ဆင်းရဲကြပ်တည်းမှုနဲ့အတူ HIV သံသရာထဲက နိုက်ဂျီးရီးယား လိင်အလုပ်သမများ

နိုင်ဂျီးရီးယားနိုင်ငံဟာ လိင်အလုပ်သမ အပေါများဆုံးနိုင်ငံဖြစ်ပြီး၊ 2014 ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အသက် 15 နှစ်မှ 49 နှစ်အတွင်း HIV ကူးစက်မှုနှုန်းဟာ 3.17% အထိ ရှိပြီး ကမ္ဘာပေါ်မှာ HIV ရောဂါသည် အများဆုံးနိုင်ငံတွေထဲမှာ တတိယ ရပ်တည်နေပါတယ်။ ကလေးငယ်ပေါင်း 1.8 သန်းဟာ ဖခင်မိခင် မဲ့နေကြပြီး၊ ၎င်းတို့မိဘတွေဟာ HIV/AIDS နဲ့ သေဆုံးသွားကြတာ ဖြစ်ပါတယ်။

အဓိကအားဖြင့်တော့ နိုင်ငံစီးပွားရေး ချွတ်ချုံကျမှုဟာ 1960 ခုနှစ်နောက်ပိုင်းမှာ အထူးသိသာလာခဲ့ပြီး၊ ဘီဘီစီမှာ ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်အရ နိုင်ငံလူဦးရေ 60.9% ဟာ ဆင်းရဲနွမ်းပါးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးအများစုဟာ အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လိင်လုပ်ငန်းကို ဒုတိယအလုပ်အဖြစ် နေ့စဉ်လုပ်ကိုင်နေရပါတယ်။

အကြောင်းကတော့ 2010 ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ၎င်းတို့ရရှိတဲ့ လုပ်ခလစာဟာ  1 ဒေါ်လာခန့်သာ ရှိတဲ့အတွက်၊ ဒီလို စီးပွားရေးမပြေလည်မှုတွေက လိင်အလုပ်သမလုပ်ငန်းကို ကြီးထွားစေခဲ့ပါတယ်။ နိုင်ဂျီးရီးယားမှာ လိင်လုပ်
ငန်းဟာ ဆန်းကြယ်တဲ့ လုပ်ငန်းတစ်ခု မဟုတ်တော့ဘဲ အလွန်ကို တွင်ကျယ်တဲ့လုပ်ငန်း ဖြစ်နေပါတယ်။

READ
ရေနဲ့ဓာတ်မတည့်တဲ့ရောဂါကြောင့် တစ်လမှာရေနှစ်ခါပဲချိုးရရှာတဲ့ကျောင်းသူလေး

ဒါ့အပြင် ကြီးမြင့်လှတဲ့ ကုန်ဈေးနှုန်းက အောက်ကို ကျဆင်းခြင်းမရှိဘဲ တက်ဖို့ရာသာရှိနေတဲ့အတွက် အခြေခံလက်
လုပ်လက်စားတွေဟာ ကြပ်တည်းရင်း ကြပ်တည်းလာခဲ့ကြပြီး၊ ဒီအချက်ကလည်း လိင်လုပ်ငန်းကို မိရိုးဖလာ ယဉ်ကျေးမှုတစ်ခုလို ပတ်ဝန်းကျင်တစ်ခုလုံးကို လက်ခံလာစေခဲ့ပါတယ်။ လိင်အလုပ်သမအဖြစ် အသက်အငယ်ဆုံးမှာ 14 နှစ်အရွယ် ကောင်မလေးများပင် ပါဝင်ကြပြီး၊ တစ်ခါပျော်ပါးဖို့အတွက် 2 ဒေါ်လာလောက်သာ ကုန်ကျပါတယ်။

နိုက်ဂျီးရီးယားမှာ HIV ရောဂါပိုးရှိသူဦးရေ တစ်ဟုန်ထိုး မြင့်တက်လာခြင်းရဲ့ အခြားအကြောင်းကတော့ အပျော်အပါးလိုက်စားသူတွေဟာ အကာအကွယ်ပစ္စည်းကို သုံးရကောင်းမှန်း မသိသလို၊ လိင်ဆက်ဆံဘက် များပြားလွန်းခြင်း ဖြစ်ပါတယ်။ ၎င်းနိုင်ငံမှာ လိင်မှုကိစ္စပြုမူလိုတဲ့ အမျိုးသားတွေဟာ လိင်အလုပ်သမလေးတွေ နေထိုင်ရာကို အခြေအနေသွားကြည့်တာမျိုးဟာ တစ်ခြားနိုင်ငံမှာတော့ ကုန်စုံဆိုင်တစ်ခုမှာ ဈေးဝယ်ရတာလောက် ဖြစ်နေတဲ့အထိပါဘဲ။

လိင်အလုပ်သမလေးတွေရဲ့ လုံခြုံရေးကလည်း စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး၊ တစ်ခါတလေ လာခေါ်တဲ့လူက တစ်ယောက်၊ ၀ိုင်းဝန်းပျော်ပါးတဲ့သူက အဖွဲ့လိုက်ကြီးဖြစ်နေတတ်သလို၊ မကြာခဏလည်း အဓမ္မကျင့်ခြင်း ခံနေရပါတယ်။ အဓမ္မကျင့်တယ်ဆိုတဲ့ ကိစ္စကလည်း နိုက်ဂျီးရီးယားမှာ သိပ်အဆန်းမဟုတ်တော့ပါဘူး။ ပိုပြီးထူးခြားတာက အဓမ္မကျင့်သူတွေထဲမှာ ရဲသားတွေပင် ပါဝင်တယ်လို့ ဆိုပါတယ်။

READ
မြင်းကန်ခံရလို့ ပေါင်တစ်ချောင်းလုံး ညိုမည်းပုပ်သွားခဲ့တဲ့အမျိုးသမီး

လိင်လုပ်ငန်းအတွက် သာမန်အားဖြင့် 2 ဒေါ်လာခန့်သာ ရရှိပြီး၊ ငယ်ရင် ငယ်သလောက်၊ လှရင်လှသလောက် ဈေးပိုရတဲ့ သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ တစ်ချို့ဆို သူဌေးသူကြွယ်တွေရဲ့ ကမ်းလှမ်းမှုကို ခံရပြီး၊ ပေါင် ရာနဲ့ချီရတာမျိုးလည်း ရှိကြပါတယ်။

ကမ္ဘာ့ HIV/AIDS လူနာအများဆုံးနိုင်ငံထဲမှာ နိုက်ဂျီးရီးယားဟာ အိန္ဒိယနဲ့ တောင်အာဖရိက ပြီးရင် တတိယနေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိအချိန်မှာ 3.5 သန်းသော လူဦးရေဟာ HIV ရောဂါသည်တွေ ဖြစ်ကြပြီး၊ 180000 ကျော်ဟာ HIV နဲ့ ဆက်စပ်ရောဂါတွေကြောင့် သေဆုံးခဲ့ပြီးပြီ ဖြစ်ပါတယ်။ လိင်အလုပ်သမတွေရဲ့ 25% ဟာ HIV ရောဂါပိုး ရှိနေသူတွေ ဖြစ်ပြီး၊ ဒီလို ကြောက်စရာအချက်အလက်တွေကြားမှာ နိုက်ဂျီးရီးယား လိင်အလုပ်သမလေးတွေဟာ ဘ၀ရပ်တည်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေကြရပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE