အသားအရေပျက်စီးခြင်းမှ ရှောင်ရှားဖို့ သင်သတိထားသင့်တဲ့အရာတစ်ခု

ယနေ့ခေတ် မြို့ပြလူနေမှုပုံစံဟာ ယခင်ခေတ်များကနဲ့ လုံးဝကွာခြားသွားတာကို နေ့စဉ်တိုးဝင်သွားလာ ရှုရှိုက်နေရတဲ့
လေထုရဲ့ ညစ်ညမ်းလာမှုကို ထိတွေ့ခံစားရင်းနဲ့ပင် သိရှိနိုင်ပါတယ်။ သာယာစည်ပင် ၀ပျောတဲ့ မြို့ပြအင်္ဂါရပ်များနဲ့အညီ
တိုးတက်များပြားလာတဲ့ လူဦးရေ၊ ကားကြီးကားငယ်ကားလတ် အစရှိတဲ့ အမျိုးအစား စုံလင်လှတဲ့ကားများ၊ မြို့ပြ
လူနေမှု စရိုက်အရ သုံးစွဲရတဲ့ အသုံးအဆောင်များ အစရှိတာတွေနဲ့ ဖွံ့ဖြိုးစည်ပင်လာသလို တစ်ဘက်မှာလည်း
ရန်ကုန်မြို့ကြီးရဲ့ လေထုဟာ တဖြည်းဖြည်းနဲ့ အဆိပ်သင့်လာနေပါတယ်။ ဒါကြောင့် မြို့ပြလေထုညစ်ညမ်းမှုအကြောင်း
ကို အနည်းငယ် ဖော်ပြပေးလိုပါတယ်။

လေထုညစ်ညမ်းမှုဆိုတာ ဘာလဲ

အိမ်တွင်း၊အိမ်ပြင်မရွေး လေထုထဲမှာ ညစ်ညမ်းတဲ့ ပစ္စည်းတွေ ပါဝင်နေခြင်းကို လေထုညစ်ညမ်းမှုလို့ သတ်မှတ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝဗေဒဆိုင်ရာနဲ့ ဓာတုဗေဒဆိုင်ရာအစရှိတဲ့ အန္တရာယ်ရှိတဲ့ အခိုးအငွေ့၊ ဖုန်မှုန့်၊ မီးခိုးငွေ့များ လေထုထဲ
မှာ ရောပြွန်းနေခြင်းကိုလည်း လေထုညစ်ညမ်းမှုလို့ ခေါ်ဆိုပြီး မြင်နိုင်တဲ့ ညစ်ညမ်းမှုနဲ့ မမြင်နိုင်တဲ့ ညစ်ညမ်းမှုဆိုပြီး
နှစ်ပိုင်းကွဲပါတယ်။ လေထုထဲက အညစ်အကြေးတွေမှာလည်း နှစ်မျိုးနှစ်စား ရှိပါတယ်။ ဥပမာအားဖြင့် စက်ရုံတွေ၊
ကုန်ထုတ်လုပ်ငန်းတွေက ထုတ်လွှတ်လိုက်တဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်လို့ခေါ်တဲ့ ညစ်ညမ်းဓာတ်ငွေ့ အမျိုးအစားဟာ မူလညစ်ညမ်းမှုဖြစ်ပြီး ၄င်းကတစ်ဆင့် ထပ်မံဖြစ်ပေါ်လာတဲ့ အဆိပ်သင့် အခိုးအငွေ့ များကိုတော့ ဆင့်ကဲညစ်ညမ်းမှု
ဆိုပြီး သိရှိနားလည်နိုင်ပါတယ်။

လေထုညစ်ညမ်းမှု ဖြစ်ရတဲ့အကြောင်းရင်းများစွာ ရှိပါတယ်။ အဓိကအားဖြင့် စက်ရုံများ၊ ကုန်ထုတ်လုပ်ငန်းများနဲ့
ယာဉ်များ မှာ အသုံးပြုတဲ့ လောင်စာဆီများ လောင်ကျွမ်းရာက ထွက်ပေါ်လာတဲ့ အဆိပ်သင့်ဓာတ်ငွေ့များနဲ့ အခိုး
အငွေ့များကြောင့် လေထုညစ်ညမ်းရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးလုပ်ငန်းများမှာ အများဆုံးအသုံးပြုတဲ့
အမိုးနီးယားဓာတ်ငွေ့ဟာ လည်း လေထုထဲက အန္တရာယ်ရှိတဲ့ အဆိပ်သင့်အခိုးအငွေ့အဖြစ် တည်ရှိနေပါတယ်။
ပြင်ပ လေထုညစ်ညမ်းမှုသာမက အိမ်သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ product တွေနဲ့ အိမ်သုတ်ဆေးတွေက
ထွက်ရှိတဲ့ အဆိပ်သင့်အငွေ့တွေဟာ လည်း အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်ပါသေးတယ်။

