တိုယိုတာကားနဲ့ မီးဘေးထဲ အသက်ပေါင်းများစွာကယ်ခဲ့တဲ့ အမျိုးသားအတွက် ဆုလာဘ်

ကယ်လီဖိုးနီးယားသမိုင်းမှာ ကြောက်စရာအကောင်းဆုံးနဲ့ ပျက်စီးမှုအများဆုံးဖြစ်တဲ့ ယခုနှစ် မီးဘေးအတွင်း ကယ်ဆယ်ရေးသူရဲကောင်းတွေဟာလည်း အလျိုလျိုပေါ်ပေါက်ခဲ့ပါတယ်။ ဒီလိုသူရဲကောင်းတွေထဲမှာ သူနာပြု အောလင်းဆိုသူ အမျိုးသားတစ်ဦးလည်း ပါဝင်ပါတယ်။ သူနာပြုအောလင်းဟာ မီးဘေးတွင်းမှာ အိမ်နဲ့တကွ ပစ္စည်းအားလုံးဆုံးရှုံးခဲ့ပါတယ်။ သူ့ရဲ့ တိုယိုကားထရပ်ကားဟာလည်း မီးလောင်နေတဲ့ အချိန်အတွင်း လူတွေကို လိုက်ကယ်ခဲ့ရတာကြောင့် ကားနေရာအတော်များများဟာ လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။

အောလင်းဟာ သူ့ထရပ်ကားနဲ့ ပတ်သက်လို့ သံယောဇဉ်အရမ်းရှိသူပါ။ မီးငြိမ်းပြီးတဲ့နောက် မည်းတူးနေတဲ့ သူ့ထရပ်ကားကို ဓာတ်ပုံရိုက် အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။ သူ့ရဲ့ တိုယိုတာထရပ်ကားဟာ သူ့အသက်နဲ့ တခြားလူတွေရဲ့ အသက်ကိုပါ ကယ်ဆယ်နိုင်ခဲ့ကြောင်း စာရေးသားတင်ခဲ့တာပါ။

jacknicas
jacknicas
jacknicas

သူ့ရေးသားထားတဲ့စာကို တိုယိုတာကုမ္ပဏီက မြင်သွားပြီးနောက် လူ့အသက်လိုက်ကယ်နေရင်း ပျက်စီးသွားတဲ့ ကားအတွက် စိုးရိမ်ပူပန်ဖို့ မလိုအပ်ကြောင်းနဲ့ သူတို့အနေနဲ့ အောလင်းကို ထရပ်ကားအသစ်တစ်စီး ပြန်ပေးမယ်လို့ ကုမ္ပဏီကတုံ့ပြန်ခဲ့ပါတယ်။ အောလင်းအတွက်တော့ ပြောပြစရာမလိုအောင် ၀မ်းသာရမှာ အသေအချာပါ။ တိုယိုတာ ကုမ္ပဏီအတွက်ကတော့ ကြော်ငြာဖို့တောင် တကူးတက အားစိုက်စရာမလိုပဲ ကယ်လီဖိုးနီးယားမီးဘေးထဲကနေ အမြတ်ထွက်သွားခဲ့တာပဲ ဖြစ်တာကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ ဖြစ်ရပ်လေးပဲ ဖြစ်ပါတယ်။

READ
မွေးစက (၁)ပေါင်တောင် မပြည့်ပေမယ့် အံ့သြစရာကောင်းလောက်အောင် ရှင်သန်ခဲ့သူလေး

ဒါကတော့ အောလင်းပါ၊ ကယ်လီဖိုးနီးယား ချီကိုမြို့က သူနာပြုတစ်ယောက်ပါ..

jacknicas

မီးသတ်သမားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ကြောင်းနဲ့ အတူ တိုယိုကာထရပ်ကားက သူ့ရဲ့ ကျေးဇူးရှင်ပါလို့ ဆိုထားတာပါ..

jacknicas
jacknicas
jacknicas

နယူးယောက်တိုင်းမ် သတင်းထောက် ဂျက်ခ်နစ်ကတ်စ်ကနေ အောလင်းအလုပ်လုပ်ရာ ပါရာဒိုက်စ်ဆေးရုံနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မီးဘေးထဲမှာ စွမ်းစွမ်းတမံ အလုပ်ကြိုးစားခဲ့ကြောင်း ရေးသားထားတာပါ…

jacknicas

ဒါကတော့ အရင် မီးဘေးမသင့်ခင် အောလင်းရဲ့ ထရပ်ကား ဖြစ်ပါတယ်.. 

jacknicas

လင်းလင်း (ShweMom)

Ref: Boredpanda

SHARE