အချစ်ရေးကံမကောင်းခဲ့ပေမယ့် နောက်ဆုံးမှာအချစ်စစ်ကိုရှာတွေ့သွားခဲ့တဲ့အမျိုးသမီး

Sarah Grace/Facebook

Sarah Grace လို့အမည်ရတဲ့ အမျိုးသမီးဟာ အချစ်ရေးမှာ ကံမကောင်းခဲ့သူဖြစ်တာကြောင့် သူမအနေနဲ့ ချစ်ဖို့ကို အတော်လေး ကြောက်မိတယ်လို့ ဆိုပါတယ်။ သူမက “ ကျွန်မရဲ့ နောက်ကြောင်းက အကောင်းချည်းတော့ မဟုတ်ပါဘူး … အဆိပ်အတောက်တွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ် … မိသားစုဝင်တွေနဲ့ ဆက်ဆံရေး … အမျိုသားတွေနဲ့ အချစ်ရေးဟာ အတော်လေး ကံဆိုးခဲ့ပါတယ် ” လို့ ပြောပါတယ်။

သူမက ဆက်လက်ပြီး “ ကျွန်မက အာရှမိသားစုပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရသူဖြစ်ပြီး … ဘယ်တုန်းကမှ ပြီးပြည့်စုံတဲ့လူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မစဉ်းစားခဲ့မိပါဘူး … ကျွန်မဟာ တကယ့်ကို ပြဿနာရှာလွန်းသူတွေ၊ ဆက်ဆက်ထိမခံတဲ့ အမျိုးသားတွေနဲ့ပဲ Date ခဲ့ဖူးတာပါ … ”လို့ ပြောပါတယ်။

Sarah Grace/Facebook

Grace ဟာ နောက်တော့ အချစ်ကို စိတ်နာသွားပြီး၊ ချစ်ရမှာကို အလွန်ကြောက်ရွံ့နေခဲ့ပါတယ်။ သူမက အချစ်ကို မရှာဖွေတော့တဲ့အချိန်မှာ အချစ်က သူမကို လာပြီး ရှာပါတော့တယ်။ အဲဒီနောက် သူမဟာ အလုပ်မှာ Gurinder အမည်ရ အမျိုးသားနဲ့ တွေ့ခဲ့ရပါတယ်။

READ
သင့်ကောင်လေးက သင်မှသင် အသည်းစွဲဖြစ်နေစေရန် လုပ်ဆောင်ရမယ့် အချက် (၅)ချက်

Grace က “ Gurinder က ကျွန်မနဲ့ လုပ်ဖော်ကိုင်ဘက်ပါ … တစ်နှစ်လောက်အထိ သူနဲ့ အလုပ်လုပ်တာ ကြာခဲ့ပါပြီ … ကျွန်မ သတိထားမိတာက သူဟာဘယ်လိုအခြေအနေပဲဖြစ်ဖြစ် … ကြင်နာတတ်တယ်၊ နူးညံ့သိမ်မွေ့တယ် … ”လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီတုန်းက သူတို့ စကားအများကြီး မပြောဖူးပါဘူး။ ကုမ္ပဏီရဲ့ပွဲမှာ နှစ်ယောက်သား စတင်ရင်းနီးခဲ့ကြောင်း ဆိုပါတယ်။

Sarah Grace/Facebook

အဲဒီနောက်မှ Gurinder ဟာ မွန်ဂို-အိန္ဒိယကပြားတစ်ဦးဆိုတာ သိခဲ့ရတာပါ။ သူဟာ Flushing, Queens မှာ ကြီးပြင်းခဲ့သူမို့ ထိုင်ဝမ်တွေကို သဘောကျတယ်လို့ ဆိုပါတယ်။ အဲဒီနောက် နှစ်ယောက်သား ပိုပြီးရင်းနီးသွားခဲ့ရာ၊ ညလုံးပေါက် စကားပြောတာမျိုးတွေဘာတွေတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။

READ
အခင်ဆုံး သူငယ်ချင်းကို ချစ်သူတော်သင့်တဲ့ အချက်(၅)ချက်

ဒီလိုနဲ့ နှစ်ယောက်သား ချစ်သူဘဝ ရောက်ခဲ့ရပြီး၊ တစ်ရက်မှာ သူမရဲအခန်းကိုဝင်ဖို့ ချစ်သူ Gurinder နဲ့ အတူရောက်လာခဲ့စဉ်၊ သော့မေ့နေတဲ့အတွက် ညကြီးသန်းခေါင်မှာ အကျပ်ရိုက်ခဲ့ရကြောင်း၊ ဒါပမယ့် ချစ်သူ Gurinder က တစ်ခြားကောင်လေးတွေလို ဒေါသလုံးဝမထွက်ပဲ အလွန်အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြစ်ပြီး၊ သူမကို အားပေးခဲ့ကြောင်း၊ ဒီအချက်နဲ့တင် Gurinder ဟာ ဘယ်လိုလူလဲဆိုတာ မြင်သာစေတယ်လို့ သူမက ဆိုပါတယ်။

Sarah Grace/Facebook

ဘယ်လိုပဲဖြစ်ဖြစ် အဆိပ်အတောက်တွေ အများကြီးနဲ့ အချစ်ရေးဟာ ဘယ်လိုမှ ငြိမ်းချမ်းဖို့ မဖြစ်နိုင်ပါဘူး။ အချစ်ဆိုတာ တစ်ဖက်နဲ့တစ်ဖက် ဘက်မျှတူညီနေမှ၊ အတ္တတွေလည်း တူညီနေမှ၊ နားလည်ခွင့်လွှတ်မှုတွေလည်း တူညီနေမှသာ ငြိမ်းချမ်းတဲ့ ဘဝလမ်းခရီးကို အတူလျှောက်လှမ်းနိုင်မှာပါ။

နေသူရိန်

SHARE