READ
ရည်မှန်းချက်ကြီးတဲ့ လူငယ်တွေ ဖတ်သင့်သောစာ

လေထုညစ်ညမ်းမှုနဲ့ သင့်အသားအရေအန္တရာယ်

လေထုညစ်ညမ်းမှုဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဆိုးကျိုးများစွာ ပေးနိုင်သလိုပဲ သင့်အသားအရေကိုလည်း ကြီးကြီးမား မား အန္တရာယ်ပေးနိုင်ပါတယ်။ သင့်အသားအရေဟာ အခြားသော ကိုယ်ခန္ဓ္ဓာအစိတ်အပိုင်းတွေလိုပဲ အစိတ်အပိုင်းတစ်ခု
ဖြစ်ပြီး အကြီးမားဆုံးနဲ့ အမြင်သာဆုံး ဖြစ်တာကြောင့် ယခုလို ကြောက်စရာကောင်းပြီး အန္တရာယ်ရှိ၊ ညစ်ညမ်းနေတဲ့
လေထုထဲမှာ နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့အခါ အများဆုံး ထိခိုက်ပျက်စီးခံရနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
လေထုညစ်ညမ်းမှုကြောင့် အသားအရေ ပျက်စီးလာတာကို သတိပြုနိုင်မယ့် လက္ခဏာတွေကတော့ ချွေးပေါက်အတွင်း ပိုင်းမှာ အဆိပ်အတောက်များ ပိတ်ဆို့နေခြင်းကြောင့် အသားအရောင် မညီမညာဖြစ်ပြီး မွဲခြောက်ကြမ်းတမ်းကာ
ညိုညစ်ညစ် အသားအရောင် ဖြစ်နေခြင်းပါပဲ။ တောက်ပမှု ကင်းမဲ့ပြီး မွဲခြောက်နေတဲ့အတွက် တစ်ခါတစ်ရံမှာ
ယားယံပြီး အနီကွက်များ ဖြစ်လာတတ်ပါတယ်။

READ
သင့်ကလေးကို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းစေဖို့ ပြုလုပ်ရမယ့်အရာများ

လေထုညစ်ညမ်းမှုဟာ ရှောင်လွဲလို့မရတဲ့ အရာတစ်ခုဖြစ်ပြီး မည်သူမဆို အနည်းနဲ့အများ ထိတွေ့ခံစားကြရမှာ ဖြစ်ပါ တယ်။ ရန်ကုန်လို မြို့ကြီးပြကြီးမှာ နေထိုင်တဲ့ အမျိုးသမီးလေးတွေအတွက်ကတော့ မွဲခြောက်ကြမ်းတမ်းပြီး အသား
အရောင် ညိုညစ်နေခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှု ကျဆင်းခြင်းရဲ့ အကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပါတယ်။
ဒါကြောင့် မှန်ကန်တဲ့ အသားအရေ ထိန်းသိမ်းနည်းတွေကို အသုံးပြုရုံမျှမက အမှန်တကယ် ထိရောက်အစွမ်းထက်
တဲ့ မျက်နှာသစ် ဆပ်ပြာနဲ့ အသားအရေအတွင်းပိုင်းထိ နေ့စဉ်ပုံမှန် ဆေးကြောသန့်စင်ပေးဖို့ လိုအပ်ပါတယ်။
လေထုညစ်ညမ်းမှုကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုအဖြစ် ပျိုမေတို့ကို လက်တို့ပေးချင်တာက
တော့ Pond’s Pure White မျက်နှာ သစ်လေးပဲ ဖြစ်ပါတယ်။ Pond’s Pure White မျက်နှာသစ်လေးမှာ
အစွမ်းထက်ကာဗွန် ပါဝင်တဲ့အတွက် ချွေးပေါက် အတွင်းပိုင်းမှာ ၀င်ရောက်ခိုအောင်းနေနိုင်တဲ့ ညစ်ညမ်းတဲ့
လေထုထဲက အဆိပ်အတောက်များအားလုံးကို အကုန်အစင် ဖယ်ရှားသန့်စင်ပေးနိုင်ပြီး ဖြူစင်ဝင်းပကြည်လင်တဲ့
အသားအရေအလှကို ပေးစွမ်းနိုင်ပါတယ်။ Pond’s Pure White မျက်နှာသစ်ကို ရွေးချယ်ခြင်းအားဖြင့် မြို့ပြရဲ့
ညစ်ညမ်းတဲ့ လေထုကို ယုံကြည်မှုရှိရှိ ရဲဝံ့စွာ ရင်ဆိုင်နိုင်ပြီး လှပဖြူစင်တဲ့ အသားအရေကို ရရှိပိုင်ဆိုင်နိုင်ပါလိမ့်
မယ်။

Sponsored by Pond’s

SHARE