လိုချင်တဲ့မိန်းမကို ရွေးချယ်ဝယ်ယူနိုင်တဲ့ ဘူလ်ဂေးရီးယားက သတို့သမီးအရောင်းပွဲတော်

Twitter / Mogg

ဒီရက်ပိုင်း ဆိုရှယ်မီဒီယာတွေပေါ်မှာ ခေတ်စားနေတဲ့ သတင်းတစ်ခုကတော့ ဘူလ်ဂေးရီးယားနိုင်ငံထဲက Romani မျိုးနွယ်စုတွေရဲ့ သတို့သမီးအရောင်းပွဲတော်အကြောင်းပါပဲ။ ဘူလ်ဂေးရီးယားနိုင်ငံထဲမှာတော့ ခါလစ်ဇီ မျိုးနွယ်စုတွေကို ဂျစ်ပစီ မျိုးနွယ်တွေလို့ သတ်မှတ်ထားကြတာပါ။

သူတို့ မျိုးနွယ်စုထဲမှာ လူဦးရေ (၁၈၀၀၀) လောက်ရှိပြီး သူတို့ကို လူသိများစေတဲ့ တစ်ခုတည်းသော အချက်ကတော့ သူတို့ရဲ့ သတို့သမီးအရောင်းပွဲတော်ကြောင့်ပါပဲ။

အရှေ့ဥရောပတစ်ဝိုက်မှာ လူသိများကြတဲ့ ခါလစ်ဇီ သတို့သမီးအရောင်းပွဲတော်မှာ အသက်အရွယ်မျိုးစုံနဲ့ သတို့သမီးတွေကို တွေ့ရမှာဖြစ်ပြီး သူတို့က သူတို့နဲ့သင့်တော်တဲ့ ခင်ပွန်းသည်ကို ရှာဖို့ အသင့်ရှိနေကြတာပါ။ တကယ်လို့သာ သင်က အဲဒီ ပွဲတော်ကိုရောက်ပြီး ချစ်စရာကောင်းတဲ့ သတို့သမီးတစ်ယောက် တွေ့ခဲ့မယ်ဆိုရင် အဲဒီအတွက် ပိုက်ဆံပေးရမှာပါ။

ပေးရမယ့်သူကတော့ သူ့ရဲ့မိသားစုကိုပေါ့။

READ
မှားယွင်းစွာအဖမ်းခံခဲ့ရတဲ့ သူတို့တွေရဲ့ ရင်နာစရာဘဝများအကြောင်း

သူတို့ရဲ့ ဈေးနှုန်းက ဒေါ်လာ (၂၉၀)လောက်ကနေ ဒေါ်လာ (၄၀၀၀)ကျော်လောက်အထိ အစားစား ရှိကြပြီး သူတို့ရဲ့ ပညာအရည်အချင်း၊ လှပမှု၊ စတဲ့ အချက်တွေက သူတို့ရဲ့တန်ဖိုးကို မြင့်မားစေပါတယ်။

ခါလစ်ဇီ မိန်းကလေးတွေအတွက်တော့ ဒီပွဲဟာ သူမတို့ရဲ့ ပထမဆုံးအပျိုစင်ဘ၀ကို ချရောင်းတဲ့ပွဲလည်းဖြစ်ပြီး တချို့ဆိုရင် အပျိုဖော်ဝင်ကာစ အချိန်မှာကတည်းက ကျောင်းကနေထုတ်ပြီး သတို့သမီးအဖြစ် ရောင်းချခြင်းခံကြရတာပါ။

ဒီဈေးကွက်က တကယ်ပဲ ကြောက်ဖို့ကောင်းလှပြီး မိဘတွေအနေနဲ့ သူတို့ရဲ့ သမီးဖြစ်သူကို ပိုက်ဆံအတွက် ချရောင်းရတာဟာ တကယ့်ကို ရင်နာဖို့ကောင်းတာပါ။

တကယ်လို့ သတို့သမီးကို လာဝယ်သူတစ်ယောက်က အသက်မပြည့်သေးတဲ့ လူငယ်လေးတစ်ယောက်ဆိုရင်တော့ သူတို့ရဲ့မိဘတွေကို ခေါ်ဆောင်လာဖို့လိုပြီး မိဘတွေရဲ့ သဘောတူညီမှုနဲ့ ၀ယ်ယူရမှာဖြစ်ပါတယ်။

ဒီပွဲတော်ကို တစ်နှစ်မှာ နှစ်ကြိမ်ကျင်းပတာဖြစ်ပြီး အင်တာနက်ကနေ ကြိုတင်ချိတ်ဆက်ထားတဲ့ ကောင်လေးတွေနဲ့ကောင်မလေးတွေကလည်း သူတို့မိဘတွေရဲ့ သဘောတူညီချက်နဲ့ အတူနေခွင့်ရရှိကြမှာပါ။

READ
အဖြေမှန်ကိုဖြေနိုင်တဲ့သူ နည်းနည်းပဲရှိတဲ့ဥာဏ်စမ်းတစ်ခု

ဘူလ်ဂေးရီးယားနိုင်ငံရဲ့ ကြေးနီလုပ်ငန်းတွေ ပြိုလဲရာက တစ်ဆင့် ခါလစ်ဇီမျိုးနွယ်တွေဟာ စီးပွားရေးကျပ်တည်း လာခဲ့ကြပြီး ဒီပွဲတော်ကြီးလည်း ပေါ်ထွက်လာခဲ့တာဖြစ်တယ်လို့ ရေးသားဖော်ပြမှုတွေလည်းရှိပါတယ်။

Linn

SHARE