက် ရှိပါတယ်။တစ်နေ့တာ သူမရဲ့ အလုပ်တွေကို လည်း လုပ်ရင် Tik Tok လည်း ဆော့ရင်းနဲ့ ဘ၀ ကို ဖြတ်သန်း နေပါတယ်။မိန်း က လေး တစ်ယောက် ပြူတင်း ပေါက် မှန် ဆေး အလုပ်လုပ်တာနဲ့ ပတ်သက်ပြီး..

READ
သခင်မရဲ့ ဗိုက်ထဲက ကလေးကို မမွေးခင်ကတည်းက သံယောဇဉ်ကြီးနေခဲ့တဲ့ ကြောင်မလေး
Image:tik tok/Noa Toledo
Image:tik tok/Noa Toledo

..” လူတွေ က ပြူ တင်းပေါက် နားမှာ ကျမ ကို မြင် ရင် အံ့အား သွားကြတယ်။ဒီလို မျိုး ပြူ တင်း ပေါက် နားမှာ မိန်းမ တစ်ယောက်ကို တွေ့တယ်ဆိုတာ ပုံမှန် ကိစ္စ မဟုတ်ဖူး လေ။ အမျိုးသမီးတွေ အများကြီး ဒီအလုပ်ကို လုပ်တာ ကျမ မသိဘူး။ဒါပေမယ့် သူတို့ ကျမ ကို မြင်ရင် အမျိုးသမီးတွေ လည်း ဒါမျိုး လုပ်နိုင်ပါလား ဆိုပြီး နားလည် သွားကြလိမ့်မယ်…” လို့ ပြောခဲ့ပါတယ်။

@noatoledo1(הנשיקה הראשונה שלי לא הייתה ככה..)♬ My First Kiss – 3Oh3 feat. Kesha

#SHWEMOM

SHARE