သင့်ဘေးမှာရှိနေတဲ့ သူငယ်ချင်းဟာ မိတ်ဆွေစစ်လား၊ နောက်ကျောဓားနဲ့ထိုးမယ့်သူလား

Unsplash- @ninovisalli

လောကမှာနေလာရင်း ကြုံတွေ့ရမယ့် လူတွေဟာလည်း ပေါင်းစုံပါပဲ။ တချို့တွေက အချိန်ခဏလေးကြုံခဲ့တာတောင် ကိုယ့်အပေါ်ကို ကောင်းပေးတဲ့လူတွေရှိသလိုပဲ ကိုယ့်ဘေးမှာအချိန်အကြာကြီးရှိနေတာတောင် အမြဲတမ်း ကိုယ့်အတွေက် အဆိပ်မတောက်ဖြစ်စေတဲ့ လူတွေလည်းရှိနေပါတယ်။

ဒီတော့ ကိုယ့်ဘေးရှိနေတဲ့လူတွေထဲမှာ ဘယ်သူက မိတ်ဆွေစစ်လဲ ဘယ်သူက မိတ်ဆွေတုလဲဆိုတာ ဒီအချက် (၄) ချက်တည်းနဲ့ စမ်းစစ်လို့ရနိုင်ပါတယ်။

(၁) အနွံတာခံခြင်း

သူငယ်ချင်းအပေါ်ကို အမြဲတမ်းအလျှော့ပေးပြီး အနွံတာခံတာမျိုးမဟုတ်ဘဲ တစ်ယောက်တစ်လှည့်ဆီအနွံတာခံနေတတ်တဲ့ ပတ်သတ်မှုမျိုးဆိုရင် သူဟာ သူငယ်ချင်းအစစ်ပါ။

Unsplash- Daria Shevtsova

(၂) ကိုယ်နဲ့ပတ်သက်တဲ့မှတ်ချက်

သူငယ်ချင်းအစစ်ဆိုတာ ကိုယ်နဲ့ပတ်သက်ပြီး မကောင်းပြောတာမျိုး၊ ကိုယ့်အားနည်းချက်တွေကို ကောင်းစေချင်တဲ့စိတ်မျိုးနဲ့မဟုတ်ဘဲ ကောင်းချင်သယောင်ယောင်ပုံစံမျိုး ဟန်ဆောင်ကာ တမင်ကို မကောင်းတဲ့မှတ်ချက်တွေပေးပြီး သိမ်ငယ်အောင်လုပ်နေတာမျိုးကတော့ နောက်ကျော်ဓားနဲ့ထိုးမယ့် သူငယ်ချင်းတွေပါပဲ။

Unsplash- @felixrstg

(၃) နစ်နာစေမယ်ကိစ္စတွေ

ကိုယ့်ကို တကယ်သံယောဇဉ်ရှိတယ်ဆိုတာ ကိုယ်နဲ့ပတ်သက်ရင် အမြဲတမ်းအကောင်းဆုံးတွေပဲ ဖြစ်စေချင်တဲ့သူမျိုးတွေပါပဲ။ တိုးတက်တဲ့ကိစ္စတိုင်းကို ချီးကျူးမယ်၊ ပီတိဖြစ်မယ်၊ တတ်နိုင်တဲ့ဖက်က ကူညီမှုတွေပေးပါလိမ့်မယ်။ ဒီလိုကိစ္စတွေနဲ့ ပြောင်းပြန်ဖြစ်နေပြီဆိုရင်တော့ သတိထားသင့်နေပါပြီ။

READ
လက်ရှိမှာ အကောင်းဆုံးဆိုတဲ့ ဇိမ်ခံ ဖိနပ်ဘရန်းတွေအကြောင်း
Unsplash- @felixrstg

(၄) သကာရည်လောင်းတဲ့စကားများ

ဟန်ဆောင်တဲ့စကားလုံး ချိုချိုသာသာလေးတွေနဲ့အနောက်မှာ ဓားသွားတွေရှိနေတတ်ပါတယ်။ သူငယ်ချင်းအစစ်တွေဆိုရင် အမြဲတမ်း စိတ်ထဲကမပါဘဲ မှိုချိုးမြှစ်ချိုးတွေပြောတတ်တာ သိတယ်မဟုတ်လား။

Penny

 

SHARE