မိုးသဲကြီးမဲကြီး ရွာတဲ့အချိန်မှာ ဘယ်သူမဆို အိမ်ထဲမှာပဲ အေးအေးလေးနေပြီး စောင်ခြုံကွေးချင်ကြမှာပါပဲ။ ဒါပေမယ့် အိန္ဒိယနိုင်ငံက ယာသ်ထိန်းရဲတစ်ယောက်ကတော့ အများသူငါလို မနေနိုင်ပါဘူး။ မိုးသည်းကြီးမည်းကြီးရွာနေတဲ့အချိန် ဖြစ်တာကြောင့် ရေတွေလျှံပြီး ကားလမ်းတွေပိတ်နေမှာ စိုးရိမ်တဲ့အတွက်ကြောင့် မိုးရေထဲမှာ ၄ နာရီကျော်ကြာအောင် တောက်လျှောက် မတ်တပ်ရပ်နေခဲ့ပြီး ယာဉ်ကြောမပိတ်အောင် လုပ်ပေးခဲ့ရှာပါတယ်။ ဒီသတင်းကို ကြားသိတဲ့ ရဲအရာရှိကြီးတစ်ယောက်ကတော့ ချက်ချင်းဆိုသလို အဆိုပါ ယာဉ်ထိန်းရဲကြီး တာဝန်ကျတဲ့နေရာကို သွားရောက်ခဲ့ပြီး လက်ဆောင်ပေးကာ အဆိုပါ ယာဉ်ထိန်းရဲကြီးကို ဂုဏ်ပြုခဲ့ကြောင်း ndtv သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ ယာဉ်ထိန်းရဲကတော့ အိန္ဒိယနိုင်ငံ၊ Tamil Nadu ပြည်နယ်ရှိ Muthuraj အမည်ရတဲ့ ယာဉ်ထိန်းရဲတစ်ဦးပဲ ဖြစ်ပါတယ်။ Muthuraj ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့(၁၆.၁၁.၂၀၂၀)က မိုးသည်းကြီးမည်းကြီး ရွာနေတဲ့အချိန်မှာ နားနားနေနေ မနေပဲနဲ့ သူတာဝန်ကျရာ VVD လမ်းဆုံမှာ သူ့ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါတယ်။ ၄ နာရီကြာတောက်လျှောက် အဆတ်မပြတ်ရွာသွန်းနေတဲ့ မိုးရေကြီးထဲမှာ မတ်တပ်ရပ်ပြီး ယာဉ်ကြောမပိတ်အောင် လမ်းပြဆောင်ရွက်ပေးခဲ့ပါတယ်။
Traffic Constable Muthuraj regulates traffic for 4 hours in pouring rain. Tuticorin SP Jeyakumar springs a surprise; drives to the spot and honours the constable with a gift. @ndtv@TUTICORINPOLICE pic.twitter.com/Sqa4uuRbve
— J Sam Daniel Stalin (@jsamdaniel) November 19, 2020
Muthuraj တစ်ယောက် ဒီလိုမျိုး မိုးရေကြီးထဲမှာ သူ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေတဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ အချိန်ခဏအတွင်း ပျံ့နှံ့သွားခဲ့ပြီး ဒီဗီဒီယိုကို တွေ့ရှိခဲ့တဲ့ ရဲအရာရှိ S Jeyakumar ဟာ နောက်ရက်မှာ Muthuraj တာဝန်ထမ်းဆောင်နေတဲ့ VVD လမ်းဆုံကို ရောက်ရှိလာပြီး လက်ဆောင်ပေးကာ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ “မိုးရွာနေတဲ့ အချိန်မှာ ဒီ VVD လမ်းဆု့းဟာ ကားအရမ်းပိတ်ပါတယ်။ သာမန်အချိန်မှာတောင် ကားပိတ်လေ့ရှိတဲ့ ဒီလမ်းဆု့အကြောင်းကို သိတဲ့အတွက် ကျွန်တော်ဟာ မိုးရွာနေတဲ့ တောက်လျှောက် ဒီလမ်းဆုံမှာ လမ်းပြပေးခဲ့တာပါ”လို့ Muthuraj က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw